Showing posts with label POEM. Show all posts
Showing posts with label POEM. Show all posts

အဖမြီ နွီသို့ အလွမ်း

Thursday, May 24, 2012


ထိုနိန်ရာ .....
                  ရိုးမအနောက်တစ်ဘက်က
                  ငါ့ချက်ကြိုး သဂြိုလ်ရာ ..........
                  ငါ့အဇ္ဈတ္တ မြှုပ်နှံရာ .........
                  ငါ့နှလုံးသွီး မြစ်ဖျားခံရာ .......
                  ငါ့ပျံသန်းခြင်း အစပျိုးရေ နိန်ရာ .......
                  ငါ့စိတ်ဝိဥာဉ် ပင်မကျက်စားရာ ........
                  ငါ့ဖြစ်တည်ခြင်း ရီသောက်မြစ် ........

ထို သဇင်တိ ပျော်ရေမြီမှာ ............
                   ဥသြပျို တေးရင့်ကျူးလို့ ရွက်ဝါအိုမြေခချိန်
                   ဂိမ္မာန် နွီဦး အခါထူး လီရူးမှာ
                   ငါ့ အလွမ်းတိ တတောလုံး
                   ပစ္စလက္ခတ် ပြန့်ကြဲလို့ ကြွီကျ . . .

                   နွီတစ်ကျော့ ရောက်လာခပြန်ကေ
                   ဟိုး .... နန်းတော်ရာကြား စဥ့်အိုးချေထဲက
                   ကြာညိုနံ့ သင်းရေ ရီကို
                   မာလခွံနန့် ခပ်သောက်ဖို့
                   ပပြင်းပပြ ချင်ခြင်းတ ဆာလောင်မိသိရေ . . .

                   ဒေအချိန်ဆိုကေ အဖမြီမှာ
                   ဥသြပျိုတေးသံ စိုင်းဒြားမင်းရို့တောင်နံရံထက်
                   ပဲ့တင်ထပ်နလီဖို့ ထင်ယင့် . . .

                   အဝီးရောက်သားသမီးတိကို လွမ်းယင်း
                   ထို အဖရင်ခွင်ကျယ်လေ့
                   အငွေ့ထ လောင်ကျွမ်းနိန်လောက်ဗျာယ် . . .

ထိုထိုသော ..........
                   အလွမ်းတိနန့် လွမ်းတိုင်း ........
                   အနာဂတ် ရိုးမတောင်နံရံမှာ
                   အဖနာမည် ကဗျည်းရီးထွင်းခါ
                   ကျောက်ထွင်းဓါးချေတစ်စင်း ဖြစ်နိုင်ဖို့ အာသီသနန့်
                   ငါ့ကိုငါ သွီးထားခယင်း . . .

အို .... လွမ်းမိရေ ၊ လွမ်းရရေ
                   အဖမြီက နွီကို . . .

                                                                                 သင်းချို

ငါရို့အိမ်ပြန်ကတ်ရဖို့

Monday, February 20, 2012

ခံစားချက်တိ အဆုပ်လိုက်ကြွီ

'လ' မသာရေ ညတိမှာ

ကြယ်ရောင်တိ မစုံခကတ်ရ .....


မဖူလုံရေ ဝမ်းစာအတွက်

တိုင်းတပါးမြစ်ကြောင်းမှာ နီပူသတ်ကြောပြင်တိနန့်

ဘဝကို အစုန်အဆန်လှော်ခတ်လို့

အဘာမြီကို တချက်ချေ နောက်ခိုင်းထားခကတ်ရဗျာယ် ....


အချိန်တန်လို့ အိပ်တန်းပြန်ခါတော့ကေ

ပေါင်းရှင်းဖို့ ဓါးတစ်လက်

ပန်းပွင့်ဖို့ မြေဆီလက်တစ်ဆုပ်စာ ဖြစ်တန်ကောင်းယင့် ...


ဒေ အုတ်တစ်ချပ်၊သဲတစ်ပွင့် သစ္စာတရားကို ကိုက်ချီ

ငါရို့မာန်ခဲထားကတ်မယ်

တစ်ချိန်ခါ ငါရို့အိမ်ကို ငါရို့ပြန်ရဖို့ ................

