တကယ်တော့ မိုးနည်းတာမဟုတ်ပါဘူး ... မိုးကို မရွာတာ ... ခြောက်ခမ်းပြီး ကြွေကျကုန်တဲ့ စိတ်ဓါတ်တွေ ... တစ်ရွက်ပြီးတစ်ရွက် တစ်ရက်ပြီး တစ်ရက် ... ဒီနေရာ ဒီဒေသအတွက် ရင်းနှီးမြှုပ်နှံခဲ့ရတဲ့အရာတွေ ... ဘာတွေများ ပြန်ရခဲ့တာ ရှိလို့လဲ ... တစ်ခုပဲ သံယောဇာဉ်ဆိုတာရဲ့ တန်ဖိုးကို သိလာခဲ့တာရယ်၊ ဘဝ ဆိုတာကို အမျိုးစုံ မျက်ဝါးထင်ထင်မြင်ဖူး ကြုံဖူး ဆုံဖူး တာပါပဲ ... ဒါတွေကို ရဖို့ ပေးဆပ်လိုက်ရတဲ့ အင်အားတွေက ငွေ၊ အချိန်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ နွေးထွေးတဲ့မေတ္တာရိပ်တွေ ... အထီးကျန်တယ် ဆိုတာ ဘာရယ်လို့ မတွေးဘဲကို နေ့တိုင်းလိုလို ဖြတ်သန်းလာခဲ့တာ ... တစ်ရက်စီ တစ်နာရီစီတိုင်းမှာ တဖြည်းဖြည်းချင်း သက်ရှိလူက သေဆုံးနေပြီးတော့ စက်ရုပ်လို အရာတစ်ခု အစားဝင်လာနေပါတယ် ... ဒီလိုနဲ့ပဲ လောကကြီးမှာ ကြင်နာတတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတွေရှားပါးကုန်တယ်ထင်ရဲ့ ... ပါးပါးလှပ်လှပ်အပြုံးတွေအောက်က ထက်လှတဲ့ ဓါးသွားတွေ ကပ်ညှိတတ်ဆင်ထားတတ်လာကြတယ် ... ဒီလိုပဲ ရလိုမှုတစ်ခုအတွက် ပေးဆပ်ခဲ့လိုက် စတေးခဲ့လိုက်ပြီးမှ နောက်ဆုတ်ဖို့ခက်တဲ့ လမ်းကြောင်းပေါ်မှာ ခံစားချက်မပါဘဲ နေသားတကျဖြစ်ဖို့ ပြင်ဆင်ကြိုးစားလာနေကြရတယ် ... ပြောပြဖို့တောင်ခက်ခဲတဲ့ လောကဓံတွေကို အံကြိတ်ခံပြီး ဖျက်ဆီးခြွေချဖို့ တဖြည်းဖြည်းချင်း သင်ယူခဲ့ကြရတယ် ... တစ်ရက်ပြီးတစ်ရက် အပြုံးတွေက လှပထက်မြက်လာကြတယ် .. အကြည့်တွေက စူးရှလာကြတယ် ... လက်ဆွဲနှုတ်ဆက်တတ်လာကြတယ် ... မျက်ရည်တွေ အေးခဲကုန်ကြတယ် ... ရင်ထဲမှာ ဂလိုဏ်ပေါက်ကြီးတွေလို ဟာလာဟင်းလင်းနဲ့ ရှေ့ကိုဆက် >>>> .... တွေ့ရင်ပြုံးပြနှုတ်ဆက် ... ဟိုဘက်လှည့်လိုက်တော့ ပြန်သေသွားတဲ့ မျက်နှာတွေ ... လိုချင်တာတွေက ဒါတွေလား ... ပြန်ရတာနဲ့ ပေးလိုက်ရတာ တန်ရဲ့လား ဆိုတာ ပြန်မတွေးကြေး ... ကိုယ်စီ အသိ ကတိတွေနဲ့ ... ဘယ်သူမှ ဘယ်သူ့အတွက် ငိုပေးကြတယ်မရှိ ... ဖြစ်လာတဲ့ အရာအားလုံးက နေသားတကျအတိုင်း ... ရင်ဘတ်ချင်းပေါင်းဖက်ကြတယ်မရှိ ... ဒီလိုပဲ အဆင့်အတန်းချင်းပေါင်းဖက်ကြလေရဲ့ ... မျှော်လင့်ချက်ကို ထားကြတယ် ... ခံစားချက်တွေကို သတ်ပစ်ကြတယ် ... ဒီလိုနဲ့ ဒီလိုနဲ့ ဒီရပ်ဝန်းမှာ မေတ္တာတရားတွေ ခမ်းခြောက်၊ အငွေ့လည်းမပျံတော့ တစ်ယောက်ပေါ်တစ်ယောက်လည်း စေတနာမိုးတွေ မရွာနိုင်ကြ ၊ စာနာမှုအသိစိတ်တွေလည်း တဖြည်းဖြည်းကြွေကျ ... တကယ်တော့ မိုးနည်းတာမဟုတ်ပါဘူး ... လူသားဆန်တဲ့ စိတ်တွေ တဖြည်းဖြည်းခြောက်သွေ့ ကြွေကျလောက်အောင်ကို မိုးမရွာတာပါ ....
Subscribe to:
Posts (Atom)