Showing posts with label ARTICLES. Show all posts
Showing posts with label ARTICLES. Show all posts

ရခိုင်အရေးနဲ့ ပက်သက်ပြီး စာရေးမယ် ရေးမယ်နဲ့ အားတင်းထားခဲ့ပေမယ့် ကိုယ်တိုင်ရခိုင်တစ်ယောက်ဖြစ်နေတော့ အားကြိုးပြတ်မတတ် ခံစားနေခဲ့ရလို့ မရေးဖြစ်ခဲ့ပြန်ဘူး ... လေးစားရတဲ့ ရေးဖေါ်ရေးဖက် အစ်မများရေးမလားဆိုတော့ ဖြစ်တဲ့နေ့က သူကိုယ်တိုင် အားကိုးရာမဲ့အသံနဲ့ ဖုန်းဆက်လာတော့ ကိုယ်ကအားပေးလိုက်ပါတယ် ... ကိုယ်တိုင်လည်း အိပ်မရတာနဲ့ မနက်ဖက်အလုပ်က အိမ်ပြန်သွားရမလို သတိလစ်သွားမတတ် ဖြစ်နေခဲ့ပါတယ် ...


အခုဖြစ်သွားတဲ့ ကိစ္စမှာ လူသိများသွားတာက တောင်ကုတ်ကိစ္စကြောင့် ... ဂျာနယ်တွေ ဥပဒေတွေ ဝင်လာတာ တောင်ကုတ်ကြောင့် ... တောင်ကုတ်က ဖြစ်ရပ်ဟာ တကယ့်ကို အမှားကြီးကြီး ကြောက်ခမန်းလိလိပါပဲ ... သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း ဝမ်းနည်းမိပါတယ် ... အားလည်း အားနာမိပါတယ် ... တစ်ခုတော့ရှိတယ် သေသွားတာကို မလေးစားလို့မဟုတ်ပါဘူး ... အဲဒီလုပ်ရပ်ကြောင့်သာမဟုတ်ရင် ရမ်းဗြဲက မသီတာထွေးကိစ္စက ဒီလိုပဲ လူသူမသိ အမှောင်ချခံလိုက်ရမှာပါပဲ ... ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ လည်း အများကြီးပါ ....


ရခိုင်တွေက မွတ်ဆလင်ကုလားကို မုန်းတီးနေတာ ရန်လိုနေတာ မဟုတ်ဘူးဆိုတာကို အရင်ဆုံး ပြောပါရစေ ... ရခိုင်တွေသာ မုန်းတီးရန်လိုနေရင် ရခိုင်ပြည်မှာ အေးချမ်းတဲ့ နေ့လို့ ရှိမှာ မဟုတ်ပါဘူး ... ဒါပေမယ့် စော်ကားလာတဲ့ အချိန်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိတို့ကို လုံခြုံမှု မပေးနိုင်လို့ ကိုယ့်ဖါသာကိုယ်ပဲ တရားရုံးလုပ်ခဲ့ရတာ ကျွန်မသက်တမ်းတစ်လျှောက်ပါပဲ ... ဒါတောင် ကျွန်မက ကျွန်မမွေးပြီးတဲ့ နောက်ပိုင်းကိုပဲ သိလို့ ပြောတာပါ ...


ကဲ ဖြစ်စဉ်တွေ အားလုံးကို အစကောက်ကြည့်ရအောင် ....


အစကောက်တယ် ဆိုတာနဲ့ အခုလောလောဆယ်ဖြစ်ခဲ့တဲ့ဟာကို မကောက်ဘဲ ... ကျွန်မမွေးခဲ့တဲ့ နောက်ပိုင်းကို စကောက်ရအောင် မမွေးခင်ကဟာကို ပြောရင် မုသားဖြစ်မှာ စိုးလို့ .... ရင်ထဲမှာ အမုန်းတရားမပါဘဲ အခြေနေကို သုံးသပ်ရေးသွားမှာပါ ... ကျွန်မရေးတာတွေ မှန်သည် မှားသည် ရခိုင်မှာ ခရစ်ယာန်ဘာသာတွေ ... ဟိန္ဒူတွေ လည်း ရှိပါတယ် ... ဗမာလူမျိုး ၊ ချင်းလူမျိုးတွေလည်း တော်တော်များများ ရှိပါတယ် ... သူတို့တွေနဲ့ ပြန်ဆွေးနွေးကြည့်ကြစေချင်တယ် ...


ကိုယ့်နေရာ ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံမှုတွေကို ခံစားဖူးကြပါသလား ... ရခိုင်တွေဟာ အဲလိုမျိုးတွေနဲ့ ကြီးပြင်းလာကြသူပါ ... စစ်အစိုးရကိုပဲ ကြောက်နေခဲ့ရတဲ့ လူတွေအတွက် စစ်အစိုးရရော လူမျိုးခြားရန်ရော စိုးရိမ်ခဲ့ရတဲ့ ရခိုင်တွေကို ဘယ်လိုနားလည်ပေးကြမှာလဲ ... စစ်အစိုးရ လက်အောက်ကို ပြန်မသွားချင်သလိုပဲ ဒီလိုမျိုး ကိုယ့်ရပ် ကိုယ့်ရွာ အမှန် ဘိုးဘွားပိုင်မြေဖြစ်ပါလျက် လူမျိုးခြားတွေနဲ့ အပြန်အလှန်သတ်ဖြတ် ကျီးလန့်စာစားရတဲ့ ဘဝကို ခုံမင်နှစ်သက်နေကြတယ်လို့ ယူဆပါသလား ... ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါ ... ရခိုင်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ပဋိစ္စသမုပ္ပါဒ်တရားတော်ကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြပါတယ် ... ရခိုင်သူ ရခိုင်သားတွေထဲမှာ တရားစခန်း မဝင်ဖူးတဲ့လူ သစ္စာလေးပါးတရားကို မနာဖူးတဲ့သူ အရမ်းရှားပါတယ် ... ဒီစကားပြောတာက ရခိုင်တွေဟာ လူသတ်ဖို့ ဝန်မလေးတဲ့သူတွေ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ ... ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တရားတစ်ဖက် ၊ ဓါးတစ်ဖက် နေကြရတဲ့ သူတွေပါ ....


ကျွန်မမှတ်မှတ်ရရ ရှိတဲ့ ပဋိပက္ခကနေ စပြောရအောင် ... ၁၉၉၂  ကျွန်မ ၇ နှစ်အရွယ်ပေါ့ ... အဲဒီတုန်းက ရခိုင်နဲ့ ကုလား အကြီးအကျယ်ကို ဖြစ်တာပါ ... စတာက ကုလားက ဝေသာလီဆောင်ကို ဖေါက်ဝင်တာက စတာပါ ... အဲဒီကနေစသွားတဲ့ ကိစ္စ ကျွန်မတို့ ကလေးတွေ ကျောင်းကအိမ်ကို ပြန်ရင် မိဘလာခေါ်မှ ပြန်ရတယ် ... မိဘလက်လုပ်လက်စားကလေးတွေက အုပ်စုအကြီးကြီးဖွဲ့ပြီးပြန်ရတယ် ... ကျောင်းတွေ ပိတ်ထားလိုက်ရတယ် ... ဒါပေမယ့် အဲဒီတုန်းကလည်း ကိုယ့်ဖါသာကိုယ်ဖြေရှင်းကြရတာပဲ ... ပြည်မက ဘယ်သူတစ်ယောက်သိခဲ့လို့လဲ ... ရခိုင်ပြည်ဟာ အနောက်ဖက်က ကုလားကို ခါးစည်းခံဖို့များထားသလား မှတ်ရတယ် ....


၁၉၉၂ ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်ကြမ်းဖက်မှုကိုကြိုတင်တားဆီးနိုင်ခြင်း..။ (ကိုယ်တွေ့ကြုံသူတစ်ဦး ရေးသားချက်)

တချိန်တုန်းက ၁၉၉၂-၉၃ လောက်က ရိုဟင်ဂျာ အမည်ခံ သူပုန်တွေကို နအဖ အစိုးရတပ်က ပြုတ်လုနီးပါးတိုက်ထုတ်ခဲ့တယ်....သူတို့က ..မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတစ်လျှောက်ကနေတစ်ဆင့်..လူ ၁၅၀၀ လောက်စက်လှေတွေနဲ့ဝင်လာတယ် လက်နက်မပါပဲနဲ့ပေါ့..ဒီဘက်ကသူတို့အနွယ်တွေဆီကို လက်နက်ကျည်ဆံတွေကား ၇စီးတိုက်စာလောက် ကြိုပို့ထားတယ်လေ

လူနဲ့လက်နက်နဲ့ မတွဲမိခင်မှာ နအဖ စစ်တပ်တွေကပိတ်ဆို့ ရှင်းလင်း လိုက်နိုင်ပါတယ်


တကယ်ဖြစ်ခဲ့တာပါ........ကျောက်ပန်းနု ရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲသိမ်းမိပါတယ်၊ လက်နက်တွေအများကြီးလို့ဒေသခံတွေဆီကသိရပါတယ်
သူတို့နဲ့လက်နက်နဲ့သာတွဲမိလိုက်ရင်.......မလွယ်ပါဘူး...
အဲဒီတုန်းကရိုဟင်ဂျာဒုက္ခသည်တွေ ကိစ္စ မီဒီယာတွေအေရမ်းအော်ခဲ့ကြပါတယ်....ဘီဘီစီ နဲ့ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ............
.ဒေသခံတွေရဲ့ပြောစကားအရတော့ မြန်မာဘက်ကမ်းမှာရှိနေခဲ့တဲ့အမာခံတွေအများစုကိုပါရှင်း
လင်းခဲ့တယ်လို့သိရပါတယ်၊အဲဒီတုန်းကစပြီးနစကတပ်ဆိုတာစဖွဲ့စည်းပြီးသူတို့ကိုထိန်းချုပ်ခဲ့တာလို့သိရပါတယ်။
(ဒေါက်တာဇာနည် ပြောကြားချက်)