အဘာခြံထက်မှာ ဖုံးအုပ်နိန်ရေတိမ်မည်းတိကို

မိုးအဖြစ် ရွာချပစ်ကတ်ရဖို့ ..................

အက်ကွဲကြောင်းရာအထပ်ထပ်နန့်

တလင်းပြင်ပိုင် ငါရို့ရင်ဘတ်တိကို

ပြန်ပနာ စိမ်းလန်းစီကတ်ဖို့ ....................


ဒေ သစ္စာတရားတိနန့် နနှောင်းချည်

အဘာအိမ်ကိုလွမ်းယင်း -------

ငါရို့တောင်ပံပြပြင်းခတ်နိုင်ဖို့ အားဖြည့်ထားကတ်မယ်

တစ်ချိန်မှာ ငါရို့အိမ်ပြန်ကတ်ရဖို့ . . .


သင်းချို

ဆောင်းခိုငှက်

Sunday, February 19, 2012

အချိန်တန်ကေ အိမ်ပြန်ရဖို့အသိနန့်

တစ်ရာသီစာခိုလှုံဖို့ ငါရို့ခရီးနှင်ပါလတ်ကတ်စွာ

လဲကျနိန်ရေအချိန်

တောင်ဝှေးတစ်ချောင်းစာချေ မျှော်လင့်ချက်ထက်

ပြင်းပြရေ အာသီသတိ မပါ ...

အေနိန်ရာ အေဒေသတိအောက်မှာ

လွမ်းရိပ်မိ နှလုံးသားတိနန့်

ကိုယ့်ရင်ဘတ်ကို ကိုယ်ထွန်ယက်လို့

မြေစမ်းခရမ်း ပျိုးနိန်ကတ်ရတုန်း ...

ဘဝကို စာလုံးပေါင်းဖို့

သတ်ပုံတိအမှားမှား အယွင်းယွင်းနန့် ငါရို့

နုံသထက် နုံ ၊ အ သထက် အ လာခကတ်တေ ...

နီထွက်ပြီးကေ နီဝင် ၊ နီဝင်ပြီး နီထွက်

ဒေ နီအထွက် အဝင်ကြားမှာ ငရို့အဓိပ္ပါယ်တိ

စက်ရုပ်ဆဆန် စီးမျှောနိန်ကတ်ပြန်စွာ

ဇာ နှစ်နီထွက်လို့ ဝင်ကတ်ရဖို့ဗျာယ် မသိ ...

ခိုလှုံခွင့်ချေတစ်ခုအတွက် နှလုံးသားကိုကျကျစ်ဆုတ်ဗျာယ်

ရီမြီပြောင်းလာခရရေ ငရို့တိအတွက်

ဒေ ဆောင်းတစ်ရာသီစာ အယင်ကုန်လွန်ပီးပါ ...

သင်းချို

တမ်းတပုံရိပ်

မြို.တစ်လျှောက် ဇာကိုပင်လားလား
အမြင်ကနိန် ပျောက်ထွက်မလားရေ
ငယ်ပေါင်းဖော် သူငယ်ချင်း "ကစ္ဆပနဒီ" .......

တနီကုန်တနီခမ်း ရင့်ပြာသတ်နိန်ခယင့်
ဲခြီကုန်လက်ပန်းကျကေ အိပ်တန်းပြန်ဖို.
ခိုလှုံစရာ အသိုက်ရှိလီရေ ..........

ဘ၀မဟုတ်သိရေ အိုင်ချေထဲမှာ ....
ပြသ၁နာမဟုတ်သိရေ ဘေးထွက် အဖုအထစ်ချေတိအတွက်
အကြီးအကျယ် ခံစားမိကေ
နှစ်သိမ့်ပီးဖို. လက်တစ်စုံ ရှိလီရေ .........

ဟောင်ဖွါဟောင်ဖွါနန်. အာကျယ်ဗျာယ် လူတန်းစိနိန်နိုင်ဖို.
ဖြည့်ဆည်းပီးရေ အားကောင်းမောင်းသန်
လက်မောင်းကြီးလည်း ရှိလီယင့်လေ .........

ကြောက်လန်.တကြား ပဋိပခတိအတွက်
မားမားမတ်မတ် ကာကွယ်ပီးရေ
ရင်အုပ်ကားကြီးလည်း ရှိလီပြန်သိရေ ........

