Showing posts with label ESSAY. Show all posts
Showing posts with label ESSAY. Show all posts

ငါ့ဘဝ ကြယ်ကြွီည

Thursday, May 16, 2013





           ချိုလေ အချေခါကပင် ကို့နာမေကို သိပြီးကေ အချေတစ်ယောက် အမုန်းမျိုးနန့် မုန်းနိန်ခမိစွာ။ အချေ အမုန်းဆိုရေအတိုင်း သိလေ့မသိ၊ မြင်လေ့ မမြင်ဖူးရေ လူတစ်ယောက်ကို အမုန်းစွာ မှုန်ဝါးလို့ လားခပြန်ရေ။ ၂၀၀၇ ခုနှစ် ချို ရန်ကုန်ကိုရောက်လာခါမှ ကို့ကိုမုန်းရဖို့ တစ်ခါ ထပ်ဖြစ်လာပြန်ယင့်။ ချို့ နားထဲကို အရောက်ဝင်လာရေ “ငါ့အစ်ကိုနန့် တန်ရေမမချေ မဟိသိမ့်” ဆိုရေ စကားတစ်ခွန်းစွာ ကို့ကို မမြင်ဖူးဘဲ ထပ်မုန်းတီးမိစီခရေ။ ယေကေလေ့ ကိုစွာ ဇာလောက် ကြီးကျယ်ရေလူလဲလို့ သိချင်ခသိမ့်ရေ။
           မှတ်မိပါသိရေ ကို။ ၂၀၀၈ ခုနှစ် မေလမှာ ကိုနန့် စတွိခရရေ။ ကို ပြန်ရောက်တေ နိန့်မှာမှ ချိုက ယင်းအိမ်ကို ရောက်နိန်မိခရေအတွက် ချို့ကိုချို အပြစ်တင်မိခသိမ့်ရေ။ ကိုကတော့ကေ တစ်ခုလေ့ မသိဘဲ ဖြူဖြူစင်စင်နန့် ချိုကို လာနှုတ်ဆက်ခသိမ့်ရေလေ။ ချိုကရာ တဖက်သတ်အမုန်းနန့် စကား တောင် ပြန်မပြောနိုင်ခ။ အခြားလူတိကိုရာ လားဖို့ဗျာယ်လို့ နှုတ်ဆက်ပနာ ပြန်ထွက်လာခရေ။ ကို အံ့သြလို့ ကျန်ခစွာကိုတော့ခါ ကိုပြန်ပြောမှ သိခစွာ။
            ရှောင်လို့မရရေ အသိုင်းဝိုင်းကြားထဲမှာ ကိုနန့် ယက်ပြတ်ပိုင် တွိလာရရေ။ ချိုဇာလောက်ပင် လစ်လျူရှုရှု ကိုက ချိုကို ဖေါ်ရွေခရေလေ။ ယင်းပိုင်နန့် တစစ အချိန်ကြာလာရေ အတိုင်းတာတစ်ခုမှာ ကိုစွာ မုန်းဖို့ မကောင်းစွာကို သိလာခရေ။ အများကြီးမဟုတ်ကေတောင် ခင်စပြုလာခရေ လေ။ ရှောင်လို့မရခကေလေ့ ကို့အသိုင်းဝိုင်းကြားထဲမှာ ချိုအယူအဆ၊ စရိုက် တိက Gypsy ဆန်နိန်ခစွာကို သိပါရေ။ လူမှုရေးအကြောင်း အပြောများလို့ ချိုကို နိုင်ငံရေးသမားလို့ ယူဆဖြစ်ခကတ်တေမနား။ ကိုလေ့သော့ ချို့ကို နိုင်ငံရေးသမားလို့ ထင်ခရေလို့ ပြောဖူးရေနန်း။ ဇာပင်ပြောပြော ယင်း အသိုင်းဝိုင်းထဲမှာလေ့ အဆင်ပြေအောင်တော့ ကြိုးစားနိန်ခပါရေ။ ကိုက လွဲကေ အားလုံးသူကို ကောင်းဖို့ ချို ကြိုးစားခပါရေ။ ကို သဘောကောင်းစွာ ကို သိကေလေ့ ချို့ကို ရင်းရင်းနှီးနှီးခေါ်ပြောစွာကို သိကေလေ့ ချိုနားထဲမှာ ဝင်နိန်ခရေ စကားတစ်ခွန်းက (လူတိုင်းကို ဖေါ်ရွေနိုင်ရေ ချိုအတွက်) ကို့ကိုဖေါ်ရွေဖို့ အဟန့်အတား ဖြစ်နိန်ရေ ။ ချို မာနကြီးခပါရေ ကို ။
           ကို့ အကြောင်းတိ၊ ချို အကြောင်းတိစွာ တစ်ယောက်နားထဲကို တစ်ယောက် အလိုလိုကြားပြီးသား၊ ဝင်ပြီးသားဖြစ်နိန်ရေအတွက် “ရခိုင်ဖြစ်ရစွာကို စိတ်နာချင်ရေ” ဆိုရေ ကို့ခံစားချက်ချေစွာ ချိုနားထဲက တဆင့် ရင်ဘတ်ကို ပုတ်ခတ်လားရေ။ ချို စိတ်မကောင်းဖြစ်လားမိခရေ။ ချိုက ရခိုင်ဖြစ်ရစွာကို မွီးရာပါ ဂုဏ်ဒြပ်တစ်ခုပိုင် တခုပ်တရ မြတ်နိုးတတ်တေ လူလေ။ အပြင်ပန်းရာ ကို့ကို မဖေါ်ရွေကေလေ့ သဘောကောင်းရေ၊ ရခိုင်အမျိုးကောင်းသားချေ ကို့ကို ရခိုင်ဖြစ်ရစွာကို ကျေနပ်စရာ တစ်ခုပိုင်၊ ဂုဏ်ယူစရာ တစ်ခုပိုင် မြင်တတ်၊ လက်ခံတတ်စီချင်ခရေ။ ချိုဆိုရေ မမကလေ့ သူငယ်ချင်းတိ ရည်းစားထားစွာတောင် ရခိုင်မှရခိုင်ဖြစ်ဖို့ထိ ဝင်စွက်ဖက်တတ် ရေ လူမျိုးလေ။ ရခိုင်ချင်းချင်း သူငယ်ချင်းတိကတောင် “ရခိုင်သမ” လို့ ရှိတင်မှာပင် ခေါ်ခကတ်တေ။ ယင်းပိုင် မမမျိုး နားထဲကို ကို့အကြောင်း ဝင်လာခါ ကို့ကို ရခိုင်လူမျိုးနန့် ပတ်သက်တေ Mail တစ်စောင် စပို့ခသိမ့်ရေ။ ပြီးကေ AMP (Arakanese Meeting Point) ထဲကို invite လုပ်ခရေ။ အကြောင်းတိုက်ဆိုင်လို့ Online တတူလားသုံးဖြစ်ကတ်ခါ AMP ထဲက ဖတ်လို့ကောင်းရေ၊ ဖတ်သင့်ရေ စာတိကို ကို့ကိုပြောပြခရရေလေ။ ချို့ Home Page ပုံစံအတိုင်း အစအဆုံး တတူလုပ်ခိုင်းလို့ တေးခင်းကအစ အားလုံးကို တစ်ထပ်တည်းတူအောင် ချို လုပ်ပီးခရသိမ့်ရေ မနား။ ရခိုင် အရီးအသား တိနန့်ရာ အများရီးတတ်ကတ်တေ AMP ထဲမှာ စာဖတ်ဖို့စွာ သူငယ်တန်း ကပင် ရန်ကုန်မှာ ကြီးပြင်းလာခရေ ကို့အတွက် အခက်ခဲဟိစွာကို သိရေလေ။ ယင်းတွက်နန့် ကို့ကို ရခိုင်အရီးအသား၊ ဝေါဟာရတိနန့် ကျင့်သားရအောင် အများကြီး လေ့ကျင့်ပီးခရရေမနား။ ချို ရည်ရွယ်ခစွာက ရခိုင် အမျိုးကောင်းသားချေတစ်ယောက် ရခိုင်ဖြစ်နိန်ရစွာကို ဂုဏ်ယူတတ်ဖို့၊ လိုလိုလားလား လက်ခံတတ်ဖို့ပါ။ ကိုရို့ မိသားစုပြဿနာကို ချို ယုံကြည်ရေ လမ်းကြောင်း ကနိန် ဝင်ဖြေရှင်းပီးဖို့ ကြိုးစားခစွာပါ။ ကို ချို့ကို စိတ်ဝင်စားစွာကို မသိခရိုး အမှန်ပါ။ အလိုလိုနိန်ယင်း ကို ဒေအင်္ကျီနန့် လိုက်လားလို့ လာမိန်းစွာ၊ ချိုစာလုပ်နိန်စွာကို လာပနာ စကားလာပြောစွာ၊ ချိုစာအုပ်ကြားက ဖေ့သာတိကို ယူထားစွာ၊ ချို Passport နံပါတ်ကို တောင်းစွာတိကို ကို မျက်နှာပြောင်ရေလို့ ထင်ခမိစွာ။ နောက်ခါမှ ကို့ကိုဂရုမစိုက် မော့မကြည့်လို့ ရှက်ကေလေ့ တမင်တကာ လာပြော၊ လာလုပ်ခစွာလို့ ကိုပြောလို့ သိခရရေ။
            ကိုစွာ ချို့အိမ်ကို ရောက်ရောက်လာတတ်ကေလေ့ အလုပ်နန့် ကျောင်း ဇယ်ဆက်နိန်ရေ ချိုနန့် တွိချိန်မရခမနား။ ချို ကောင်းကောင်း အလုပ်ရှုပ်နိန်ရေတစ်နိန့်မှာ ရုံးက Phone Operator လွှဲပီးလိုက်တေ ဖုန်းအောက်က ယောက်ျားအသံကို ပါပါလို့ ထင်ခမိရေ။ ကို မှန်းသိခါမှ ဇာကိစ္စပါလေမသိလို့ မိန်းကြည့်ခါ “ထမင်းစားဖို့ဗျာယ်ဖြစ်လို့ သတိရလို့ ဖုန်းဆက်လိုက်စွာ” လို့ အဆက်စပ်မဟိ ကို ပြောလိုက်တေစကား ချိုကို မှင်သက်လားစီခရေ။ ယကေလေ့ ချိုမှာ စဉ်းစားနိန်ချိန်မရ စာရင်းတစ်ခု အပြီးသတ်စစ်စရာ ဟိနိန်ရေ။ နောက်မှ ဖုန်းခေါ်လိုက်ပါမေ ဆိုပြီးကေ ချို ဖုန်းချလိုက်တေ။ ပြီးကေ ချို ခေါင်းထဲမှာ ကို့ကို လုံးဝမိန့်လားပြန်ရေ။ အဂုမှ ကို ပြန်ပြောပြစွာက “တဗျင်းသတိရလာလို့ ဖုန်းခေါ်မိပြီးကေ ဇာပြောရမှန်း မသိလို့ ပါးစပ်မှာဟိစွာ ထွက်ခရေ။ ရင်တိလေ့ တဗျင်းခုန်နိန်ရေ ဇာပြောရမှန်း မသိ” ဆိုဝါ။ ကိုစွာလေ ရယ်ရရေ …..
            ညစာဖက် ချို အိမ်ကိုရောက်ခါ တတူနိန်ရေ ဝမ်းကွဲညမချေက ပြောရေ။ ကို ရောက်လာခရေ လတ်။ သူကတောင် ပြောရေ ကို အိမ်ကိုလေ့ ကောင်းလာရေ သူနန့်တွိကေလေ့ ချိုကိုဗျာယ် မိန်းနိန်ရေ၊ ကြိုက်နိန်လို့ချင့် လတ်။ ချိုကရယ်ပနာ “နင်မသိပါဟေ၊ ငါ့ကို ရင်ဖွင့်စရာဟိလို့ ရှာနိန်စွာဟိဖို့” လို့ ပြောခသိမ့်ယင့်။ ကိုနန့် အများကြီး မရင်းနှီးချင်ရေ ချိုစွာ ကို အိမ်ကိုလာလို့ ချိုကိုရှာကေ အိမ်မှာ ဟိနိန်ခကေတောင် မဟိလို့ ပြန်ပြောခိုင်းခရေ။ ခေါင်းလောင်းဆွဲသံကို ချိုကိုယ်တိုင် ထကြည့်မိလို့ ရှောင်မရခါမှ ကို့ကို ဆင်းတွိခရေလေ။ အဝီးကြီးကို မလားချင်လို့ အိမ်မှာနိန်ရေ ပုံစံအတိုင်း ဆင်းလာပြီးနာ လမ်းထိပ်က ဆိုင်မှာရာ မုန့်လားစားခကတ်တေမနား။ ရင်ဖွင့်ဖို့လာရေလို့ ထင်ခရရေ ကိုက တစ်ခုလေ့မပြောဘဲ ချိုကဗျာယ် ပြောခရရေ။ ချို သူငယ်ချင်းတိရောက်လာလို့ ငါ့အစ်ကို ဆိုပြီးကေ မိတ်ဆက်ပီးခရသိမ့်ယင့်။ နောက်မှသိစွာက အစ်ကိုလို့ မိတ်ဆက်ပီးစွာကို မကြိုက်ဆိုဝါ ။ ယင်းနိန့်မှာပင် ကို့ပါးက Mail ဝင်နိန်ရေ ။ ယင်းအချိန်ထိ ကိုက သဘောကျနိန်မှန်း မသိခသိမ့်ပါကို။ ယကေလေ့ ချို မာနမှာ စွဲထင်နိန်ရေ စကားတစ်ခွန်းအတွက် ကို့ကို တမင်တကာရှောင်ဖြစ်ခစွာကို ခွင့်လွှတ်ပါ။