ကဲ ဒီလိုနဲ့ပဲ ကြားထဲမှာ သိပ်ကို မကြီးတဲ့ ဖြစ်ပွါးမှုတွေနဲ့ ရုန်းထွေး နပမ်းလုံးရင်း ... ၂၀၀၁ မှာ တစ်ခါ ထပ်ပြီးတော့ ဖြစ်လာတယ် ... ကျွန်မတို့က ၁၀ တန်းကျောင်းသူတွေပေါ့ ... ဇန်နဝါရီလ လွတ်လပ်ရေးနေ့ ကြိုဆိုတဲ့ အနေနဲ့ဆိုပြီးတော့ ပထမဆုံး ကုန်စည်ပြပွဲကြီးကို မြို့တော်ခန်းမ မှာ ကျင်းပပါတယ် ... စာမေးပွဲရှိနေတဲ့ ကျွန်မတို့တောင် သူငယ်ချင်းတွေနဲ့ မနက်ဘက် တစ်ခေါက်လောက်တော့ ရောက်အောင် သွားလိုက်သေးတယ် ... စည်လည်းအရမ်းစည်တာကိုး ... ပထမဆုံး အကြိမ်လည်းဖြစ် မော်ဒယ်တွေကလည်း ညဖက်ဆို ရှိုးတွေဘာတွေ လျှောက်တော့ စည်တာမဆန်းပါဘူး ... သက်မွန်မြင့်တို့တောင်ပါသေးတယ် ... စင်ပေါ်ကနေပြီး စွပ်ကျယ်တွေပစ်ပေး၊ ဆပ်ပြာမှုန့်ထုပ်တွေ ပစ်ပေးနဲ့ ဆိုတော့ လူမစဲဘူးလေ ... နယ်တွေကတောင် လာကြပါသေးတယ် ... အဲဒီအချိန်တုန်းက ကျွန်မက အဘွားအိမ်မှာ သွားအိပ်ရပါတယ် ... စာမေးပွဲနီးလာပြီဆိုတော့ အစ်မဝမ်းကွဲက ဂိုက်လုပ်ပေးလို့ ... သူတို့မှာလည်း သူတို့ ညီအစ်မနှစ်ယောက်ရယ် အဘွားရယ်ပဲ ရှိတာဆိုတော့ အဖေါ်လည်းရအောင်ဆိုပြီး သွားအိပ်ရတာပါ ...


တစ်ည ကျွန်မစာကျက်နေတုန်း ၁၂ နာရီခွဲလောက်မှာ သံချောင်းခေါက်သံ အဆက်မပြတ်ကြားရပါတယ် ... လမ်းပေါ်မှာလည်း လူတွေအများကြီးပဲ ... ဒီလိုပဲ ကျွန်မတို့ဘက်မှာ မီးလောင်ရင် သံချောင်းခေါက်ရင် လူတွေ အကုန်လုံး လမ်းတွေပေါ်ကိုဆင်း ယောက်ျားတွေက ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ဆိုက္ကားတွေနဲ့ လိုက်သွားတတ်ကြပါတယ် ... တခါတလေ မီးသတ်ကားမရောက်ခင်မှာ ဝိုင်းပြီးငြိမ်းသတ်ပေးတဲ့ လူတွေကြောင့် မီးငြိမ်းသွားရတာ များပါတယ် ... အဲဒါကြောင့် မီးလောင်ရင်တောင် မီးသတ်ကို အားကိုးတဲ့ အကျင့်သိပ်မရှိတော့သလိုပဲ ... မီးသတ်ဆိုတာ ရယ်စရာတစ်ခုလိုတောင် ဖြစ်ရင် ဖြစ်နေတာ ... ဒီလိုပဲ တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ရင်း နေလာကြတာပါ ...


ဒါပေမယ့် အဲဒီနေ့မှာ ထွက်သွားတဲ့ လူတချို့ ချက်ချင်း ပြန်လာပြီး မိန်းမတွေနဲ့ ကလေးတွေကို အိမ်ပေါ်ကို တက်ခိုင်းပါတယ် ... လမ်းမှာ မနေနဲ့ အိမ်ပေါ်ကိုတက် တံခါးကို လုံအောင်ပိတ်ထား ဆိုတဲ့ မှာသံတွေနဲ့ အတူ "ဟိုမှာ ရခိုင်နဲ့ ကုလားဖြစ်နေကြပြီ ... ဘာသံပဲကြားကြား ကိုယ့်အိမ်ထဲက မထွက်နဲ့တဲ့" ... ကျွန်မအမေဆိုရင် သနားဖို့ကောင်းလိုက်တာ ... ကျွန်မက အဘွားအိမ်မှာမို့လို့တဲ့ စိုးရိမ်လို့ ထိုင်ငိုနေခဲ့တာ ... ဖြစ်တာကလည်း အဘွားအိမ်နဲ့ဆို လမ်းတွေ သိပ်မဝေးဘူးကိုး ... တစ်ညလုံး မအိပ်ကြပဲ လမ်းက အသံတွေကိုပဲ နားစိုက်နေခဲ့ကြတာ ... အဲဒီအချိန်တွေတည်းက ဥပဒေနဲ့ ဝင်ထိန်းလိုက်ရင် သိပ်ဆိုးသွားမှာ မဟုတ်ပါဘူး ... မနက်မိုးလင်းလင်းချင်း အိမ်ကို တန်းပြေးရတယ် ... အဲဒီအချိန်မှာမှ သိလိုက်တာက ကုန်စည်ပြပွဲ နောက်ဆုံးညဆိုတော့ ၁၂ နာရီလောက်အထိ လူတွေ မစဲဘူးတဲ့ ... ကောင်လေး နှစ်ယောက် ၊ ကောင်မလေး နှစ်ယောက် နဲ့ ကိုရင်လေးတစ်ပါး ညဖက် ၁၁ နာရီလောက်မှာ ပွဲကြည့်ရင်း တူတူပြန်ကြတာ ကုလားရွာက ဖြတ်ပြန်ရတော့ ကုလားတွေက ကောင်မလေးနှစ်ယောက်ကို သားပြော၊ မယားပြော လှမ်းပြောလို့တဲ့ ... ကုလားရွာက ဖြတ်ပြန်ရတယ် ဆိုလို့ ပြောဦးမယ် ... စစ်တွေမှာ ကုလားရွာ တော်တော်များများက အဓိက လမ်းကြီးတွေပေါ်မှာ ရှိတယ် .. နည်းတဲ့ ရွာကြီးတွေ မဟုတ်ဘူး ... ပြီးရင် ကျွန်မတို့ရဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံရှေ့တည့်တည့် Main လမ်းမဖြစ်တဲ့ လမ်းမကြီးပေါ်မှာလည်း ဗလီအကြီးကြီး နည်းတဲ့ဟာကြီးမဟုတ်ဘူး ... အဲလို ကောင်မလေးတွေကို ပြောတော့ ကောင်မလေးတွေက ပြန်ဆဲလို့တဲ့ ဟိုက ပိုရိုင်းလာတော့ ကောင်လေးတွေကပါ ဝင်ပြောတော့ ကုလားရပ်ကွက်မှာ အဲဒီလူခြေပြတ်တဲ့အချိန်ဆိုတော့ သူတို့တွေက ဆွဲလားရမ်းလား လုပ်တာနဲ့ ကောင်လေးနှစ်ယောက်၊ ကိုရင်လေး နဲ့ ဆွဲနေကြချိန် ကောင်မလေးတွေက ထွက်ပြေးသွားကြလို့ လွတ်သွားပါတယ် ... သူတို့ကလည်း ကောင်မလေးတွေကို အာရုံမစိုက်တာလည်း ပါပါလိမ့်မယ် ... ကောင်လေးနှစ်ယောက်က နယ်က ကျောင်းလာတက်တာပါ ... ရွှေစေတီဘုန်းကြီးကျောင်းမှာ နေပြီးတော့ ကျောင်းတက်နေကြတာပါ ... ဖြစ်ချင်တော့ စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး ခရီးလွန်နေချိန် ဖြစ်နေလို့ ခုလို ညဖက်ကို ခိုးထွက်လို့ ရကြတာပါ ... အဲလို ထိုးကြိတ်ရင်းနဲ့ သူတို့ရွာထဲကို ဆွဲသွင်းရာက ကောင်လေးတစ်ယောက် လွတ်သွားပါတယ် ... ကောင်လေးကလည်း ပွဲဖက်ကိုသာ ပြန်ပြေးရင် ပိုကောင်းသွားမှာပါ ... လူတွေ အများကြီး လိုက်လာနိုင်ကြမှာ ... ဒါပေမယ့် ကောင်လေးလည်း ကိုယ်လွတ်ရာပြေးရင်း ရွှေစေတီကျောင်းကို ရောက်သွားပါတယ် ...


ရွှေစေတီကျောင်းဟာ အကြီးဆုံး စာသင်တိုက်မို့လို့ ကိုယ်တော်တွေ ကိုရင်တွေ အများကြီးပါပဲ ... အဲဒီမှာ ကောင်လေးက ကိုယ်တော်ကို သွားလျှောက်တော့ ကိုယ်တော်တွေရော ကိုရင်တွေရော လိုက်လာခဲ့ကြပါတယ် ... ပြီးတော့ အဲဒီနားမှာ လူသွားတောင်းတယ် ... တစ်ယောက်မှ ဘာမှ မပြောကြဘူး ... ဆွဲသွင်းသွားတဲ့ အဆောက်အဦးထဲကို ဝင်ရှာတယ် ... ပြီးမှ ကိုရင်လေးခေါင်းကို ချိတ်ထားတာတွေ့ပါတယ် ... ခန္ဓာမတွေ့ပါဘူး ... ဒီလိုနဲ့ အုတ်အော်သောင်းနင်း ဖြစ်ရာက ကုန်စည်ပြပွဲက လူတွေလည်း ရောက်လာပြီးတော့ အိမ်တွေကို ရှာကြတယ် ... မတွေ့ပါဘူး ... အဲဒီမှာပဲ ဒေါသတွေ ထွက်ပြီးတော့ ကိုရင်လေးခေါင်းကို တွေ့တဲ့ အဆောက်အဦးကို မီးရှို့ကြတာပါ ... အဲဒါ မိုးအလင်း ဟိုဘက်နဲ့ ဒီဘက်ချကြတာ ...


ငရဲကျနေသလိုပါပဲ ... လူတွေရော ဘုန်းကြီးတွေရော ... သူတို့ဘက်ကလည်း ရှိသမျှလူတွေပေါ့ ... ရတဲ့ လက်နက်နဲ့ဆော်ကြတာ ... ရခိုင်တွေက ကလေး၊ မိန်းမ နဲ့ သက်ကြီးရွယ်အိုတွေကို မသတ်ပါဘူး ... ဒါပေမယ့် သူတို့က တွေ့သမျှသတ်တယ် ... ပြီးရင် သူတို့မိန်းမတွေက သူတို့အိမ်တွေပေါ်ကနေ ပုလင်းကွဲတွေ ပစ်ချကြတယ် ... ကိုယ်တော်တွေလည်း ခေါင်းကွဲတဲ့သူကွဲ ... ဆီတွေလောင်းကြတယ် ... မီးတွေ ပစ်ကြတယ် ... ဒီတော့ ဒီကလည်း သူတို့ အိမ်တွေပေါ်ကို ဆီဗုံးတွေနဲ့ မီးကွင်းတွေ ပြန်ပစ်ကြတယ်ပေါ့ ... အဲဒီအချိန်တွေမှာ ကျွန်မတို့ ဘယ်ကတရားဥပဒေကိုသွားပြီး အားကိုးရမှာလဲ ... တရားဥပဒေလာဖို့ အသေခံစောင့်နေရမှာလား ... ပြီးမှ စစ်တပ်က ဗျူဟာမှူးကိုယ်တိုင်လိုက်လာပြီး လော်စပီကာနဲ့ အော်လို့ သူ့ကို နှစ်ဘက်လုံးက ဘယ်ကထုမှန်းမသိ နဖူးထိသွားတယ် ... တပ်တွေလည်း ဒီအတိုင်း ကားရပ်ပြီးကြည့်ရတဲ့ အခြေနေဖြစ်သွားတယ် ... သူတို့တွေလည်း ရခိုင်ရွာတွေကို မီးတိုက်တယ် ... ကျွန်မတို့ အဘွားအိမ်ပါသွားလို့ ပြေးကြရတယ် ... ဆွေမျိုးတွေ အိမ်တွေလည်း ပါသွားတယ် ... ရက်ကွက်လိုက်ကြီးတွေ ပျက်စီးသွားတာ ...သူတို့ ရပ်ကွက်တွေရောပေါ့ ...


ကြောက်စရာကောင်းအောင် တွေ့လိုက်ရတာက ... သူတို့ရဲ့ ဒေါ်လာဆိုတဲ့ အထင်ကရ တည်းခိုခန်းမှာ လက်နက်သေတ္တာတွေ တွေ့လိုက်ရတာပဲ ... ငွေစက္ကူတွေ ဒေါ်လာတွေ အများကြီးပဲ ... ဘုန်းကြီးတွေက အကုန်မီးရှို့ဖျက်စီးပစ်လိုက်တာ ... ပိုင်ရှင်တွေက အဲဒီနေ့မှာပဲ မော်တော်ဘုတ်တွေနဲ့ ညတွင်းချင်း ထွက်ပြေးကြတာ ...


အဲဒီဟာကိုသာ မတွေ့လိုက်ဘူးဆိုရင် တွေးတောင် မတွေးရဲဘူး ... နောက်တစ်ရက်မှာ တပ်က မာရှယ်လောထုတ်လိုက်တယ် ... ညဖက် ၆ နာရီ အပြင်ကို မထွက်ရ ...အဲဒီအတွက်လည်း တရားဥပဒေနဲ့ လုပ် မလုပ်လည်း မကြားရ မသိရ ...


ရခိုင်ပြည်ဟာ ရေကြောင်းခရီးကို အဓိက အားထားရတဲ့နေရာ ... ပင်လယ်ကြီးနဲ့ ဆက်စပ်နေတော့ လှိုင်းလေ အရမ်းကြမ်းတယ် ... ကုလားတန်မြစ်ကိုဖြတ်ပြီး နေ့တိုင်းသွားပြန်နေရတဲ့ လူတွေ ရှိတယ် ... အဲဒီမှာ မုန်တိုင်းမိပြီး မှောက်သွားတဲ့ မော်တော်က အဘွားကြီးနဲ့ မိန်းမကြီးတစ်ယောက်က ဘေးနားကဖြတ်သွားတဲ့ ပိုက်လောင်းလေးကို အကူညီတောင်းတော့ ကုလားတွေ ငါးသွားဖမ်းတာဖြစ်နေတယ် ... သူတို့လည်း လောင်းပေါ်ကို ဆွဲတင်လိုက်ပြီး ပါလာတဲ့ အဘွားကြီးကို လည်ပင်းလှီးသတ်ပြီး ရေထဲကို ချပလိုက်တယ် ... မိန်းမကြီးကိုတော့ အဓမ္မကြံပြီးမှ ဝတ်ထားတဲ့ နားကပ်တို့ လက်ကောက်တို့ ဆွဲကြိုးတွေကိုယူ လည်ပင်းကို ဖြတ်ပြီးမှ ပစ်ချလိုက်တယ် ... မြင်သွားတဲ့ တခြားလှေက လူတစ်ယောက်အသတ်ခံရပြီး နောက်တစ်ယောက်လွတ်သွားလို့ ပြန်တိုင်တယ် ... ဒါလည်း ဖမ်း မဖမ်း မသိရဘူး ... ဒီလိုမျိုး အားကိုးရတဲ့ တရားဥပဒေနဲ့ ကာကွယ်ပေးထားတာပါ ...


ကျွန်မတို့မှာလည်း ကိုလဂွန်းအိမ်တို့လိုမျိုး သူငယ်ချင်းတွေ ရှိပါတယ် ... သူငယ်ချင်းတစ်ယောက်ဆိုရင် အစ္စလာမ်ပေမယ့် ကျောင်းက ဆရာ ဆရာမကို ရှိခိုးတယ် ... ကျွန်မတို့ ဘုရားရှိခိုးရင် လက်အုပ်လေးချီထားတယ် ... သူ့အိမ်မီးလောင်တုန်းက ရခိုင်တွေကပဲ ငြိမ်းပေးခဲ့ကြတာ ... သူတို့ မောင်နှမလေးယောက်လုံးကို ကျွန်မတို့တွေ အရမ်းချစ်ကြပါတယ် ... တခြားကောင်လေး ၃ ယောက်ရှိပါသေးတယ် ... ကျောင်းကထိန်ဆိုရင် ဘုန်းကြီးကျောင်းက သူတို့ကိုယ်တိုင်ပဲ ပဒေသာပင်တွေ သွားယူကြတာ ... ကျွန်မတို့ ဘုရားကို ဝတ်မပြုရင်သာနေမယ် ... အရှင်ဘုရားတွေ ဆိုရင်လည်း လေးလေးစားစားနဲ့ ပြောတတ်တယ် ... ကျွန်မတို့ကို မရိုင်းရင် ကျွန်မတို့ကို မစော်ကားရင် ကျွန်မတို့ ဘယ်သူ့ကိုမှ မလုပ်ပါဘူး ... ကျွန်မတို့ကလည်း အစ္စလာမ်ဘာသာကို မုန်းနေတာ မဟုတ်ပါဘူး ... ကျွန်မတို့မှာ ကိုယ့်အိမ်ကိုယ့်ယာမှာ နေပြီး ကိုယ့်မြေဖြစ်ပါလျက် အကာအကွယ်မဲ့နေတဲ့ ဘဝကို ကျော်ဖြတ်လာကြတာပါ ... အဲလိုအချိန်တွေမှာ လာကယ်မဲ့ ရဲတွေကို စောင့်နေရင် ကျွန်မတို့ ဘဝတွေ ဘာဖြစ်သွားကြမလဲ ... ရပ်ကွက်ထဲက ယောက်ျားငယ်လေးတွေက အုပ်စုလိုက် အလှည့်ကျ ကင်းစောင့်ရင်း ကိုယ့်ရပ်ကွက်ကို ကိုယ်စောင့်ရှောက်လာခဲ့ကြတဲ့ အကြိမ်တွေ ရေတွက်လို့ မရပါဘူး ...


ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံတဲ့ ခံစားချက်ကို နားလည်ပေးကြပါလို့ အတင်းမတိုက်တွန်းပါဘူး ... ခုလည်း ရမ်းဗြဲမှာ မသီတာထွေးကို သတ်တဲ့ကိစ္စကို ဘာတစ်ခုကမှ အသိအမှတ်ပြုလုပ်ပေးတာမျိုးမရှိဘူး ... လူတွေတောင် မသိကြဘူးလေ ... တောင်ကုတ်က လူသတ်မှုပေါ်မှ သိသွားကြတာ ... တောင်ကုတ်ကကိစ္စအတွက် ထိခိုက်ဝမ်းနည်းရပါတယ် ... သေသွားတဲ့သူတွေ အတွက်ရော ... ကျွန်မတို့ကို ကာကွယ်ပေးတယ်လို့ ယူဆပြီးကျူးလွန်ဖြစ်ခဲ့တဲ့ ညီကိုမောင်နှမတွေကိုရော ... အရမ်းကို ထိခိုက်ကြေကွဲရပါတယ် ... ဒါပေမယ့် အဆိုးထဲက အကောင်းတစ်ခုက ရခိုင်ဒေသကို ဥပဒေ အမှောင်ချထားလို့ မရတော့ဘူးဆိုတာပါပဲ ...


ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်ကို ရိုးလွန်းလို့ ဒေါသကိုထုတ်ပြ လုပ်ပစ်လိုက်ကြတာ ... ကျွန်မတို့ရဲ့ ပြေးလာတဲ့ ခြေလှမ်းတွေ ရပ်သွားမှာကိုလည်း သူတို့တွေ မသိလောက်အောင်ကို ရိုးကြ နုံကြ အကြတာ ... သူတို့ အမျိုးသားရေးကို ကာကွယ်မယ်ဆိုတဲ့ အရိုးခံစိတ်တစ်ခုပဲ ရှိတယ် ... အလိမ္မာ မရှိကြဘူး ... ပရိယာယ်မရှိကြဘူး ... ကျွန်မသာဆိုရင်တော့ အဲသလိုမလုပ်ဘူး ... ကိုယ်လုပ်စရာမလိုဘဲ သူ့စားရိတ်နဲ့သူသွားအောင်ပဲ လုပ်မယ် ... ဒါပေမယ့် ပရိယာယ်မရှိတဲ့ ကျွန်မတို့ အစ်ကိုတွေက ကျွန်မတို့ကို စောင့်ရှောက်ဖို့ သူတို့တွေ ရှိကြောင်းကို ပြလိုက်သလိုပဲ ... " ကျွန်မတို့ သွားနေကြတဲ့ခြေလှမ်းတွေကို ရပ်စေတဲ့ အတွက်ရော ... လူ့အသက်ကို သတ်လိုက်တဲ့ အတွက်ရော မုန်းတယ် ... ပြီးရင် သူတို့တွေ ကိုယ့်လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်မိသွားတာမို့လို့ သနားတယ် ... နောက်ဆုံး အကာအကွယ်မရှိတဲ့ကျွန်မတို့တွေအတွက် သူတို့တွှေကာကွယ်ဖို့ အဆင်သင့်ရှိနေပါလားဆိုတဲ့စိတ်နဲ့ ချစ်မိတယ် ယူကြုံးမရဖြစ်မိတယ် ... "


သူတို့လုပ်ရပ်ကို ထောက်ခံတာ မဟုတ်ဘူး ... လုံးဝကို ကန့်ကွက်ပါတယ် ... ပြစ်မှုကျူးလွန်သူတိုင်း ပြစ်ဒါဏ်ကို ခံကြရမှာပါ ... ဒါပေမယ့် သူတို့တွေ ဒီလိုဖြစ်နေတာ ဘာတွေကြောင့်လဲ ... ကျွန်မတို့ ဒေသမှာ တရားဖြစ်လာရင် တကယ်အပြစ်ပေးလိမ့်မယ်လို့ မယုံကြည်နိုင်ကြတော့လို့ပဲ ... တကယ့်ကို တရားဥပဒေ မစိုးမိုးလို့ပဲ ... ရခိုင်တွေက အချင်းချင်းပဲ စောင့်ရှောက်ရင်းနဲ့ ကိုယ့်သားသမီး ကိုယ့်ညီအစ်ကို မောင်နှမကို လူမျိုးခြား လက်ထဲကို မရောက်သွားရအောင် ကာကွယ်လာကြရတဲ့ဘဝ ... ဒါတွေကြောင့်ပဲ ကုလားနဲ့ ရခိုင်လက်ထပ်တာမျိုး မရှိသလောက်ရှားတာ ... အနောက်ရိုးမမှာ ရခိုင်တွေက မြန်မာနိုင်ငံထဲကို ကုလားတွေ စိမ့်ဝင်မသွားဖို့ မြေခံကတုပ် အနေနဲ့ ခံပေးနေကြရတယ်ဆိုတာကို သိရင် ...


ဒီလိုကိစ္စမျိုးတွေ ဝေးပြီး ရခိုင်မြေမှာ ရခိုင်တွေတည်ထားကိုးကွယ်တဲ့ ဘုရားတွေကို ရခိုင်တွေ စိတ်အေးလက်အေး ရှိခိုးရမယ့် နေ့တွေကို တောင့်တရင်း .... ကျွန်မတို့ လူမျိုးတွေ ခိုကိုးရာမဲ့သောဘဝက အကာအကွယ်မဲ့သောဘဝက၊ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ကြောက်လန့်နေရတဲ့ ဘဝက၊ သံသယတွေနဲ့ပဲ ကြီးပြင်းရတဲ့ ဘဝက တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...


( မှတ်ချက်။ ။ အစ္စလာမ် ဘာသာဝင်တိုင်းကို စော်ကားခြင်းမဟုတ်ပါ ... ရခိုင်ပြည်ရဲ့ အမှောင်ချခံထားရတဲ့ အခြေနေကို လှစ်ဟပြရုံသက်သက်သာ ... တခြားသောသူတွေ ဒီကိစ္စကို ပြီးစေ ငြိမ်းစေချင်တာထက် ရခိုင်တွေက ပိုတယ်ဆိုတာကို သိထားစေချင်ပါတယ် ... ရခိုင်ဒေသမှာ အဓိက ဖြစ်နေတော့ မိသားစုတွေ ညီအစ်ကို မောင်နှမတွေ အတွက် ရတက်အေးကြပါ့မလား ... ကိုယ်ချင်းစာ နားလည်ပေးကြလိမ့်မယ်ထင်ပါရဲ့ ... )




အကောင်း အဆိုး ၊ အကြောင်း အကျိုး ဆိုတာ လူမျိုးတိုင်း နေရာတိုင်းမှာ ရှိနေတယ်လို့ ယုံကြည်စွာဖြင့်


သင်းချို

အဂုတလော တချို့ရခိုင်သားချေတိ မိန်းစွာ မိန်းခွန်းတစ်ခုကို ကောင်းကြုံလာရပါရေ ။ အားလုံးကို မဆိုလိုပါ။ မိန်းခွန်းက "ရခိုင်သမချေတိက ရခိုင်သားချေတိကို မကြိုက်ကတ်ပါလာ" ။ အေမိန်းခွန်းအတွက် ဖြေဖို့အဖြေ အကျွန့်မှာ အဆင်သင့်ရှိပါရေ ။ ယကေလေ့သော့ ယင်းအဖြေစွာ မမချေ အားလုံးကိုယ်စားလို့ မဆိုနိုင်ပါ ။ အကျွန်နန့် ထိစပ်ဆက်နွယ်နိန်ရေထဲက မမချေ အများစုကို ခင်မင်ယင်း ၊ ပေါင်းသင်းယင်း ရလာရေ အချက်ချေတိပါ။ အကျွန်ကိုယ်တိုင်လေ့ လက်ခံရေ အချက်ချေတိပါ ။

ရခိုင်သမချေတိအတွက် ယောက်ျားချေတစ်ယောက်ရေ ရခိုင်သားဖြစ်ခါကပင် ၄၀ % အော်တို အားသာချက်ရှိခပါဗျာယ် ။ ရခိုင်သမချေတိက ရခိုင်သားချေတိကိုရာ လိုချင်ကတ်ပါရေ ။ ယကေလေ့ တစ်ဘဝလုံးလက်တွဲလားဖို့ ယင်းရခိုင်သားချေရေ ရခိုင်သားဖြစ်နိန်ရုံနန့်တော့ကေ တစ်ဘဝစာ မလုံလောက်နိုင်သိဆိုစွာကို လက်ခံနိုင်ကတ်ဖို့ထင်ပါရေ ။

အဂုခေတ်မှာ မမချေအများစုစွာ ပညာရေးကို တစိုက်မတ်မတ်လိုက်စားပနာ ကိုယ့်စွာကိုယ်ရပ်တည်နိုင်စွမ်း ပိုရှိလာကတ်ပါရေ ။ နိုင်ငံတကာမှာ ရင်ဘောင်တန်းပနာ ရပ်တည်လာနိုင်စွမ်းရေ ယင်းမမချေတိ ရင်ထဲကို ထိုးဖေါက်ဝင်ဖို့ အမောင်ရခိုင်သားချေစွာ "ကကောင်းချစ်ပါရေ ၊ မြတ်နိုးပါရေ ။" ဆိုရေ စကားတစ်ခွန်းတည်းနန့်ရာဆိုကေ နောက်ထပ် ၅ % ထပ်ပေါင်း (၄၅ %)။ ယင်း ၄၅ % ကပင် ထပ်တက်လီဖို့ မဟုတ်ပါဗျာယ် ။

လူတစ်ယောက်ကို အထင်ကြီးမိလားကေ ၊ လေးစားမိလားကေ အခြားအရာတိထက် ထိုးဖေါက်နိုင်စွမ်း ပို လျင်ပါရေ ။ ယုံကြည်မှုလေ့ ပိုရှိလာပါရေ ။ ယင်းချင့်စွာ ယောက်ျားချေနန့် မမချေကြားမှာမှ မဟုတ် ။ လူကြီးနန့် လူငယ်ကြား ၊ ဆရာနန့် တပည့်ကြား ၊ ယောက်ျားချေချင်းချင်း ၊ မမချေချင်းချင်း ကြားမှာလေ့ ယင်းပိုင်ပါဗျာယ် ။ ကိုယ့်စွာကိုယ် သုံးသပ်ကြည့်ကတ်ပါမယ် ။ ကိုယ်လေးစားတန်ဖိုးထားရေ လူတစ်ယောက်ကပြောရေ စကားအပေါ်မှာ အလေးအနက်ထားမှုနန့် သာမာန်လူတစ်ယောက်က လာပြောရေ စကားအပေါ်မှာ အလေးအနက်ထားမှု ။ "ပုဂ္ဂိုလ်ခင်မှ တရားမင်" ဆိုစွာ အေကရလာရေ စကားပုံ မဟုတ်ပါလားယေ ။ ယင်းနည်းတူပါဗျာယ် ကိုယ့်စွာကိုယ်ရပ်တည်နိန်နိုင်ရေ ၊ မိသားစုအတွက် တစ်တပ်တစ်အားဖြစ်နိန်ရေ မမချေတိစွာ နှလုံးသားကို ဦးနှောက်နန့် ချိန်ထိုးတတ်ကတ်ပါရေ ။ သူရို့ကို မှားရေ ၊ ဂုဏ်မက်တေ ၊ ငွေမက်တေလို့ ပြောပါဖို့လား ။ နှလုံးသားကို ကိုးကွယ် ၊ အချစ်အတွက် အသက်ကိုစွန့်ရေလို့ ပြောတတ်ကတ်တေ အရွယ်ကို ကျော်လွန်ပနာ ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိန်နိုင်ရေ မမချေတိစွာ ချစ်တေ၊ မချစ် ဆိုပနာ တစ်ချက်ချေ ကာလတိုကိုထက် တစ်ဘဝစာ ခခိုင်မြမြဲ လက်တွဲဖေါ်ကိုရာ ရွီးချယ်ချင်ကတ်ပါရေ ။ ယင်းချင့်ရေ မှန်ကန်ရေ လုပ်ရပ်ချေလို့လေ့ လက်ခံထားတတ်ကတ်ပါရေ ။