တစိချေလောက် အလိုမကျစော်တိအတွက်
ခေါင်းခါ လိုင်(လည်)ခါဗျာယ် အော်ငိုဖို.
အခွင့်အရေးတိလည်း ရှိလီရေယေ ..........

ယင်းပုံရိပ်တိနန်. တတူ .......
ပင်လယ်အော်သံ ၊ ရခိုင်စည်သံ ၊ ရခိုင်စကားသံ
အားလုံး အားလုံးကို တမ်းတမိရဗျာယ်ဝေ ............ ။


သင်းချို

မတောက်တခေါက် အသိဥာဏ်နန်.
လောကကြီးကို တံခါးလာခေါက်ကြည်.မိရေ့ 
ဆီးကြိုနိန်ရေ စိမ်းခါးခါး ရနံ.
ငါ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံ ခါးသက်စီရေ့ 

စိတ်ဆန္ဒတိ တက်ရောက်ကတ်တေ ပြပွဲမှာ
အတ္တတိ ၀တ်မှုန်ကူးနီကတ်ယင့့် 
ရောင်းပန်းလှ အပြုံးတိနန်.
သူ့ထက်ငါအပြိုင်အဆိုင်
မာနတိကို ရောင်းဈေးမြှင့်နိန်ကတ်တယ့့် 
ငါမှာက လွတ်ကျလားရေမာနကို
ယောင်လည်လည်နန်. လိုက်ရှာနိန်ရရေ့ 

ဂုဏ်သိက္ခာနန်. အဆင့်အတန်းကို
ကျွမ်းကျွမ်းကျင်ကျင် ရွတ်ဖတ်နိန်ကတ်တေ
အသိုင်းအ၀ိုင်းမှာ ........
ငါက လူရာမ၀င်

ပြပွဲ ဒေါင့်ချေမှာ ထိုင်ဗျာယ်
တံခါးပြန်ပွင့်လာဖို. အချိန်ကိုဆုတောင်းယင်းနန်.
တတိန်းချေ မျက်နှာငယ်နိန်ရရေ ။ ။


သင်းချို

အဝီးတိမ်

မျှော်လင့်ခြင်းနန်.အသက်ရှင်ရေ ပြောကတ်တေ့ 
ရှင်သန်ဖို.အတွက် မျှော်လင့်ခြင်းလား .....
မျှော်လင့်ဖို.အတွက် ရှင်သန်ခြင်းလား .....
မသေမချာ မရေမရာ ။ ။

ငါ့အတွက်က မျှော်လင့်ခြင်းဆိုစော်
အ၀ီးတိမ်ပါ့ 

ငါပြီးနိန်ကေလေ့ သူပြီးရေ
ငါရပ်နိန်ကေလေ့ သူပြီးရေ ........
ဇာအချိန်ခါ ပြိုဆင်းဖို.မှန်းမသိရေ သူ.ကို
မျက်ခြီမပြတ်ဖို. မညောင်းတမ်း ငါလိုက်ပြီး
အိမ်မက်တိထဲမှာတောင် ငါက တိမ်လိုက်ဖမ်းလို.့ 

ငါပြီးနိန်ကေလေ့ သူပြီးရေ
ငါရပ်နိန်ကေလေ့ သူပြီးရေ ........
ခလုတ်တိုက်လို. လဲအကျ
ငါ့လက်တစ်ကမ်းအလိုမှာ သူရွာချခရေ ။ ။

မျှော်လင့်ခြင်းဆိုစော် ငါ့အတွက်က
အ၀ီးတိမ်ပါ့ 



သင်းချို

တစ်စက်ချင်းဆူဝေတက်လာရေ စိတ်အဆာ
သူ့စကားလုံးတိထဲမှာ အလုအယက်ပေါက်ကွဲ
ခံစားချက်ကင်းရေလူ မျက်လုံးထဲက စကားသံ
ငါကရာ နားကြားလွဲခစွာလာ့ 
ငါစွာ ကိုယ့်ကိုကိုယ် ကျိန်စာစူးခရေလူပါ ။

မရည်ရွယ်ဘဲ ပုံဖော်မိရေ မျှော်လင့်ချက်ချေနန်.
သူ.လက်ကို ဆုတ်ကိုင်မိပြီးခါမှ
မယိမ်းနွဲ.တတ်တေ သူ.နှလုံးသားရင်ခုန်သံ
ငါကရာ ဘာသာပြန်မှားခစွာလာ့ 