           အေပိုင်နန့် ချို စင်္ကာပူကို လာဖို့အချိန် ကို အိမ်ကိုရောက်လာသိမ့်ရေ။ ချိုက မေမေကိုရာ ထွက်ပြောဖို့ပြောလိုက်လို့ ကိုစွာ မေမေကို နှုတ်ဆက်ပြီး ကေ ပြန်ခရရေမနား။ ချို မလာခင်ညည့် ကို့ပါးက Mail ရောက်နိန်ရေ။ ကို ခံစားရရေလို့ ရီးထားခရေ Mail အတွက် ချို စာမပြန်ခ။ စင်္ကာပူကို ထွက်လာရေနိန့်မှာ လေဆိပ်ကိုရောက်မှ D-Form မပါလာရေ ချို ဇာလုပ်ရမှန်းမသိ ဖြစ်နိန်ခါ အားလုံးက ကို့ကို ဖုန်းခေါ်ဖြစ်ကတ်တေ။ မှတ်မှတ်ရရပါ ကို။ ချိုစိတ်ထဲမှာ ထူပူနိန်လို့ တစ်ခုကိုလေ့ ခံစားမသိခကေ လေ့ ကို့ဖုန်းနံပါတ်ချေ ရီးပီးဖို့ ချို့လက်ကိုကိုင်လို့ ချွေးသုတ်ပီးပနာ အားပီးရေသဘော လက်ကိုဖျစ်ညှစ်မှုချေအတွက် ကျေးဇူးတင်မိခရေကို။ ကိုကတော့ကေ အီးစက်ပနာ တုန်နိန်ရေ ချိုလက်ကို ကိုင်မိလို့ ကောင်းသနားခရေဆို။ စင်္ကာပူကိုရောက်မှ ကို့ကို ကျေးဇူးတင်ကြောင်း စာပြန်ခရေ။ လေဆိပ်ကို လိုက်လာရရေအချိန်မှာ ရင်တိခုန်ပနာ စိတ်လှုပ်ရှား နိန်ခရေလို့ ကို ပြောပြသိမ့်ရေလေ။ လိုက်ပို့ခွင့်မရလို့ စိတ်မကောင်းဆိုပနာ စာရီးပြီးမှ လိုက်ပို့ခရလို့ ပျော်လေ့ပျော်၊ ကြောင့်ကြလေ့ ကြောင့်ကြမိရေ ဆိုလို့ ကျေးဇူးပါ ကို။
           ချို ကို့ကို မိန့်လားပြန်ရေ။ ချို Stay တိုးလို့မရလို့ ရန်ကုန်ကို ပြန်လာခါ ကိုက စစ်တွေကိုရောက်နိန်ရေ။ ချိုက ကို့ဆွေမျိုးအိမ်မှာ နိန်ဖြစ်စွာ မနား။ ကို နန့် ချို စစ်တွေနန့် ရန်ကုန် ဖုန်း ၃ခါလောက် ပြောဖြစ်ခသိမ့်ရေ။ အထင်လွဲကတ်ဖို့ကြောက်လို့ တစ်ယောက်ကိုလေ့ ပြန်မပြောဖြစ်ခ။ ကို ရန်ကုန်ကို ရောက်လာခါမှ ကိုနန့် လေ့လာနိန်ကတ်တေ မမ တစ်ယောက် ပါလာရေ။ ကိုက သူ့ကို ဇာပိုင်မြင်လေလို့မိန်းခါ ချို အကြား၊ အမြင်၊ အသိအရ လက်မချေကို အောက်စိုက်ပြမိခရေ။ ခွင့်လွှတ်ပါ ကို။ ပြီးကေ ကိုရို့နှစ်ယောက် လက်မထပ်ဖြစ်လို့ သိလိုက်ရရေ။ ယင်းအချိန်ထိ ချို စိတ်ထဲမှာ တစ်ခုလေ့ မဟိခသိမ့်စွာ အမှန်ပါ။
          ချို နောက်တစ်ခေါက် လေဆိပ်ကိုအဆင်းမှာ ကို လိုက်ပို့ပီးရပြန်ရေ။ ချိုအတွက် ဝယ်လာရေ ကိတ်မုန့်အငယ့်ချေကို ချို မစားဖြစ်ဘဲ ကို့ကားမှာ ပြန်တင်ထားခလိုက်တေ။ တရားဝင်လိုက်ပို့ခွင့်ကို ရထားရေ ကိုနန့် ချို လေဆိပ်မှာ လုပ်စရာဟိစွာအားလုံးကို လုပ်ပနာ စိတ်အီးလက်အီး ထိုင် စကားပြောဖြစ်ကတ်သိမ့်ရေ။ ကိုက ချိုကို အသည်းယားလို့ ဆိုပနာ ထုပလိုက်ဖို့ လုပ်သိမ့်ရေလေ။ ပြီးကေ ကိုချစ်တေ မမချေက ကို့အကြောင်းကို အားလုံးနီးပါး သိရေလူလို့ ပြောလိုက်တေမနား။ ကို ချစ်တေကောင်မချေ အကြောင်းကို ပြောဖြစ်ကတ်ကေလေ့ ချို စဉ်းစားမရအောင် တုံးမိစွာတော့ ကေ အမှန်ပါ။ ကိုက ချိုကို စင်္ကာပူကို မလားဖို့ ပြောသိရေနန်း။ ချို ရယ်လို့ရာ ပြမိခရေ။
            ယင်းနောက်ပိုင်းမှာ ကို Online ကို နိန့်တိုင်းရောက်လာပြီးကေ ချိုကို လာအားပီး၊ အဖေါ်လုပ်ပီးတတ်တေမနား။ ချိုနန့် မတွိကေ ဇာကိုလားနိန်လေ ဆိုပနာ စာရီး၊ Voice mail တိပို့ထားခရေလေ။ ယင်းပိုင် နိန့်တိဆိုကေ ကို ချိုနန့် တွိအောင် ပြန်လာ၊ ချိုကို ဖုန်းလာခေါ်တတ်တေလေ။ ချိုကို ချစ်တေဆိုရေ စကားအတွက် အကြိမ်ကြိမ် ပြန်စဉ်းစားခိုင်းခပါရေ ကို ။ ဇာဖြစ်လို့လဲဆိုကေ တစ်ဦးတည်းသောသား ကို့ကို ဖူးဖူးမှုတ်ထားရေ အသိုင်းအဝိုင်းမှာ ချိုစွာ Gypsy တစ်ယောက်ပိုင် ဖြစ်နိန်လို့ပါ။ ယင်းအချိန်ထိ ချိုက ကို့ကို မချစ်ခသိမ့်လို့ပါ။ နိန့်တိုင်း အချိန်မှန် Online သုံးတတ်၊ ဖုန်းခေါ်တတ်တေ ကို အချိန်မှန် မရောက်လာခကေ မနိန်တတ် လောက်အောင် ဖြစ်လာခရေ။ ချိုအတွက် တေးခင်းတိ ဆိုပြခရေ။ ချို ဝမ်းနည်းနိန်ရကေ ချိုရယ်အောင် ဆိုပြီးကေ မျက်နှာပြောင်တိ လုပ်ပြ၊ စာဥတေးခင်းတိ ဆိုပြရေလေ။ အချိန်မရကေတောင် ညည့် ၁၁ နာရီ၊ ၁၂ နာရီ လောက်မှာ ဖုန်းလာခေါ်ပီးခရေ ကို့ကို ချို အကြီးအကျယ် တွယ်တာမိလား ရပါဗျာယ်။ ချို့သံယောဇာဉ်တိကို ကို ဆွဲထုတ်မိလားခဗျာယ်။ ချို အဖြေပီးရေနိန့်က အယောင်ယောင်အမှားမှား ဖြစ်နိန်ခရေ ကို့ကို ချို ရယ်လေ့ရယ်ချင်၊ သနားလေ့ သနားမိခရေ။
             ယင်းနိန့်ချေကို လတိုင်း အမှတ်တရ တစ်ခုစီ လုပ်လာခကတ် စွာလေ။ နောက်တစ်ရက်မှာပင် ကို့ကို “ကို” လို့ စခေါ်ခိုင်းခရေမနား။ မနွဲ့နှောင်းတတ်တေ ချို့ကို ကိုက “ကို” “ချို” ဆိုရေ နာမ်စားချေတိ သုံးတတ်အောင် သင်ပီး၊ လေ့ကျင့်ပီးခရရေလေ။ ယင်း နယ်ပယ်မှာ မကျွမ်းကျင်ရေ ချို့ကို ကိုက တဖြည်းဖြည်း သင်ပီးခရေ။ ကို့အတွက်နန့် ချို မမချေတစ်ယောက်နန့် တူလာခရေ။ ကျေးဇူးပါ ကို။ ကို့ကိုလေ့ ရခိုင်တေးခင်း ဆိုတတ်အောင်၊ ရခိုင်သားချေ ပီသအောင်၊ Volunteer လုပ်တတ်အောင် စိတ်ဝင်စားလာအောင် ချိုမှာ ကြိုးစားပြုပြင်ခရသိမ့်ယင့်။ တစ်ယောက်နန့် တစ်ယောက် မတွိဖြစ်ကေလေ့ ချိုရို့ နှစ်ယောက် ချစ်ခြင်းမေတ္တာတိကို ဘေးလူတိတောင် အားကျ၊ သဘောကျ ပီးခကတ်ပါယင့် ကို။
            ချို့ကို ကိုက ပြောဖူးရေလေ အချေခါကပင် မုန်းခလို့ ပြန်ချစ်ပနာ ပီးဆပ်ရစွာလို့။ ချို့ကို အဝီးမှာ စိတ်မချလို့ဆိုပြီးကေ ကိုစွာ ချိုချစ်သူ ဖြစ်ကြောင်းကို ချိုအသိုင်းဝိုင်းထဲမှာ ဟန့်နိန်ရေကြားထဲက ဖွင့်ပြောလိုက်တေ မနား။ ရန်ကုန်မှာ ချိုသူငယ်ချင်းနန့်တောင် ကိုက အပေါင်းအသင်းဖြစ်လို့။ ချိုရို့ တစ်ယောက်နန့် တစ်ယောက် အခက်အခဲတိကို ကိုယ်တိုင် အခက်အခဲတိပိုင်(ဝီးနိန်ကေလေ့) ဝင်ဖြေရှင်းခကတ်တေနန်း။ ကြည်နူးစရာပါ ကို။ လက်ထပ်ဖို့ရက်ကို သတ်မှတ် ကတိတောင်းခသိမ့်ရေ မနား။ မိဘလေးယောက်စလုံးကို ကိုယ့်မိဘတိပိုင် သဘောထားပနာ တစ်ဘဝလုံးစာ တိုင်ပင်ဖြစ်ကတ်စွာတိ အများကြီးလေ။ နံပါတ် ၁ နေရာမှာ အလေးထား ချစ်ရစွာ မိဘတိရာ ဖြစ်ရဖို့လို့ ကို့ကို ချို ပြောဖူးပါရေ။ အေလောက် ခေတ်ကြီးထဲမှာ မိဘကို တန်ဖိုးထားတတ်တေ ကို့အတွက် ချို ဂုဏ်ယူမိရေ။ “ကိုယ့်မိဘကို အမှန်တန်ဖိုးထား လေးစားတတ်တေလူစွာ အခြားလူ မိဘတိကိုလေ့ တန်ဖိုးထား လေးစားတတ်တေ၊ ကိုယ့်သား သမီးကို အမှန်တန်ဖိုးထား ချစ်တတ်တေ မိဘတိုင်းရေ အခြားလူ သားသမီးကိုလေ့ တန်ဖိုးထားချစ်တတ်တေ” လို့ နှစ်ယောက်လုံး စိတ်တူကိုယ်တူ လက်ခံခကတ် တေလေ။ ချိုရို့စိတ်ကူးယဉ်တိုင်း မိဘတိနန့်တတူ ပျော်ပျော်ပါးပါး စိတ်ကူးဖြစ်ခကတ်တေ။ ကြားယောင်မိပါသိမ့်ရေ ကို “Cho! You are my essential.” လို့ လာပြောတတ်တေ ကို့အသံချေ၊ “Cho, I wanna create your life. I wanna create our warm family.” လို့ ကို ပြောတတ်တိုင်း ချိုကြည်နူးခရပါရေ ။ ချိုရို့ ရီးဆွဲထားရေ ဘဝကောက်ကြောင်းမှာ မိဘဆိုရေ “လမင်းကြီး” နန့်၊ တစ်ယောက်ကို တစ်ယောက် မြတ်နိုးတန်ဖိုးထားရေ ချစ်ခြင်း “ကြယ်စင်ချေတိ” နန့် အီးချမ်းရေ ပျော်စရာပါ ။ ချိုရို့ ချစ်ခြင်းတိစွာ အထိအတွိမပါ ရှင်းသန့်ရေ ချစ်ခြင်းမျိုးနန့် တစ်ယောက်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း တွယ်တာမိခကတ်ပါယင့်။