မမချေတိရဲ့ သဘောသဘာဝအရ ဇာလောက်ပင် ထက်မြက်ပနာ တော်ရေမမချေ ဖြစ်လီပါပတ်စီ (မသိစိတ်က) မှီချင်ရေ သဘောရှိပါရေ ။ မှီရေ ဆိုခါကပင် အမှီခံဖို့အရာရေ ကိုယ်မှီနိုင်လောက်တေလို့ ယုံကြည်စိတ်ချနိန်နိုင်ဖို့ လိုပါရေ ။ ယင်းစိတ်တိကို ပထမဆုံး ညို့ငင်ပနာ သိမ်းကြုံးယူလားဖို့စွာက အချစ်ဆိုရေ ဖွဲ့နွဲ့ရေ စကားတိ မဟုတ်ပါ။ "အထင်ကြီး လေးစားမှု"။ အထင်ကြီး လေးစားမှု ဆိုစွာ ငွေကြေးကို ဦးတည်စွာ မဟုတ်ဆိုစွာကို နားလည်ကတ်ပါလိမ့်မေ ။ ရခိုင်သားကောင်းချေတိ အနေနန့် မမချေတိ အထင်ကြီးလေးစားမှုကို မရယူခင် ပထမဆုံး ကိုယ့်စွာကိုယ် ယုံကြည်စိတ်ချမှု ၊ ကိုယ့်စွာကိုယ် လေးစားမှုတိရှိဖို့ အယင်လိုပါလိမ့်မေ ။ ကိုယ့်အပြုအမူတိကို သူရာ အထင်သေးစိတ် စဝင်လားကေ နဂို ၄၅ % တောင် အနှုတ်ပြလားနိုင်ပါရေ ။

"ဇာကိုလေ့မလို ၊ အချစ်တစ်ခုရာ ပါပတ်စီ" ဆိုစွာ ဆယ်ကျော်သက် အရွယ် (သို့) တေးခင်းထဲမှာ ကျန်ခပါဗျာယ် ။ ဘဝတစ်ခုလုံးကို ချီတက်လားဖို့အတွက် ကိုယ့်ကို လုံခြုံရေ အကာအကွယ်မျိုး ၊ တခါတလီ ကိုယ်လားနိန်ရေ လမ်းကြောင်းမှာ တွေဝေမိလားကေ လမ်းကြောင်းချပီးနိုင်ရေ ဦးဆောင်မှုမျိုး ၊ ကိုယ့်ပင်ပန်းမှုတိကို နှစ်သိမ့်ဖေးမပီးနိုင်ရေ နွီးထွီးမှုမျိုး ၊ ဘဝအတက်အကျတိုင်းမှာ ကိုယ့်လက်ကို နနောင်းကိုင်ပနာ ကိုယ့်ရှိမှာ မားမားမတ်မတ်ကာကွယ်ပီးရေ ရဲရင့်မှုမျိုးတိကို မမချေတိ တောင့်တမိကတ်စွာရာဆိုကေ ယင်းမမချေတိကို မှားရေလို့ စွဲချက်တင်ကတ်ပါဖို့လား ။ ယင်းမမချေတိရေ ကိုယ်နန့် ဘဝတစ်လျှောက်လုံးကို တတူတွဲလားရေ အိမ်ဦးသခင်ကို ရိုသေဝပ်တွားချင်ကတ်ပါရေ ၊ အားကိုးတွယ်တာချင်ကတ်ပါရေ ၊ သူ့အခက်အခဲ ကိုယ့်အခက်အခဲ ဝီမျှယူချင်ကတ်ပါရေ။

ရခိုင်သားချေတိမှာ လေးစားဖို့ကောင်းရေ၊ ထက်မြက်တေ ၊ ကိုယ့်ကျွမ်းကျင်မှုနန့်ကိုယ် တော်ရေ ရခိုင်သားချေတိ အများကြီး ရှိကတ်ပါရေ ။ မူးလာကေ ဟောင်ဖွါ ဟောင်ဖွါ ရခိုင်သားမှ ရခိုင်သား အမျိုးချစ်တေလို့ အော်တတ်တေရခိုင်သား ၊ လိုအပ်ရေအချိန်မှာ အလုပ်ကြီးကြီးလုပ်ကတ်ကေ ပစ္စလက္ခတ်ဆဲစွာနန့် အယင်စပနာ သူရို့ဝင်ကူညီရေလို့ ယုံကြည်ကတ်တေ ရခိုင်သား ၊ လူအများနန့်လုပ်ကတ်ကေ အုပ်စုလုံးတိုင်ပင် နှီးနှောစွာထဲမှာ ပါမလားပဲ "ကိုယ့်တစ်ယောက်တည်း တစ်မင်း" ရခိုင်သား ၊ ကိုယ်လေ့ ဦးမဆောင် လူများတိ အလုပ်ကို အဆိုးမြင်နန့် ပုံသေကြည့် ဇာနေရာမှာ ဇာပိုင်လို့ ဝေဖန်ကဲ့ရဲ့တတ်တေ ရခိုင်သား ၊ အကောင်းမြင်ဘက်က ကြည့်ပနာ အေနေရာချေမှာ အေပိုင်ဆိုကေ ပိုကောင်းလားဖို့လားလို့ အကြံပီးတတ်တေ ရခိုင်သား ၊ ဇာပင်လုပ်လုပ် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်စီရေ ရခိုင်သား ၊ အငြင်းအခုံကြိုက်တေ ရခိုင်သား ၊ ဆွေးနွေးမှုကို အပြုသဘောနန့် လက်ခံရေ ရခိုင်သား ။ ရခိုင်သားတိ အများကြီးပါ ။ ကိုယ့်စွာကိုယ်ပဲ ပြန်သုံးသပ်ကတ်ပါမယ် ။

အကျွန်ရို့တိ လေးစားတန်ဖိုးထားရရေ ရခိုင်သားတိ အများကြီးရှိပါရေ ။ ယင်းပိုင် တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားလေးစားပနာ ဘဝတစ်ခုကို ခခိုင်မြမြဲတည်ဆောက်လားရေ မိသားစုတိလေ့ အများကြီးပါရာ ။ ရခိုင်သမချေအများစုလေ့ ရခိုင်သားချေတိထဲကရာ ရွီးချယ်ကတ်ပါလိမ့်မယ် ။ ကိုယ်တန်ဖိုးထားရေ မမချေက ရွီးချယ်လိုက်ခရေ ရခိုင်သားချေ တစ်ယောက်စွာ ကိုယ်မဟုတ်လိုက် ကိုယ်မဖြစ်လိုက်ဖို့စွာကိုရာ စိုးရိမ်စီချင်ပါရေ ။ "ရခိုင်သမချေတိက ရခိုင်သားတိကို မကြိုက်ကတ်ပါလာ" လို့ ပြောရေ ရခိုင်သားကောင်းချေတိအတွက် အကျွန် မိန်းခွန်းအောက်ပီးလိုက်ပါယင့်ကား ......

PS: ဇာသူတစ်ဦးတစ်ယောက်ကိုလေ့ ထိခိုက်စီဖို့ မရည်ရွယ်ပါ ။ ဖတ်လို့ စိတ်ထဲမှာ မကျေမနပ်ဖြစ်ခကတ်ကေလေ့ မဆဲကတ်ဖို့ မေတ္တာရပ်ခံပါယင့် ။

သင်းချို


Online ကို တက်လာခစွာနန့် ဆရာကြီးဓါတ်ပုံကို အယင်မြင်လိုက်ရရေ ။ ဇာမှန်းတော့ကေ မသိသိ ။ စာကို ဖတ်ကြည့်လိုက်ခါမှ နှမြောတသ ဝမ်းနည်းမိပါရေ ။ ကြယ်တစ်ပွင့် ကြွီကျလားရေဆိုစွာထက်ကို ပိုပါသိရေ ။ IT ခေတ်ဖြစ်လို့ Face Book ထက်ကနိန် သတင်းတိကို အချိန်နန့်တပြေးညီ ရလာစွာရေပင် ကျေးဇူးတင်စရာ ။ ဆရာကြီးကတော့ကေ နှုတ်မဆက်ခပါဘဲနန့် နှုတ်ထွက်လားခယာ ။ ရခိုင်ပြည်အတွက် ထွန်းလင်းတောက်ပခရေကြယ်တိ တစ်ပွင့်ပြီးကေ တစ်ပွင့် ကြွီကျလားကတ်ဖို့ယာဆိုကေ ယင်းအလင်းအားတိနန့် အတတ်နိုင်ဆုံးပီးထားခကေတောင် မှုန်ဝါးဝါးငါရို့ညည့်တိ အေထက်မှောင်လားကတ်ဖို့ယာလား .....

ဝမ်းနည်းမိပါရေ ဆရာကြီး ။ ဆရာကြီးလင်းနိုင်ခရေ အလင်းအားတိထဲက တစိတပါဒလောက်စုပ်ယူပနာ အပုံတစ်ရာပုံလို့ တစ်ပုံလောက်ပင်တောင် ပြန်မလင်းပီးနိုင်ရေ ကိုယ့်စွာကိုယ် ကောင်းရှက်မိပါရေ ။ ရခိုင်တိထဲမှာလေ့ အကျွန့်ပိုင် ဟိုယောင်ယောင် အေယောင်ယောင် ကိုယ့်စွာကိုယ် ဇာမှန်းတောင် သေချာမသိရေလူတိလေ့ များရေ ။ ဇာတစ်ခုကိုလေ့ "ဂ,ဃ - န,ဏ" အသေချာမသိဘဲ တတ်ယောင်ကားပါလေ ။ အကျွန့်ပိုင်လူတိစွာ ဇာကိုမဆို သိရေပိုင်ပုံစံနန့် အမှန်တိတိကျကျတတ်စွာဆိုလို့လေ့ တစ်ခုချေတောင် မရှိဘဲ သိသလိုလို .... လိုလို ဆိုရေအဆင့်နန့် ကိုယ့်စွာကိုယ် ကျေနပ်နိန်ကတ်တေလူမျိုးပါ ။ ဟုတ်တိပတ်တိသိစွာတစ်ခုလောက် လုပ်ပြဖို့ကျကေ လုပ်စရာ ပြစရာ ရှာမရရေလူမျိုးပါလေ ။ အေပိုင်လူတိစွာ မသိရေလူတိကိုထက် သင်ပြရခက်ပါရေ ။ ဆရာကြီးရို့ပိုင် အလင်းသျှင်တိ ရှိနိန်ရေအချိန်မှာတောင် မျက်စိကိုစုံမှိတ်ချထားခကတ်တေ ရခိုင်တိ ၊ စကေချေဖွင့်လာရေမျက်စိမှာလေ့ ငြောင့်တန်းလန်းနန့်သိ ။ အမြင်တိက ဟိုကိုငြိ အေကိုငြိ ။ အခြားလူတိတော့ကေ အကျွန်မသိပါ ။ အကျွန်သိစွာက ကိုယ့်စွာကိုယ်ရာသိရေ ။