အမှန်ပါရာ ကောင်းကင်
မင်းစွာ ငါ့အတွက်မလင်းလက်ချင်ရေနိန့်မှာ
မင်းအနားက ငါ့ဝိဥာဉ်ကို အဆုံးထိနှုတ်ယူလိုက်မယ်
" ငါ့မျက်ရည်ထက် မင်းအပြုံးကို ပိုမက်မောရေ
ငါစွာ "့ 
ကိုယ့်ကိုကိုယ် ကျိန်စာစူးခရေလူပါ ။ ။


သင်းချို

ကမ်းဝီးလှောင်အိမ်

အရောင်အဆင်းကို စိတ်ကြိုက်ကစပ်တတ်တေ မာယာရှင်နန့်
ဘဝကို အလဲအထပ်လုပ်ဗျာယ် စီးချင်းထိုးနိန်ရရေ ။

လိမ္မာခြင်းနန့် မကျွမ်းဝင်ရေငါ
ရိုးသားခြင်းပြယုဒ်ကိုချိတ်ဆွဲဗျာယ် ပီပီပြင်ပြင် "အ"ဖူးခရေ ။

လူလူချင်းအမဲလိုက်ကတ်တေ သူရို့သင်ရိုးကြားမှာ
ကျောင်းကယူလာရေ "လောကနီတိ"လေ့
မျက်နှာချေငယ်လို့ 

ဂုဏ်ဒြပ်ချင်းရာ စကားပြောရေ အသိုင်းအဝိုင်းမှာ
မေမေပီးရေ နှုတ်ချို ၊ ချိုတစ်ပါးက
လွယ်အိတ်ထဲက ထွက်မလာ့ 

ဖြစ်တည်ခွင့် နိန်ရာချေတစ်ခုအတွက်
သေသေသပ်သပ်နန့် လင်းလက်တေ အပြုံးတိနောက်ကို
အပြီးတစ်ပိုင်း လိုက်နိန်ခသိရေ ။
လမ်းတစ်ဝက်ရောက်လို့ မျက်နှာဖုံးတိကွာကျမှ
အသိကနောက်ကျ အပြန်ရခက်လားဗျာယ် ။ ။



သင်းချို

လရောင်တိ အိပ်မက်ကို မှောက်ကျရေနိန့်
ရင်ဘတ်ထဲက အသံတိကို နားယောင်မိယင်း
ငါစွာ... မျက်လုံးတစ်စုံကို
ဘာသာပြန်မှားခရေ ...... ။ ။

ယင်းနိန့်က ....
တသောသောသွန်ကျနိန်ရေ အာရုံမှားတိနန့်
ငါစွာ ... နှလုံးသားတစ်စုံ ကောက်နှုတ်ချက်ကို
နားလည်မှု လွဲခရေ ...... ။ ။

ယင်းပိုင်နန့် ....
ကာရန်မညီရေ ရင်ခုန်သံတိကို ညှိယင်း
တီးခတ်ကြည့်ဖို့ ကြိုးစားမိခါမှ
ပြတ်ထွက်လားရေ ကြိုးစ
ငါ့ ကံကြမ္မာ (ဘဝ)ကိုပါ ဆွဲနှုတ်လားလရေ ........ ။ ။


သင်းချို

အဆုံးတိုင် .................

Tuesday, January 24, 2012

ပိန်းပိတ်အောင် မှောင်နိန်ရေ အမှောင်ထုကြီးတစ်ခုလား....

ပြင်းပြစူးရှလွန်းရေ အလင်းဟင်းလင်းပြင်ကြီးလား ....

ဇာတစ်ခုလေ့ မမြင်ရအောင် ဝေဝါးနိန်ရေ အမြင်အာရုံတိအောက်မှာ

တဒေါက်ဒေါက်ကျနိန်ရေ ငါ့နှလုံးသွီးစက်သံ တိကလွဲလို့

ငါ့အတွက် အဖေါ်ပြုစရာ အခြားမဟိ ...

ရင်ထဲက သိပ်သည်းဆနန့်အမျှ ခံစားရစွာတိ မချိမဆန့်ပါလားဝေ ...