            ကို မှတ်မိသိမ့်လား။ ချို့ကို အိမ်က အစ်ကိုတစ်ယောက်နန့် ကမ်းလှမ်းလာကတ်ခါ ကိုလေ အသံချေတိ ငယ်ပနာ ချိုကို လာပြောရေ။ ကို ဝမ်းနည်းနိန်ခရေလေ။ အိမ်ကတောင် ချိုကို မပြောရသိမ့်။ ယင်းသတင်းကို ကိုက အယင်ဆုံး ယူလာခရေ။ ချိုက ကို့ကိုရာ လက်ထပ်ဖို့စွာပါလို့ ပြောခရေ မနား။ ပြီးကေ အိမ်ကို “ချိုမှာ ရည်ရွယ်ထားရေလူ ဟိပါရေ” လို့ ပြောလိုက်တေလေ။ ယင်းနိန့်ကပင် ကို့နားထဲကို အေပိုင်စကားလုံးချေတိ နောက်ထပ် ဝင်မလာနိုင်အောင်ထိ ချို အိမ်ကို ညှိပီးခရေ။ ယင်းအတွက် ကိုက “ကျေးဇူးတင်ပါရေ ချို၊ ကိုလေ့ အားလုံးထက်မညံ့အောင် ကြိုးစားပါမယ်” လို့ ပြောခရေနန်း။
            ကို့ကို Eng စာလေ့လာဖို့ တိုက်တွန်းယင်း ကို့ကျောင်းက ပီးလိုက်တေ အိမ်စာတိကို Online ထက်မှာ နှစ်ယောက်တတူ လုပ်ခကတ် သိမ့်ရေလေ။ ကို့အကျင့်ဆိုးချေ အစား “အဆိုး” လို့ ထွက်တတ်လာအောင် လေ့ကျင့်ပီးခရသိမ့်ယင့်။ အဓိဌာန်တတူ ဝင်ကတ်တေ။ ရခိုင်ဖြစ်ရစွာကို ဂုဏ်ယူဖို့တတ်လာရေ ကိုစွာ ရခိုင်တေးခင်းတိကိုလေ့ နှိုက်နှိုက်ခြိုက်ခြိုက် ဆိုတတ်လာရေ။ ချို အလှူလုပ်ဖြစ်တိုင်းလည်း “ချို ဇာပင်လှူလှူ ၅၀% စွာ ကို့အလှူ” လို့ ပြောတတ်၊ အဝီခွဲတတ်လာရေ။ “ချို့အတွက်နန့် ကိုအများကြီး ပြောင်းလဲလားဗျာယ်” လို့ ကိုယ့်စွာကိုယ် ပြောတတ်တေ။ စာအုပ်ဖတ်ဖို့ ပျင်းရေ ကိုက ချို ဖတ်ဖို့ စာအုပ်တိ ရှာပီး၊ ပို့ပီးရေ။ ချိုကလေ့ ကို့ကို စာဖတ်ဖို့အကျင့် လုပ်ပီးခရေ။ အခြားလူတိပါးကပီးရေ အရုပ်တိုင်းကို အချေတိကို ပြန်ပီးပလိုက်တတ်တေ ချိုစွာ ကိုထည့်ပီးလိုက်တေ Teddy ချေကို ကိုပြောရေအတိုင်း ခေါင်းအုံးနားချေမှာ ထားအိပ်တတ်လာရေ။ အပြင်ထွက်တိုင်း ကိုပီးရေ နားဆွဲချေတိကို ဝတ်ထားခပါရေ ကို။ ကို့အလုပ်အတွက် လိုအပ်တေ Software တိကို ရှာပြီးကေ အဆင်သင့် လုပ်ပီးထားခရေ။ ကို တစ်နိုင်ငံကိုရောက်ကေ ယင်းချင့်ကို Install လုပ်လိုက်ရုံ အဆင်သင့် ဖြစ်အောင်လုပ်ထားပီးခရေ။ အေပိုင်လုပ်နိန်ရစွာပင် ချိုအတွက် ပျော်စရာ၊ ကျေနပ်စရာပါ ။ ကို့လိုအပ်ချက်အားလုံးကို အဆင်ပြေဖို့ လုပ်ပီးခွင့်ရရေ ဘဝကို ချို ကျေနပ်နိန်ခပါရေ။
              ဘဝအဖုအထစ်တိကို အနာဂတ်ဆိုရေ စိတ်ကူးချေနန့် အားစိုက် တိုက်ထုတ်ယင်း ဖြတ်သန်းလာခကတ်စွာ။ အသံချေကို ကြားရုံနန့် တစ်ဘက်လူ ဟန်ဆောင်လို့ မရအောင်ထိ တစ်ယောက်ကို တစ်ယောက် နားလည်ခကတ်စွာလေ။ “ချို အသံချေ ငယ်နိန်ရေကာ” ဆိုရေ ကို့ အသံကိုကြားကေ ဇာပင်ဖြစ်နိန်, ဖြစ်နိန် ဟန်ဆောင် အသံကျယ်ပြဖို့ ချို အသည်းအသန် ကြိုးစားရစမြဲ။ ချို နိန်မကောင်းဖြစ်ကေလေ့ အလိုလို သိနိန်နိုင်တတ်တေ ကိုစွာလေ ချို လိမ်လို့ မရအောင် ဖြစ်ခရရေ။ “ချို လွန်ခရေ ၂ ရက်၊ ၃ ရက်လောက်က ဇာဖြစ်လေ နိန်ကောင်းယင့်လား” ဆိုပနာ ဖုန်းဆက်ဖြစ်တေ နိန့်မှာပင် မိန်းတတ်တေ။ “ယင်းရက်တိမှာ ကို့စိတ်လီးနိန်ရေ၊ ပြီးကေ ချို နိန်မကောင်းလို့ အိပ်မက်မက်တေ” လို့ ပြောခါ ချို အံ့သြမိလားရရေ။ “ကို့ကို မပြောဘဲမထားပါကဲ့၊ ကို အလိုလို သိနိန်ရေ၊ ကိုရို့နှစ်ယောက် စိတ်ချင်းဆက်စပ်နိန်ရေ သိလာ?” လို့ ကိုပြောရေခါ ချို အတိုင်းမသိကြည်နူးခရပါရေ ကို။ ချို မျက်ရည်တောင် ကျမိခရေ။
             ချိုထက် ၃ နှစ်ကျော်ကြီးပြီးကေ ချိုထက် အများကြီး အချေဆန်ရေ ကို့ကို ချို့မှာ အချေတစ်ယောက်ကိုပိုင် စိတ်မချဖြစ်ရသိမ့်ယင့်။ မှတ်မိပါသိမ့်ရေ ကို။ ချိုရို့နှစ်ယောက် ဖိတ်စာရီးပြီးကေ ငြင်းကတ်ယင်း စကားများလို့ ရယ်ဖြစ်ခကတ် သိမ့်ရေလေ။ ဖုန်းထဲမှာပင် တေးခင်းချေတိ တတူဆိုခကတ်တေ။ ဖြတ်ကျော်လာခရေ အချိန်တိုင်းစွာ ချိုရို့အတွက် ရည်ရွယ်ရေ ပန်းတိုင်ချေနန့် စက္ကန့်မလပ်ပျော်စရာပါ ကို။ ယေကေလေ့ မြှားနတ်မောင်ကရာ ကစပ်ခစွာလာ၊ ချိုရို့ ကံတရားကရာ အာရုံမှောက်မှား ခစွာလာ။ လီညှင်းချေတိပိုင် အီးဆေး ညှင်သာရေ ချိုရို့ချစ်ခြင်းကြားမှာ လီပွီရိုင်း ကံကြမ္မာဆိုးတိ တိုးဝင်လို့လာကတ်တေ ။