အေနိန့်ခါ သူငယ်ချင်း Myat Nway နန့် ဖုန်းပြောဖြစ်ကတ်တေ ။ ထောင်ကျနိန်ရေသူငယ်ချင်းတိလွတ်လာစွာ အကြောင်း ၊ ထောင်ထဲမှာ ကျန်ခရေ သူငယ်ချင်းတိအကြောင်းကို ပြောယင်းနန့် ဆရာကြီးအကြောင်းကိုရောက်လား ခကတ်ပါရေ ။ ပြောယင်းနန့် သူ့ပါးက လေးလေးနက်နက်ထွက်လာရေ စကားချေတစ်ခွန်းက အကျွန့်ကို အေစာရီးစီဖို့ အဓိက ရီသောက်မြစ် ဖြစ်လားပါရေ ။ သူပြောလိုက်တေစကားက "ဆရာကြီး သီဖို့ခါ ရခိုင်တိကို စိတ်ကချခယင့်လားချင့်နန်း " ပါလတ် ။ အကျွန်လေ့ စဉ်းစားမိလားခပါရေ ။ စိတ်ချလီဖို့ပါလားချင့် ။ လက်ကြောမတင်းရေ သားသမီးတရွီကို ရှာကျွေးနိန်ခရေ အဖသည်တစ်ယောက်ရေ သူ မရှိခါ ဇာပိုင်စားသောက်ကျန်ခဖို့လဲ စိုးရိမ်ကြောင့်ကြနိန်ရေပိုင်မျိုး ဆရာကြီးလေ့ အေလက်ကြောမတင်းရေ သူ့ သားသမီးတရွီအတွက် စိတ်ချလက်ချ ထားခလီဖို့လားချင့် ။ သြော် နောက်ဆုံးအချိန်တောင် စိတ်ချလားပါလီလို့ အာမခံပီးနိုင်လောက်အောင် လိမ်မာမှုမရှိရေ သားဆိုး သမီးဆိုးတိအတွက် ဆရာကြီး နောက်ဆံငင်နိန်လီဖို့လားဆိုရေအတွေး ခေါင်းထဲကို ဝင်လာစွာနန့်တောင် အားနာမိပါရေ ။

တခါတလီဆိုကေ ကိုယ့်အချင်းချင်း အယူအဆချေ မတူစွာနန့် လူသိရှင်ကြား online ထက်မှာ ထောင်းချနိန်ကတ်စွာကို ဆရာကြီးရာ တွိခလီကေ မိဘရှိတင်မှာ သားသမီးနှစ်ယောက် ရန်ဖြစ်ထွီးသတ်နိန်ကတ်ကေ ခံစားရရေ မိဘတိခံစားချက်မျိုး ဆရာကြီးမှာ ဖြစ်မိလီခဖို့ထင်မိယင့် ။ အကျွန်ရို့ပိုင် ဟိုမရောက် ဒေမရောက်တိက ခက်တေ ။ လမ်းလျှောက်မတတ်ခင် အပြီးမြန်ကြောင်း ကြွားချင်နိန်ကတ်တေပိုင် ၊ သွားမပေါက်ခင်ကပင် သစွယ်ကို ပြချင်နိန်ကတ်ပြန်ယာလေ ။ ငါ့ကို ဇာထင်နိန်လေ ဆိုရေအတွေးမျိုးက ခန္ဓာကိုယ် သွီးကြောအနှံ့မှာ ဗီဇတစ်ခုပိုင် ငြိတွယ်လားခကတ်ကေ မခက်လားလို့ ခုမှ စဉ်းစားမိပါယင့် ဆရာကြီး ။

အကျွန်လေ့ တစိချေသိပနာ ကမ္ဘာလောက်သိရေ မခံပါဘဲနန့် "ဝလုံးချေ" ကပင် စပနာ သင်ယူပါလီဖို့ပါဗျာယ် ။ နောက်ထပ်နောက်ထပ်သော ဆရာကြီးတိ စိတ်ချရအောင် အားရကျေနပ်တတ်ကတ်အောင် အကျွန်ရို့ ညီအကို မောင်နှမတိ "ရခိုင်" ဆိုစွာကို အသံကုန်အော်နိန်ကတ်ဖို့အစား တစ်ယောက်ပါးက တစ်ယောက်သင်ယူ တစ်ယောက်ကို တစ်ယောက်ကဖေးမ လို့ တစ်ယောက်ကို တစ်ယောက် လက်ချင်းချိတ်ဆက်လို့ မတူရေအယူအဆချေတိကို ညှိယူပနာ ကြိုးစားလားကတ်ပါမယ်လို့ ပြောကြည့်ကေ ဇာပိုင်သဘောရကတ်ပါလေ မသိ ။

သူငယ်ချင်းမချေ Myat Nway ကို ကျေးဇူးတင်ပါရေ ။ သူ့လေးနက်တေစကားတစ်ခွန်းကို အရင်းတည်ပနာ ရလာရေ အကျွန့်ခံစားချက်ကို အကျွန် ညီအကိုမောင်နှမတိ အားလုံးရှိမှာ ဝန်ခံလိုက်ပါယင့် ။ ဆရာကြီး စိတ်ကချလီဖို့လားနန်း .............

အကျွန့်စိတ်ထဲမှာရှိနိန်ရေ အကျွန့်ခံစားချက်ချေအတိုင်း ရီးချလိုက်စွာပါ ။ ဇာသူတစ်ဦး တစ်ယောက်ကိုလေ့ ထိခိုက်စီဖို့ မရည်ရွယ်ပါ

သင်းချို

အရဲရင့်ဆုံး သတ္တိ

Thursday, November 11, 2010


၁၆ , နိုဝင်ဘာ ၁၉၈၅ ညည့် ၉ နာရီအချိန် .........
သင်းချို လူ့လောကကြီးကို ဝင်ဖို့အားယူလိုက်တေအတွက်နန့် မေမေ ၊ ပါပါ နန့် ကိုကြီး စစ်တွေမြို့ ဆေးရုံကြီးကို မြန်ဆန်ရေ ခြီလှမ်းတိနန့် လှမ်းဝင်လိုက်ကတ်တေ ... သင်းချိုမေမေက နာကြင်မှုတိကို သည်းခံအောင့်အီးလို့ ။ ပါပါက ဆေးရုံတက်ဖို့လိုအပ်တေ အရေးပေါ်အိတ်ချေနန့် ဘေးနားမှာ သားချေကို လက်ဆွဲလို့ .... သင်းချိုကို လူသားချေ အဖြစ်လက်ခံဖို့ လုံလောက်တေ လူအင်အား ၃ယောက် ...
မေမေကို ဆေးရုံ မွီးခန်းဝင်အောင်စောင့်ပီးပြီးကေ လိုအပ်တေ ဆီးတိ ဝယ်ပီးပနာ မွီးလူနာဆောင်ကို ဝင်ခွင့်မရရေ ပါပါနန့် ၄ နှစ်သားအရွယ် ကိုကြီး .....
* * * * *
ည ၁၁ နာရီခွဲဆိုရေ အချိန် လမ်းတစ်လျှောက်လုံးမှာ တိတ်ဆိတ်မှုတိနန့် ညအမှောင်ထဲမှာ သားချေကို ရွက်လို့ ဆေးရုံကြီးက ပြန်အလာလမ်းမှာ ရင်ထဲက စိတ်မချစော်ချေတိကို မြိုသိပ်ပနာ စိတ်ထဲမှာတော့ အင်္ဂုလိမာလသုတ်ကို အကြိမ်ကြိမ် အခေါက်ခေါက်ရွတ် ၊ အတည့်ရွတ် ၊ အပြန်ရွတ် ၊ ကြားပေါက်ရွတ် ......
သားချေက တိတ်ဆိတ်နိန်ရေလမ်းမှာ နှစ်ယောက်တည်းပြန်လာရစော်ကို ပျော်နိန်ရေဟန်နန့် သူကြိုက်တေ ဒုံးတေးခင်းကို ဂျီကျပနာ ဆိုခိုင်းရေ ... သားချေကို ကျိတ်လို့ ဖက်ပနာ ရင်ထဲက အပူကြီးကို ဝှက်ယင်းနန့် “ဦးမြဝါ လေးစားပါယင့် ........ ... ...” အစချီပနာ တစ်လမ်းလုံး ဆိုလာခရစော် ..... သူလေ့ စကားမပီတပီ ဝင်ဝင်ဆိုယင့်...... ပါပါ ရင်ထဲက ပူလောင်မှုတိ သားချေကို မကူးစီချင် ၊ မမြင်စီချင် .... အေနိန့်မှ လမ်းက ပိုရှည်နိန်လာ ... အေလောက်ရှည်လျားပြီးကေ လှမ်းရခက်တေ လမ်းမျိုး ၂၆ နှစ်တာ ဘဝတစ်လျှောက် တစ်ခါလေ့ မကြုံရသိလေ ......
မှောင်မဲနိန်ရေ လမ်းတစ်လျှောက်မှာ သားချေကိုရွက်လို့ ဒုံးတေးခင်းဆိုပနာ လက်နှိပ်ဓါတ်မီးချေ အားကိုးနန့် လမ်းလျှောက်လာယင်း ရင်ထဲက အပူတိ ငွေ့ရည်ဖွဲ့ရွာကျလာရေ မျက်ဝန်းမိုးက လမ်းမကြီးမှာ တစ်စက် ၊ တစ်စက် .... လမ်းကို ကြည့်နိန်ရေ မျက်လုံးထဲက အမြင်အာရုံမှာ နာကြင်မှုကို သည်းခံ အံကြိတ်ထားရေး ၂၅ နှစ်အရွယ် အိမ်ရှင်မပုံရိပ်တိနန့် ....