ဒေ ရင်ဘတ်ကို ချခင်း

တစ်လှမ်းချင်း နင်းဖြတ်လားခရေ ခြီသံအချက်တိုင်းကို

ဆံခြည်တစ်မျှင်စာတောင် အလွဲအမှားမဟိ မှတ်မိနိန်သိယင့် ....

ငါ့စွာငါ နှလုံးသွီးကြောမကြီးတိကိုချည်

သူရဲကောင်းတစ်ယောက်ပိုင် ထင်မှတ်နိန်ခသိရေ ...

ဒေ ဖမ်းဆုတ်မရရေ မျှော်လင့်ချက်တိကို

အပြီးတိုင် မလွှတ်ချနိုင်သိသရွိတော့

ဘဝတစ်ခုလုံးစာ စုတ်ပြတ်သတ်လားပြီးကေတောင်

ငါ နာကြင် ပဲ့ကြွီနိန်လီရဖို့သိ ........................................

သင်းချို (2:05 PM)

လွမ်း ...... လို့

Friday, December 2, 2011

ရီခြား မြီခြား အလင်းခါးတိအောက်မှာ

ရနံ့ခါးတိက

ငါ့ဘဝကို သိမ်းကြုံးယူလားဖို့ဗျာယ်ပိုင် ...

ကာလာစုံ ဝတ်ဆင်ထားရေ မျက်လုံးတိက

မှားဖို့ ခြီတစ်လှမ်းကို စစူးစစိုက်စောင့်ကြည့်နိန်ကတ်ယင့် ...

အနိန်ကြာလာတိုင်း ကျင့်သားရမလာဘဲ

ကြောက်စိတ်တိရာ ပိုလာခကတ် ...

တစ်နီဝင်တိုင်း အိမ်ပြန်ချိန်ကို မျှော်မိရေ .....

နာကြင်မှုတိကို လွယ်ပိုး

ငါရို့ကြောခိုင်းထားခရေ အနောက်ရိုးမတစ်ဘက်

အမိခြံဒေါင့်ချေက

ငါစိုက်ခရေ စပါယ်တစ်ခြုံကို ငါလွမ်းလို့ ...

အမိခြံရှိက သောက်ရီအိုးစင်ချေလေ့ ငါလွမ်းလို့ ....

သရက်ပင်အိုအောက် ခုံတန်းချေကိုလေ့ လွမ်းလို့ ....

ယင်းနိန်ရာတိမှာ အခါခါထပ်နိန်ခရေ ငါ့ခြီရာတိကိုလေ့ လွမ်းလို့ ....

နာကြင်မှုကိုမသိရေ ဆယ်ကျော်သက်ချေတစ်ယောက် ပြုံးရယ်ခြင်းကို ငါလွမ်းလို့ ...

အိမ်ခန်းဒေါင့်က ငါ့စာအုပ်ခုံချေကိုလေ့ ငါလွမ်းလို့ ...

နွီဦးမှာဖူးရေ ပုရစ်ဖူးချေတိကိုလေ့ လွမ်းလို့ ...

အကြိမ်ကြိမ် ချိုးခဖူးရေ တံစက်မြိတ်က မိုးရီစက်တိကိုလေ့ လွမ်းလို့ ...

၂၁ နှစ်တိုင် ရှုရှိုက်ဖူးခရေ ပင်လယ်ရနံ့ကို ငါလွမ်းလို့ ...

နီညိုချိန် စက်ရုံအော်သံတိနန့် သံချောင်းခေါက်သံ ...

နူးညံ့ရေ အမိနှလုံးသား ၊ လုံခြုံမှုအပြည့်နန့် အဖရင်အုပ်ကားကား ...

နှစ်သိမ့်မှုပီးရေ အမိလက်နှစ်ဘက် ၊ မျက်ရည်တိခမ်းခြောက်စီခ အဖရဲရင့်ခြင်းတိ ...

........................................

...........................................................

ငါလွမ်းလို့ .................

လွမ်းလို့ .........................

လွမ်း ............................ လို့

လွမ်း ........................

................

..................