            ကိုတစ်ယောက် အိမ်နန့် အဝီးကြီးကို အရောက်မှာ ချိုနားထဲကို စကားလုံးတိ ထိုးသွင်းခံလိုက်ရရေ။ အသိုင်းဝိုင်းဆိုစွာ အရေးကြီးကေလေ့ ယင်းစကားတိ တစ်ချိန်မှာ ရပ်လားလိမ့်မယ်လို့ ချို သဘောထားပီးခပါရေ။ အဓိက “ကို” ။ “ဖြစ်မလာဖို့ ကိစ္စကို ခေါင်းထဲမှာ ထည့်မထားကဲ့၊ ချို စိတ်ပင်ပန်းပါရေ” လို့ ကို ပြောခရေ။ ရည်ရွယ်ရေ ဘဝချေတိအကြောင်းကို တစ်ယောက်နန့် တစ်ယောက် ဖုန်းပြောယင်း ပုံဖေါ်ဖို့ ရှိဆက်ကတ်တေ။ နှစ်ယောက်သား ဖုန်းပြောဖြစ်ကေ မညောင်းတမ်း တခါတလီ ၃ နာရီ လောက်ကြာအောင် ပြောခကတ်တေ မနား။ ကို့ လက်တိအီးခဲနိန်လို့ ဖုန်းလွတ်ကျသံတိကို ချိုကြားရစွာလေ့ အကြိမ်ပေါင်းမနည်း။ ဖုန်းကို ရပ်လို့ ပြောရရေ ကို့ခြီထောက်တိ ထုံလာလို့ ပြန်လီဖို့ပြောကေတောင် မပြန်ချင်ပဲ ဆက်ပြောဖြစ်ကတ်သိမ့်ရေလေ။ နောက်တစ်ခါ ထိုင်ခုံယူလာဖို့လို့ ကို ပြောစွာကို ချို ရယ်ချင်ခရေ။ ကို့ အခက်အခဲ၊ ချို အခက်ခဲချေတိကို တိုင်ပင်နှစ်သိမ့်ကတ်တေ။ မိုးလင်းလင်းချင်း “Good morning” လို့ ဖုန်းနန့် နှုတ်ဆက်ဖြစ်ကတ်တေ၊ ချို အိပ်ယာထနောက်ကျလတ်မေ ဆိုပနာ ဖုန်းနန့် နှိုးတတ်တေ။ ရုံးကိုလားရေ လမ်းတလျှောက် ဖုန်းဆက်ပြောလားကတ် စွာလေ။ ထမင်းစားချိန်ဆိုကေ ဇာစားလေလို့ ဂရုတစိုက်ပုံမှန် မိန်းတတ်တေ ကိုစွာလေ တခါတလီ ချို လိမ်ကေ ချက်ချင်း သိလားတတ်တေ။ ချိုကိုချိုတောင် ဂရုမစိုက်တေ အသေးအမွှားချေတိကအစ ကို ဂရုစိုက်ပီးနိုင်ခ ရေလေ။ အဝီးကြီးမှာ နိန်ကတ်ရပြီးကေ အနီးစပ်ဆုံးလူနှစ်ယောက် ဖြစ်ခကတ်တေ။ လူတိ အားကျလောက်အောင် (ဝီးနိန်ကေတောင်) ကို ချစ်ပြနိုင်ခပါရေ။
            အေပိုင် တစ်ယောက်ကို တစ်ယောက် အားပီး၊ ရှိဆက်နိန်ကတ်ခါမှ ချိုရို့သတိမထားမိခင်မှာပင် စိတ်ဆန္ဒ၊ ဘဝတိကို ကိုင်လှုပ်ခံလိုက်ရရေ။ သတိထားမိချိန်မှာ ချိုရို့ချစ်ခြင်းဆုံမှတ်ကို ချိန်ရွယ်ထားရေ မြှားတစ်စင်း။ ချိုလေ မတုန်လှုပ်၊ မကြောက်ရွံ့ခပါ ကို။ ချို့ကို ချစ်တေ ကို့အချစ်တိကို ယုံကြည်ထားလို့။ ကို့မှာ နှလုံးသားနန့်အပြည့် ချစ်ခြင်းတိ ဟိရေပိုင်၊ ချိုမှာလေ့ ဟိနိန်ရေ။ ချိုရို့ချစ်ခြင်းတိအတွက် တစ်ယောက်ကို တစ်ယောက် သစ္စာဟိထားကတ်ကေလေ့ ချိုရို့ နံပါတ်(၁) နေရာမှာ ထားပြီးကေ တန်ဖိုးထားမြတ်နိုးရေ မိဘက မြှားကို ချိန်ထားရေလူ ဖြစ်နိန်ရေ။ ကို့ မေမေကို ချို စိတ်ထဲကနိန်တောင် မပြစ်မှားမိပါ ကို။ ချိုက မိဘကို တန်ဖိုးထားရေအတွက် ကို့မေမေကိုလေ့ ကို့အတွက် စဉ်းစားပြီးကေလုပ်တေ စေတနာလို့ ယုံကြည် လက်ခံထားလိုက်ပါရေ။ ကို့မေမေ သုံးခရေ လက်နက်တိကို ချို တုန်လှုပ်မှု မဟိခပါ ကို။ အမိနန့် ချစ်သူကြားမှာ ဆောက်တည်ရာမရ ဗျာများနိန်ရေ ကို့ကို သနားလို့၊ သားအတွက် မေတ္တာဇောကြီးနိန်ရေ ကို့မေမေကို သနားမိလို့၊ တစ်ဘက်က တခုလေ့ မသိရေ (ဆရာဝန်မချေကို) မမချေချင်း ကိုယ်ချင်းစာလို့ အားလုံးကို ငဲ့ညှာပြီးကေ ချို အနိုင်မယူရက်တေ လူတိအတွက် ခြီတစ်လှမ်း ဆုတ်ပီးခစွာပါ။ အိမ်နန့် အဝီးကြီးမှာ အလုပ်လုပ်နိန်ရေ ကို့ကို ထိခိုက်မိဖို့ ချိုကောင်းကြောက်ခရေ။ ချို့ကိုမိန်းလိုက်တေ ကို့မိန်းခွန်း  “ချို၊ ကိုရို့ ဇာလုပ်ရဖို့လဲ” လတ်။ ချို ဇာပြောရဖို့လဲ။ မိဘကို တောင်းပန်ကြည့်ဖို့ရာ ပြောမိခရေ။ ချိုရို့နှစ်ယောက်လုံး ဖုန်းကိုမချဖြစ်ဘဲ အေအသံကို မကြားရဖို့ ကြောက်လန့်နိန်ခကတ်တေ။ “ကို့ ဘဝမှာ ဖေ့သာ ၁၀၀ ဟိကေတောင် မေမေ ၅၀၊ ချို ၅၀ လို့ ရည်ရွယ်ထားစွာ” ဆိုရေ ကို့စကား ချိုအတွက် တစ်ဘဝစာ လုံလောက်ပါဗျာယ် ကို ။