* * * *
လောကကြီးကို ခြီချဖို့ ဝမ်းထဲကအချေ အားယူမှုတိနန့် တတူပါလာရေ နာကြင်မှုတိကြောင့် ဆေးရုံမွီးခန်းကို ရောက်လာခပြီးမှ နာကြင်မှုတိ ပြန်သက်သာလားရေ .... ဆေးရုံမျက်နှာကြက်ကို ကြည့်ယင်းနန့် ဆို့တက်လာရေ ဝမ်းနည်းမှု ၊ အားငယ်မှုတိကို မြိုချထားလိုက်တေ .... အနာသက်သာခါမှ အိမ်ရှင်နန့် သားချေ ဇာပိုင်ပြန်ခကတ်လေ စဉ်းစားမိကေလေ့ တစ်ခါပြန် ဝမ်းနည်းလာပြန်ရေ ... အချေကတော့ကေ အိပ်ချင်နိန်လီဖို့ဗျာယ် ... ကိုယ်တိုင်လုပ်မပီးနိုင်လို့လည်း စိတ်ထဲမှာ ဆို့နိန်ရေ .... ယကေလေ့ အိမ်မှာက သူ့ကို ချစ်ကတ်တေလေ ... အဆင်ပြေလားလိမ့်မယ် .... ဇာပိုင်ရာ ပြန်ခကတ်လေဂု .... အိမ်မှာဆိုလို့ အိမ်က ယောက္ခမအိမ် ... ရောက်မနန့် မတိတိလေ့ ရှိရေ .. ခဲအိုနန့် အိမ်ရှင်မတိလေ့ ရှိရေ ... သူရို့အသိုင်းအဝိုင်းမှာ အားလုံး ဘွဲ့ရ ၊ စာတတ်တိ ဖြစ်လို့ ၁၀ တန်းအောင်အောင် စာမသင်ခရရေ ကိုယ့်ကို သူရို့သားချေ အလိမ္မာနန့် သဘောမတူပီးနိုင် စော်ကိုလေ့ နားလည်ပါရေ ... အိမ်ထောင်ကျလို့ သားချေရာ ၄နှစ်ဖြစ်လားရေ အဂုထိ မကြည်ဖြူနိုင်ကတ်သိလေ ... အေနိန့်လေ့ နိုင်ငံတကာ သတင်းကြည့်ဖို့ဆိုပနာ အားလုံးအပြင်ကို လားခကတ်လို့ ဆေးရုံကို လာခါတောင် သားချေကို မထားခနိုင် .... စဉ်းစားမိကေလေ့ မျက်ရည်ကျ လာပြန်ရေ ....
ဝမ်းထဲကလေ့ တစ်ဆစ်ဆစ် နာလာပြန်ရေ .... သြော် မေမေကို တမ်းတမိပြန်ရေ ... ငိုလို့မဖြစ် ... ဝမ်းနည်းလို့လေ့မဖြစ် ...
အခုမွီးလာဖို့အချေ အတွက် ငိုလို့က မဖြစ်လေ ... သူ့အမိဖြစ်ဖို့ လုံလောက်တေ သတ္တိနန့် အချေတစ်ယောက်ကို ပျိုးထောင်ဖို့ စွမ်းရည်တိကို အဂုကတည်းက ခံနိုင်ရည်အပြည့်နန့် ပျိုးထောင်ထားရဖို့ မဟုတ်လား .... အချေကို စဉ်းစားမိစော်နန့် သတ္တိရှိလာရေ ... နာကြင်မှုကြားကပြုံးလေ့ ပြုံးမိရေ .... သားလား သမီးလား မသိရသိရေ အေအချေအတွက် လုံခြုံမှု အပြည့်အဝ ပီးနိုင်ရေ အမိအဖြစ်ရာ ငါရှင်သန်ရဖို့လေ ...
အေအချေအတွက် သူ့အနာဂတ်တိအတွက် အေမေမေကို ရွီးချယ်ခရေ အချေအတွက် လုံးဝမျက်ရည်မကျဘဲနန့် ငါတစ်သက်လုံး စောင့်ရှောက်နိုင်ရဖို့ .... သြော် ကျေးဇူးတင်ရေအချေ ... အေမေမေကို သတ္တိတိပီးလို့ .... အေအမိ ဘဝထဲကို ဝင်လာပီးလို့ ... ကျေးဇူးပါ ....
ရှေ့ကို ဆက်ဖို့ ခရီးလမ်းတိ ဇာလောက်ပင်ကြမ်းပတ်စီ ... အားလုံးကို ရှင်းလင်းပြီးကေ သားချေနန့် အေအချေအတွက် ကိုယ်တိုင် ရှင်းလင်းပီးလိုက်ဖို့ဗျာယ် ... မေမေ အားမငယ်ပါ ..... မေမေ လုံးဝအားမငယ်ပါ ... တစ်ဘဝလုံးစာ တိုက်ပွဲအတွက် မေမေ အားတိအပြည့်ရှိနိန်ပါမယ် ... အချေကို စဥိးစားမိယင်းနန့် မွီးခန်း မျက်နှာ ကြက်ကို တစ်ခါ ကြည့်ဗျာယ် ပြုံးမိပြန်ရေ ...........