သင်းချို

ရင်မြိုခံရရေနိန့်

Wednesday, November 9, 2011

ရင်မြိုခံရရေနိန့်

အသိနန့် သတိကြားမှာ

ဒေရင်ဘတ်တစ်ခုလုံးကို သော့ခတ်ထားပြီးခါမှ

ထိန်းမနိုင်၊သိမ်းမရ ဖောက်ထွက်လာရေ ဆန္ဒနန့်

သစ္စာဖေါက်ဝံ့ရေ နှလုံးသား .........

အကြိမ်ကြိမ် ခလုတ်တိုက်လဲကျဖူးလို့

ပြန်မထဝံ့အောင် လန့်ဖျား ဖျားခရေ ငါ့ဝိဥာဉ်

လေပြေညှင်းတစ်ချက် တိုးအဝှေ့မှာ

တစ်ခါပြန်ခုန်ထ မိုက်ရူးရဲခဗျာယ် ........

ထိုနိန့်က ........ ( x . x . xxxx)

ပန်းတစ်ပွင့် ပွင့်အာရေ အသံ

ငါ့လိပ်ပြာကို တောင်ပံခတ်စီခရေ ...

ကလပ်စီကယ် သံစဉ်တစ်ဝက်နန့်

စီးဆင်းနီရေ အကြားအာရုံ

ဦးဏှောက် အချက်ပီးခေါင်းလောင်းသံတောင် မကြားနိုင်ခအောင်

ငါ့ရင်ဘတ်က ငါ့ကိုဝါးမြိုလားရေ ........

သင်းချို

အမည်းရောင် အတ္ထုပတ္ထိ

Wednesday, November 24, 2010

အမည်းရောင် အတ္ထုပတ္ထိ

ကိုယ်တိုင်ရီးခွင့်မရရေ အတ္ထုပတ္ထိမှာ
အချိန်တစ်ခုရောက်ကေ အမှတ်စတစ်ခုက
အဖြစ်ပျက် တစ်ခုစီအန်ထွက်ကျရေ ...

ဘဝက မခက်ခဲပါဘူး ...
ဘဝမှာ ရှင်သန်ဖို့က ခက်ခဲရေ ...
ဘဝမှာ ရှင်သန်ဖို့ မခက်ခဲပါဘူး ...
ရလာရေ အဆိုးအကောင်းနန့်
နီသားတကျ စီးမြောဖို့ ခက်ခဲရေ ...

အေရင်ဘတ်ထက်မှာ
ဇောက်မနက်တေ ဆင်ခြင်တုံတရားကိုခြင်းဗျာယ်
ကိုယ့်စော်ကိုယ် လယ်ထွန်မှားခလို့
မျိုးစေ့တိကို
လက်ထဲမှာရာ ကျစ်ပါအောင်ဆုတ်ကိုင်ထားရယင့် ...
မကြဲချဗျာယ် ...
ဒေရပ်ဝန်းမှာ
င့ါအတွက် မိုးခေါင်ရေ ...

အပြန်ရခက်တေ ခရီးလမ်းမှာ
အနောက်က ဖျက်ခမိရေဖောင်တိအတွက်
နောင်တ ရရဖို့လား ???
မထူးရေတတူ
မျက်စိကို စုံမှိတ်လို့ သတ္တိရှိဟန်ဆောင်လိုက်မယ် .....


သင်းချို

ဘောင်

Thursday, November 11, 2010

လူတိတိုင်းဗျာယ် ချိန်ဆတတ်ကတ်တေ
လိမ္မာခြင်းထဲမှာ ၀င်ဆံ့နိုင်ဖို့
မိုက်မိုက်မဲမဲ ငါကြိုးစားဖူးခယင့်
အချိန်တိရာ ဗြောက်သောက်ကုန်ခရေ
ငါ့သဘာဝမဟုတ်လို့ အရောင်မပြောင်းနိုင်ခ .....

ငါ့ကိုကျဉ်ထားရေ လူတိကို
အပေါင်းအသင်းဖြစ်ချင်လို့ စိတ်ကူးယဉ်ဖူးခရေ
မြင်ကွင်းမတူလို့ စကားချင်းတောင်စစ်ပြေမငြိမ်းခ .....

ကံကောင်းရေလို့ယူဆမိရေ လူတစ်ချို့ကို စံထားဗျာယ်
"ကံ" လို့ထင်စော်နီရာမှာ လယ်ထွန်မှားခရေ
ရိုးရာမတူလို့ ပျိုးတောင်မကြဲခရ .....

အဲ .......
ဘ၀ဆိုစော် ဘ၀ဆန်နီဖို့အဓိကလို့ထင်ဗျာယ်
လိုက်လျောညီထွေနီတတ်ဖို့ သင်ယူနီခါမှ
သင်ရိုးကုန်လို့ "ဘ၀" က ငါ့ကိုပြန်သိမ်းလားရေ .... ။ ။


သင်းချို

စုတ်ချက်ရိုင်း

မပီပြင်ရေကောက်ကြောင်းတိနန်. ငါ့ဘ၀ကို
မကျွမ်းကျင်ရေပန်းချီဆရာက ဆွဲစော်လာ ....
မာယာရှင်က ဆွဲစော်လာ .......

ဇာမှန်းမမြင်ရရေ နေရာကို
အားသွန်ခွန်စိုက်ပြီးနီရစော် ၀တ္တရားလား ......

စောင့်စားခရေ တောက်ပမှုတစ်ခုတစ်လီက
မျှော်လီဝီးလီ လိုက်လီပြီးလီိ .......
တစ်ခါတစ်ခါ စိတ်ကူးနန်.ရွက်လွင့်ဖို.တောင်
လီကမတိုက် ........

ဘ၀ဆိုစော် အပြီးသားရီးစပ်ထားရေစာအုပ်ဆိုကေ
တစ်ရွက်ချင်းလှန်နီရစော်ထက်
တစ်အုပ်လုံးကိုအရည်ကြိုဗျာယ် သောက်ပလိုက်ချင်ယင့် ........

အခွင့်ရှိကေ .... "၀င်ကစွပ်ပိုင်"
ရှင်သန်ခြင်းကို တချက်ချွတ်ထားလိုက်ချင်ရေ ...... ။ ။





သင်းချို

ရင်နင့်ခွင့်

ရင်နင့်ခွင့်



ရင်ဘတ်တစ်ခြမ်းစီပဲ ချခင်းရမယ့်ပွဲမှန်းမသိခဲ့ဘူး
ဒီရင်တစ်ခုလုံးစာ လောင်းကြေးထပ်ခဲ့လိုက်တာ့ 
ပန်း နဲ. ခေါင်းတစ်လှည့်စီဆိုတာ မေ့နေခဲ့ပေါ့
နှလုံးသားကိုပါးရိုက်ခံရမှ ငါရှုံးမှန်းသိခဲ့တော့တယ့့် 

ငါ့ရင်ဘတ်ထဲမှာတော့ အလွမ်းချည်းဘဲလည်းမဟုတ်
မင်းနဲ.ဆိုင်ခဲ့တဲ့အချိန်တွေအတွက်
ဆယ်ခါပြန် ကြည်နူးခြင်းလည်းရှိရဲ.့ 

ကိုယ်စီ နှလုံးသွေးဖျော်ရည်တွေနဲ.
တစ်ယောက်ကိုတစ်ယောက် တည်ခင်းဖူးခဲ့တယ်မလား
(ခဏတာပဲ ဆိုဆို)

ဒီတော့တစ်ခါ အခုချိန်တော့
အရောင်စုံတဲ့ခံစားချက်သက်တန်.ပေါ်မှာ ခြေလွှဲထိုင်ယင်း
နောင်တမပါဘဲ အတူလျှောက်လှမ်းခဲ့တဲ့
အမှတ်တရတစ်ခုစီတိုင်းကို
တစ်သက်စာသယ်ပိုးသွားဖို. သိမ်းဆည်းနေတယ့့် ။ ။





သင်းချို

ရီခမ်းငါး

ရီခမ်းငါး

ကေါင်းကင်မှာ အရုပ်ထင်
ပုံဖော်ယင်းတမ်းတရရေ ဘ၀မှာ
"အမိ"ရုပ်သွင်ကို မှန်းမျှော်ဗျာယ်
ရင်ငွေ.ခိုလှုံချင်လိုက်တယ် ။ ။