အေစာနန့် မေမေ ၊ပါပါ ကို ကန်တော့ပါရေ

သင်းချို

Thursday, July 22, 2010

အကြောင်းအရာ တစ်ခုရလိုက်တိုင်း စာရီးတတ်တေ အကျင့်စော် အငယ်ချေကနီ စွဲဗျာယ်ကျင့်သားရနီပါရေ ... အဂုလေ့ အေပိုင်ပါဗျာယ် ... ရီးရဖို့လား စဉ်းစားပနာ ရီးစော်အားသန်ခါ ရီးဖို့ဘက်ကို ဆုံးဖြတ်ချက်များလားပါရေ ...
အေတစ်ခေါက် အကြောင်းက ကောင်းသက်တမ်းမရင့်ခရေ အလုပ်တစ်ခုအကြောင်းပါလေ ... သက်တမ်းမရင့်ခဆိုစော်က ယင်းအလုပ်မှာ သင်းချို သက်တမ်းမရင့်ခစော်ပါ ....
Albert David လို့ ခေါ်ရေ Medical Company (India) တစ်ခု ရန်ကုန်မှာရုံးခွဲဖွင့်ထားပါရေ ... Country Manager က အိန္ဒိယက ကုလားပါ ... Promoter ၊ Marketing ၊ Medical Rep တိအားလုံး မြန်မာတိပါ ... သင်းချို ယင်း company ကို အလုပ်လားလျှောက်ပါရေ ... လားခါ လျှောက်လွှာလားတင်စော်ပါရာ ... Mr. Viveck နန့် တွိပနာ တစ်ခါတည်း interview ပါရေ ... သူနန့် သင်းချိုနန့် စကားတိ အများကြီးပြောဖြစ်ပနာ ချက်ချင်းခန့်ပြီးကေ သင်းချိုကို မန္တလေးကို လွှတ်ပါရေ ... Admin and Accounts post နန့်ပါ ... မလားခင် ရန်ကုန်ရုံးမှာ ၂ ပတ်ထားပါရေ ...
အလုပ်ခန့်လို့ နောက်တစ်ရက် ရုံးစတက်ရရေနိန့်မှာပင် အစည်းအဝေးရှိပါရေ ... အစည်းအဝေး တစ်ဘက် ခုံဝိုင်းထိပ်မှာ သူထိုင်ပနာ ... နောက်တစ်ဘက် ခုံဝိုင်းထိပ်မှာ သင်းချို ထိုင်ပါရေ ... ကျန်ရေလူတိက ယင်းခုံကို ဝိုင်းလို့ထိုင်ပါရေ ... အစည်းအဝေးမှာ သူက သူလိုချင်ရေ ပုံစံ၊ ရောင်းအား တိကို ပြောခရေ ... အားလုံး ခေါင်းငုံ့ပနာ ထိုင်နီကတ်တေ ... ပြီးကေ တစ်ယောက်တစ်လှည့် ထွက်ပနာ white board မှာ ဇယားကွက်မှာ ဖြည့်ကတ်တေ ... ဖြည့်ပြီးတိုင်း Mr. Viveck ကဆဲရေ ... အားလုံးက တစ်ခွန်းတည်းစီရာ ပြန်ပြောကတ်ပါရေ ... "Try more, sir" ပါလတ် ... ပြန်ပြောပြီးကေလေ့ အကြာကြီးရပ်နီရသိပါရေ ... သူရို့ အစည်းအဝေးကို သင်းချိုနားမလည် ... သူရို့တိကို အလုပ်ကိုမလုပ်ချင် ဖေ့သာကျကေ လိုချင်ရေ ... အကျင့်မကောင်း ... ဆိုရေစကားတိအတွက် ပြုံးစိစိနန့် ခံနိုင်ရေ အင်အားတိကို သင်းချို အံ့သြခပါရေ ...
အစည်းအဝေးစော် မိုးထ ၈နာရီ ခွဲက စစော် ညစာ ၄ နာရီခါ မှပြီးပါရေ ... ပြီးမှ ထမင်းလားစားကတ်ပါရေ ... Medical Rep တိက စာကျက်နီကတ်ပါရေ ... ရန်ကုန်ရုံးမှာ Admin လုပ်နီစော်က သင်းချိုနန့် ရွယ်တူ ဆရာဝန်မချေ ... သူက အဆဲမခံရ ... သူပြောပြမှ သိရစော်က အားလုံးအဆဲခံရယင်းသားနန့် မျက်နှာ မပျက်စော်က Mr. Viveck ပြောစော်ကို နားမလည်ကတ်လို့လတ် ... Try more ဆိုစော်က အေထက်ကြိုးစားပါမယ်လို့ ပြောစော်ပါလတ် ... သြော် အဂုမှ နားလည်ခပါရေ .... သင်းချိုစိတ်မကောင်းဖြစ်မိပါရေ ... သူရို့တိက နားမလည်လို့ ငြိမ်ခံနိုင်ကေလေ့ ယင်း Mr. Viveck စော် သူရို့တိကို ဆဲကောင်းတိုင်းဆဲနိန်ပါရေလေ ... ပြီးကေ လစာထုတ်စော်လေ့ စာမေးပွဲစစ်စော်ကျနိန်စော်ပါဗျာယ် တစ်ယောက်ချင်းစီဝင်ခရေ အချိန်တစ်စိချေလောက်ကြာမှ ပြန်ထွက်လာကတ်တေ ... ယင်းပိုင်နန့် သင်းချိုသိလိုက်စော်က ယင်းကုလားစော် မြန်မာလူမျိုးတိကို ကောင်းကောင်းအထင်သေးရေ ဆိုစော်ပါဗျာယ် ... ယကေလေ့ နားမလည်ရေ ကောင်မချေတိက တိန်းခံနိုင်ကေလေ့ နားလည်ခရေ ရခိုင်သားချေတစ်ယောက်က ကုလားနန့် ဖောင်းပနာ ထွက်ခရေလို့သိရပါရေ ...
ယင်းပိုင်နန့် သင်းချိုမန္တလေးကို လားခပါရေ ... သင်းချိုအတွက် နိန်ဖို့ အဆောင်စရိတ် ... စားဖို့သောက်ဖို့နန့် လမ်းခရီးစရိတ်က အစ စီစဉ်ပီးပါရေ ... ယင်းပိုင်နန့် သင်းချိုမန္တလေးမှာ နိန်သားကျနိန်ပါဗျာယ် ... တစ်လမှာ Mr. Viveck စော် မန္တလေးကို ဆင်းလာပါရေ ... သူစော် မန္တလေးကို ရောက်လို့ နောက်တစ်ရက်နိန်ခါ သင်းချိုနန့် အတူလုပ်တေ အစ်ကို နန့် သင်းချိုကို ခေါ်ပါရေ ... ပြီးကေ တစ်ယောက်ကို တစ်လှည့်စီ ရင်းရင်းနှီးနှီး မနိန်ဖို့ ခေါ်ပြောပါရေ ... ကုလားဇာတိပြပါဗျာယ်လေ ... ယကေလေ့ သင်းချိုရို့စော် သူနန့် သူမပြန်ခင်တစ်ရက် Dinner ရှိရေ နိန့်အထိ အဆင်ပြေအောင်နိန်ကတ်ပါရေ ... ယကေလေ့ ယင်း Dinner စော် သင်းချိုထွက်စာတင်လို့ ပျက်လားခရပါရေ ... အကြောင်းအရာက သင်းချိုက သူနန့် ဟိုအစ်ကို နှစ်ယောက်ပဋိပက္ခမှာ ကြားညှပ်လားလို့ပါ ... ဇာပိုင်လေ ဆိုကေ သူက ဟိုအစ်ကိုကို ရှမ်းပြည်ကို ခရီးထွက်ခိုင်းပါရေ ... ယင်းခရီးစော် လမ်းစရိတ်သက်သက် ၃သိန်းကုန်ပါဖို့ ... နေ့စရိတ်တိမပါသိပါ ... ယင်းချင့်ကို ဖြန့်ဖြူးရေး company က တွက်ပြလိုက်စော်က ရောင်းအားမှာ ၃ % ပါ ... ဇာလို့ဆိုကေ ဖြန့်ဖြူးရေး ဆိုစော်က ထုတ်လုပ်တေ company တိအများကြီးဆီးတိကို တာဝန်ယူပနာ လားရောင်းပီးစော်ဆိုခါ ရောင်းအားက သိန်း ၁၀၀ ကျော်ပါရေလေ ... Albert David အနေနန့်ရာ ဆိုကေ ရောင်းအားက သိန်း ၃၀ ကျော်လောက်ရာရှိပါရေလေ ... ယင်းပိုင်ဆိုကေ လမ်းစရိတ်စော် ၁၀% ဖြစ်လီပါဖို့ဗျာယ် ... ယင်းချင့်ကို Distribution Side ကလေ့ သေချာပြောလိုက်ပါရေ ... ယင်းပြောခါက သင်းချိုနန့် Mr. Viveck ရာရှိရေ အတွက် သူက သင်းချိုခေါင်းကို ပုတ်ပနာတောင်မှတ်ထားလို့ပြောပါရေ ... ပြီးကေ သူမှတ်ထားစော်က ၃% တစ်ခုတည်းပါ ... ထိုအစ်ကိုနန့် သူနန့် ယင်းကိစ္စကို ရှင်းခါ သူက သင်းချိုကို သူ့ဘက်က သက်သေလုပ်ခိုင်းရေ ... သင်းချိုကလေ့ သူရို့ရောင်းအားနန့် ဖြစ်လို့ ၃% ဖြစ်စော်ကို ရှင်းပြခါ သင်းချိုကို ဒေါသထွက်ခပါရေ ... ထိုအစ်ကိုကို ဟိုဘက်ခုံကို လွှတ်ပနာ သင်းချိုကို ပြောပါရေ ဇာကြောင့် လိမ်လေဆိုပနာ ... သင်းချိုက မလိမ်ကြောင်းကို ပြောကေလေ့ မရ ... မပြောဘဲထိုင်နိန်ကေလေ့ ဇာလို့မပြောလဲ နင်ငါ့ဖေ့သာကို အလကားလိုချင်နိန်ရေမနား လို့ပြောခါ သင်းချိုက မခံဘဲနန့် နင်က ၃% ရာနားလည်ဖို့နန်းရာ နင်က မပီးချင် ... အမှန်ကိုတွက်ပြစော် ... ခရီးက ရှုံးဖို့ပိုင်တွိကေ မထွက်ခိုင်းကဲ့လို့ပြောကေလေ့ ၃% လို့ဂျီးဗျာယ်ပြောနိန်ပါရေ ... နင်ဇာလို့လိမ်လေ ဂျီးဗျာယ်မိန်းနိန်ပါရေ ... ဖေ့သာကို လိုချင်နိန်ရေ ဂျီးဗျာယ်ပြောပါရေ ... သင်းချိုလေ့ သည်းခံနိုင်စော်ကုန်ခဗျာယ်... ယင်းလမှာ သူလာဖို့ဆိုပနာ လစာကို မလွှဲဘဲထားစော် ၁၄ရက်ရှိနိန်ပါဗျာယ် ... ဟိုလက Expenses တိလေ့ သင်းချိုရို့ကိုပီးဖို့ အကြွီးကျန်နိန်သိပါရေ ... သင်းချိုလေ့ စိတ်တိုလာပါဗျာယ် .. အေလောက်ပြောစော် ငါနင့်အောက်မှာ မလုပ်နိုင် ငါထွက်ဖို့လို့ပြောလိုက်ပါရေ ... သူက သင်းချိုကို ဖေ့သာကိုအလကားလိုချင်ရေလို့ထပ်ပြောပါရေ ... သင်းချိုလေ့ ငါက ငါ့လုပ်အားကို လိုချင်စော် နင်က ငါရို့လစာကို ခုထိမပီး Expenses တိလေ့ မပီး ငါရို့ဖေ့သာနန့် စီးပွါးလုပ်ထားလာလို့ မိန်းလိုက်ပါရေ ... သူလေ့ ရှက်ခပါရေ ထင်ပါရေ ... နင်ထွက်ချင်ကေ ၃ လစာပီးလို့ပြောပါရေ ... သင်းချိုက ငါ့ပါးက တောင်းမနိန်ကဲ့ အားလုံးင့ါလစာနန့် Expenses တိပြန်ပီး ဆိုပနာ စာရင်းလုပ်ပနာ ပီးလိုက်ပါရေ ... သူက ၃ လစာထပ်တောင်းပါရေ ... သင်းချိုက နင်ဖြုတ်ပလိုက်တေလူတိကို ၃လစာပီးလိုက်စော် တစ်ယောက်ရှိကေ ငါ့ကို ပြ ၊ ယကေ ငါပီးဖို့ ... မဟုတ်ကေ နင့်ကို တရားစွဲဖို့လို့ပြောလိုက်ပါရေ ... ပြီးစော်နန့် ယင်းနေရာမှာပင် ထွက်စာရီးပါရေ ... ဟိုအစ်ကိုကိုခေါ်ပနာ သက်သေလက်မှတ်ထိုးခိုင်းခါ ယင်းအစ်ကို အံ့သြခပါရေ ... ပျော်ဖို့ကောင်းစော်က သူလေ့ တစ်နိန့်တည်းမှာ အလုပ်ထွက်စာရီးပါရေ ... ပြီးကေ နှစ်ယောက် ပျော်ပျော်ပါးပါး အလုပ်ထွက်ကတ်ပါရေ ... ယင်းကုလားက လစာအပြည့်မပီးပါ ... ပြီးကေ သင်းချိုရို့လက်ထဲမှာ ရှိရေ ဆီးတိကို တောင်းပါရေ ... သင်းချိုက အကြွီးနန့် သိမ်းပလိုက်ဗျာယ်လို့ ပြန်ပြောလိုက်ပါရေ ... ယင်းခါမှ ဖေ့သာပီးမယ် ဆီးပြန်ပီးလို့တောင်းပါရေ ... သူ့ဆီးကို အလကားပီးပလိုက်လတ်မယ် ကြောက်လို့ပါ ... သင်းချိုလေ့ ဖေ့သာလေ့ မယူ ဆီးလေ့မပီး နင့်ကိုလေ့ မမြင်ချင်လို့ ပြောလိုက်ပါရေ ... သင်းချိုရို့ ဆီးတိကို လူတိကို လိုက်ပီးလိုက်ကတ်ပါရေ ...
သူက အထင်သေးစော် အကျင့်ပါခစော်စော် ရန်ကုန်ရုံးမှာ သူပြောစော်ကို နားမလည်ကတ်လို့ ပြုံးခံနိုင်ရေ လူတိအတွက်နန့်ပါမနား ... သူရို့က ပြုံးခံနိုင်စော်ကို သူက လက်ခံရေ ယူဆခလို့ပါလေ ... နောက်မှ ပြန်သိရစော်က သူက အကျွန့်သူငယ်ချင်းကို "she is very proud of herself." လို့ပြောပြီးကေ အကျွန့်ကို မှတ်ချက်ချက်ပါရေလတ် ....


သင်းချို