ဟန်လုပ်ယင်းနန်. အံကိုတင်းဗျာယ်
ဘ၀ကပီးရေအသိ
သားရင်က အဆာကို အာသာမပြေစီနိုင်ခ ။ ။

မာန်ကိုတင်းဗျာယ် ရှေ.ဆက်ရရေ ခြီလှမ်းတိုင်းမှာ
တိတ်တိတ်ပုန်း မျက်ရည်တိကစက်လက်
အလိုမတူဘဲသိမ်းထားရရေ ဆန္ဒတစ်ခုနန်.
အပြင်းပြဆုံးခေါ်ခွင့်ရချင်ရေ "မေမေ " ။ ။

ရှင်သန်ခွင့်ရရေဘ၀မှာ
သစ်ငုတ်ချေပိုင်ရာ ဇာမျိုးစေ့မှန်းလည်းမသိရ
တောင်းဆိုး၊ပလုံးဆိုးရာ ပစ်ရိုးထုံးစံထဲမှာ
သားက မစားကောင်းရေ အသီးလား ။ ။

ကျောင်းဆင်းခေါင်းလောင်းထိုးကေ
ပြန်ဖို.အိမ်ကမရှိခ
"အနန္တောအနန္တငါးပါး"မှာ သားကတစ်ပါးကိုမသိ
"မိဘကျေးဇူး" စာစီကုံးအတွက်
သားမှာအဖြေမရှိ ။ ။

(မိဘမဲ့အချေတိအတွက် ခံစားရီးဖွဲ့ပါသည်)

သင်းချို

ရလာဒ်


" ရလာဒ်"

"ခွင့်မလွတ်ကဲ့" ဆိုရေ စကားတစ်ခွန်းနန်.
ငါ့ဘ၀ကိုတစ်ခြမ်းပဲ့စီခရေ .......
လူတစ်ယောက်မရှိလို. နောက်တစ်ယောက်
ဘ၀မပျက်ကေတောင်
ရင်ဘတ်မပါဘဲ အသက်ရှုနီရရေပိုင်ရာလေ ....

ချစ်ခြင်းနန်.မုန်းခြင်းမှာ အပြစ်မရှိရေအတွက်
နင်နန်.ငါ့ကြားမှာ တစ်ယောက်လည်းမမှားခ.....

အမှန်ကတော့ခါ
ကံတရားကငါ့ကို တချက်ချေကစပ်ခစော်ရာ ......
မချင့်ချိန်တတ်တေငါ့မှာ
ကံကိုမယုံကေတောင်နင့်ကိုယုံလို.
နှလုံးသားကိုရင်းဗျာယ် ဘ၀တစ်ခုလုံးပုံပီးလိုက်ခါမှ
လောင်စာကောင်းကောင်းနန်.
လောင်ကျွမ်းပလိုက်စော်
ငါ့ကိုငါတောင်
ဇာကအစပြန်ကောက်ရဖို.လဲ မသိလိုက်ဗျာယ် ..... ။ ။



သင်းချို

Monday, July 19, 2010

အိမ်ပြန်ခွင့်

ခန်းနားထည်ဝါမှုတိအောက်က မြို့ပြ .......
နွီးထွီးမှုကို တောင့်တနီရေ မျက်ဝန်းတစ်စုံ .........
အငွေ့အသက် ကင်းမဲ့ရေ ထမင်းတစ်လောင်ပန်း .......
မျှော်လင့်ချက်ကို အရည်ဖျော်မိရေ ကြဲပြန့်နီရေ
အိပ်ပျက်ညတိ .......

ရည်ရွယ်ချက်ဆိုရေ
ဆန္ဒတစ်ခုနောက်ကို လိုက်ယင်းလိုက်ယင်း ........
ဘ၀ဆိုရေ
ပြသ၁နာထဲကို တိုးဝင်ပြီးယင်း တိုးဝင်ယင်း ........

ဟိုက ဒေက ရင်ဟောင်းလောင်းပေါက်နန့် လူတိ
ငါ့ကို ၀င်တိုက်လားခရေ ........
ငါ့ပတ်ဝန်းကျင်မှာက သီဆုံးနီရေ မျက်လုံးတိရာမနား .....
တစ်ချက်လောက် နောက်လှည့်ကြည့်မိခါမှ
အဆုံးအစ မရှိရေ ဟင်းလင်းပြင် .......

အမိယေ
ငါ့အတွက် အိပ်တန်းပြန်ချိန်က ဇာခါလေ ..........


သင်းချို