           ကိုယ်စီ ကိုယ့်အသံကိုထိန်းယင်း ကိုယ့်ပါးမှာ မျက်ရည်စက်လက်နန့် တစ်ယောက်ပါးကို တစ်ယောက် သုတ်ပီးနိုင်ဖို့ ကြိုးစားခကတ်တေ။ မျက်ရည်စတိကြားမှာ ရယ်စရာ စကားချေတိ လုပ်ကြံပြောကတ်တေ။ ကိုကပြောရေ “ချိုက ကို့ထက်တောင် ပြတ်သားနိန်ရေကာ” လတ်။ “မာနနန့် မဟုတ်ပါကို၊ ကိုယ်ချင်းစာစိတ်နန့်၊ မိဘချင်း ကိုယ်ချင်းစာစိတ်နန့်၊ ဆရာဝန်မချေကို မမချေချင်း ကိုယ်ချင်းစာစိတ်နန့်၊ ချိုရို့နှလုံးသားနှစ်ခုကို ပြန်သိမ်းဆည်းထားရစွာပါ ကို၊ ကို လက်ထပ်ပြီးကေ ချစ်လီဖို့စွာပါရာ၊ တစ်ဘက်လူစွာ မိဘဖြစ်နိန်လို့၊ ကြားလူစွာ မိဘကို လေးစားတတ်ပြီးကေ ချိုကိုကောင်းချစ်တေ၊ ချိုကလေ့ ကောင်းချစ်ရရေ ကို  ဖြစ်နိန်လို့ အချိန်မဆွဲဘဲ တွန်းပို့လိုက်စွာပါ ကို” ။ ပြီးကေ မိဘက သူနန့် ဆိုကေ ကို့ဘဝကို ပိုပြည့်စုံစီချင်လို့ပါ လို့ ပြောမိခါ “ကိုနန့် ချို နှစ်ယောက်ဘဝက ပိုပြည့်စုံပါရေ၊ ကိုရို့နှစ်ယောက်စွာ တစ်ယောက်အတွက် တစ်ယောက် အကောင်းဆုံး လူတိပါ” လို့ ကို ပြောခရေ စကားအတွက် ကျေးဇူးပါ။ “တိုက်ပွဲတောင် မဝင်ရသိမ့်၊ ချို ဇာဖြစ်လို့ အားလျော့နိန်ရစွာလေ” လို့ ကို ပြောရေ။ ဘဝကပီးရေ တိုက်ပွဲတိုင်းကို ရင်ဆိုင်ဖို့ ချို အကြောက်အရွံ့မဟိ အဆင်သင့်ဖြစ်နိန်တတ်ကေလေ့ အဂု ချိုရို့ရင်ဆိုင်ရဖို့စွာလူက ချိုရို့ တိုက်ပွဲဝင်သင့်ရေလူမဟုတ် ရှိခိုးထိုက်တေ မိဘဖြစ်နိန်လို့ပါ။ မိဘတိုင်းကို ချိုမိဘနန့်တန်းတူ တန်ဖိုးထားလေးစားရလို့ပါ။ ချိုရို့နှစ်ယောက်လုံး ဟန်ဆောင်မရအောင် ခံစားရကေလေ့ ကို့ကို မိဘကျေးဇူး ဆပ်ခွင့် ပီးလိုက်စွာပါ။ “ကိုယ်လုပ်ချင်ရေ ဆန္ဒအတိုင်း လုပ်ဖို့ ဇာဖြစ်လို့ အေလောက် ခက်ခဲရစွာလေ ချိုရယ်” လို့ ကိုပြောရေ။ လုပ်ချင်ရေဆန္ဒကို လုပ်ဖို့ ခက်တေဆိုစွာ ကို လိမ္မာနိန်လို့ပါ၊ ကို့မေမေကို စိတ်ချမ်းသာစီချင် ကတ်လို့ပါ။ ကိုနန့် ချို အရွယ်ရောက်ပြီးသား ကိုယ်ရို့ထင်စွာကို လုပ်ပိုင်ခွင့်ဟိကေလေ့၊ လုပ်နိုင်ရေ အခြေနေပီးခကေလေ့ ခံစားရစွာတိကို ခါးစည်းခံပြီးကေ ကို့မေမေကို စိတ်ချမ်းသာစီခကတ်တေ အတွက် ကျေနပ်ပါရေ။ “ချိုပျော်ကေ ကိုလေ့ ပျော်ရေ” လို့ ကို ပြောတတ်တေအတိုင်း ကို့မေမေပျော်လို့ ကိုပျော်ရကေ ချိုလေ့ ပျော်နိန်ဖို့စွာပါ ကို ။ ကို့ကို မွီးပီးရေ အသက်သခင်ကို ချိုရို့နှစ်ယောက် နှလုံးသား ႄကြီမြ ႄကြီကြဲခံပနာ ပီးဆပ်ခွင့်ရစွာအတွက်၊ ကိုနန့်တတူ ချိုပါ ဝင်ပီးဆပ်ခွင့်ရရေအတွက် ကျေနပ်ပါရေ ကို ။ ကို့မေမေလေ့ ကျေနပ်ပါစီ ။
          အချိန်အတိုင်းတာတစ်ခုကိုရောက်ကေ အားလုံး ကိုယ့်စွာနန့်ကိုယ် အသားကျလီဖို့စွာပါရာလို့ ချိုပြောမိခါ ကိုက “လူများတိပြောရေ စကားလား ချို၊ တစ်ချိန်ကျကေ အမှတ်တရအဖြစ်နန့် ဟိနိန်ဖို့လို့ ပြောကတ်တေမနား။ ကို့အတွက်က အမှတ်တရအဖြစ်အပျက်မဟုတ် ချို၊ ဘဝမှာ အကြီးဆုံး အစိတ်အပိုင်းတစ်ခု၊ အဂုကနိန် ကိုစွာ ချို ပြုပြင်ထားရေ စရိုက်တိနန့် နိန်ဖို့တတ်တေလူ ဖြစ်နိန်ဗျာယ်၊ တစ်သက်လုံးနိန်သရွိ ကို့အတွက် တစ်ဘဝလုံးစာ ပြုပြင်ပီးခရေ ချိုကို အမှတ်တရအဖြစ်အပျက်တစ်ခုပိုင်ရာ ဟိလီဖို့ထင်လို့လား။ ကို့ဘဝနန့်ထပ်တူ ဟိလီဖို့စွာပါ ချို။ တစ်ဘဝလုံး အေရင်ထဲမှာ သေချာသိမ်းထားလီဖို့စွာပါ” လို့ ပြောလိုက်ခါ ချိုမှာ ပြောစရာစကား ရှာမတွိအောင် ရင်ထဲမှာ ဆို့နင့်လားမိပါရေ ကို။ အသည်းကွဲရေဆိုစွာ ဘဝတစ်ခု သီဆုံးလားစွာနန့် မခြား ဆိုစွာကို ချို နားလည်လိုက်ဗျာယ်။ လူတစ်ယောက်မဟိလို့ နောက်တစ်ယောက် ဘဝ ပျက်မလားလို့ ချို ကြွီးကြော်ခဖူးရေ ။  ဘဝပျက်၊ မပျက်လာတော့ခါ မသိ၊ အဂု အသက်ရှင်နိန်ရစွာကိုတောင် ကြောက်တတ်လာရေ။ မိန့်ပလိုက်ဖိလို့ လူတိလာပြောရေ စကားအတွက် ချိုမှာ ပြန်ပြောစရာ စကားမဟိ။ ဇာပိုင် မိန့်ရဖို့လဲ ကို။ နောက်ဆုံး စကားပြောဖြစ်တေအချိန်ထိ ချို့ကို ကို့ရင်ထဲမှာ တဗျင်း တန်ဖိုးထားပြီးကေ ချစ်စွာ လို့ တဖွဖွ ပြောနိန်ရေ ယင်း စကားသံတိကို ချို့ နှလုံးသားထဲမှာ အသံဖမ်းယူထားစွာပိုင်ဗျာယ်။ ရင်ထဲမှာ အသံတိတ် ပေါက်ကွဲထွက်နိန်ရေ သောကတိက ချို ခံနိုင်ရည်တိကို အရင်းကပင် တိုက်စားယူလားကတ်ယင့်။ ချိုအတွက် ဖြေဆည်စရာ ရှာမရပါ ကို။ တချက်ချေ မျက်လှည့်ပြရေပိုင် ဆုံခွင့်ပီးခရေ ကံကြမ္မာကိုရာ ယိုးမယ်ဖွဲ့ရဖို့လား ကို ……
          နှလုံးသားနှစ်ခု ကြွီပြုန်းရကေလေ့ အသိုင်းဝိုင်း နှစ်ခုကြားက ပဋိပက္ခကို ငြိမ်းသတ်လိုက်ခစွာပါ။  ချိုရို့နှစ်ယောက် ချစ်ခြင်းတိနန့် အသိုင်းဝိုင်းနှစ်ခုကို ချစ်ပီးလိုက်စွာပါ။ ချိုရို့နှစ်ယောက် အချစ်တိနန့် ကို့မေမေကို ချစ်ပီးလိုက်ကတ်စွာပါ။ ချိုရို့ချစ်ခြင်းတိကို ရင်ထဲ အနက်ရှိုင်းဆုံး နိန်ရာမှာ အသေချာ သိမ်းဆည်းထားရဖို့ဗျာယ်လေ။ နောက်ဆုံးတွိခရေ အချိန်ထိ သူစိမ်းတိဖြစ်ခရေ လူနှစ်ယောက်စွာ တစ်ယောက်ကိုတစ်ယောက် ဘဝနန့်ထပ်တူ ချစ်ပြီးမှ နောက်တစ်ခေါက် ပြန်ဆုံဖြစ်ချိန်မှာ အသိုင်းဝိုင်းဆိုရေ စည်းတစ်ခုအတွက် ချစ်ခြင်းတိကို မြိုသိပ်လို့ သူစိမ်းတိအဖြစ်ရာ နိန်ကတ်ရဖို့ဆိုရေ ကံတရားကိုတော့ကေ ချို စိတ်နာမိရေ ။ ကို့ရင်ထဲမှာ ကမ္ဘာပြိုနိန်စွာကို သိကေလေ့ ကို့ကို နှစ်သိမ့်ပီးဖို့ ချို ကိုယ်တိုင်တောင် အားမဟိခပါ ကို။ ချိုရို့ နှစ်ယောက်တစ်ဘဝကို ပုံဖေါ်နိန်ယင်းမှာပင် ဆီးရောင် ပျက်လားခရဗျာယ်။ ချိုရို့ နှလုံးသားနှစ်ခု ပျက်သုန်းခံပြီးကေ အသိုင်းဝိုင်း နှစ်ခုကို ကာကွယ်ပီးခကတ်ရစွာ မဟုတ်လား။ ယင်းချင့်အတွက် ချို ကျေနပ်ပါရေ။ ချို့ နှလုံးသားထဲက နှလုံးသွီးတိကို (M.B.B.S) က ဆရိန်းချေနန့် အသာအယာပင် ဆွဲနှုတ်လားလီယင့် ။
             သက်ပြင်းချသံတိရာ လွှမ်းမိုးနိန်ရေ အိပ်ပျက်ညည့်တိကို နှစ်ယောက်သား တိုင်ပင်မထားဘဲ လက်ချိုးရွီနိန်ကတ်ရရေ မဟုတ်လား။ တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်အားပီးရေ စကားချေတိ ပြောမိကတ်တေလေ။ ကို ပြောခရေ “ကိုရို့နှစ်ယောက် ဇာဆုတောင်းမှားခလို့ ကျိန်စာသင့်ကတ်ရလေ့မသိ၊ နောက်ဘဝဆိုစွာ ဟိခကေ အဂုဘဝမှာ ချစ်ခကတ်စွာကို မှတ်မိပြီးကေ အတိုးချချစ်လို့ အတားအဆီးမဟိ ပေါင်းခွင့်ရချင်ရေ ချိုရယ်၊ တစ်သက်စာ သီရာပါ ဒါဏ်ရာပါ ချို” ဆိုရေစကားကို နှလုံးသားနန့် နားထောင်ဖြစ်ပြီးကေ ကိုနန့်ထပ်တူ ဆန္ဒပြု ဆုတောင်းမိခပါယင့်။ နောက်ဘဝဆိုစွာရာ ဟိခကေ ကိုနန့်ပြန်တွိလို့ တသက်လုံး ဆုံဆည်းခွင့်ကို ရပါစီ အသျှင်ဘုရား။ တပည့်တော်ရို့စစ်မှန်ရေ ချစ်ခြင်းတိကို မြိုသိပ်လို့ မိဘစိတ်ချမ်းသာဖို့ ရွီးချယ်လိုက်ခကတ်ပါရေ ဘုရား။ အေမှန်ရေ သစ္စာစကားကြောင့် ဘဝဆက်တိုင်း ချစ်တေလူနန့် ကွေကွင်းရရေ ဒုက္ခက တပည့်တော်ရို့ နှစ်ယောက်စလုံး ကင်းဝီးနိုင်ပါစီ အသျှင်ဘုရား။              
           အေစာကို ရီးခွင့်ပီးခလို့လေ့ ကို့ကို ကျေးဇူးတင်ပါရေ ကို။ ချို့ နှလုံးသား စူးနစ်နာကြင်ပြီးမှ ရလာရေ သောကတိနန့် အေစာမူကို ချို အသက်သွင်းခပါရေ ကို။ ချို့ဘဝတလျှောက်မှာ စာတစ်လုံးစီတိုင်း မျက်ရည်ကျခရရေ တစ်ခုတည်းသော စာပါ။ စာမူ ရီးပြီးရေနိန့်က ကို ဖတ်ချင်ရေဆိုလို့ ချို ဖုန်းထဲက ဖတ်ပြလိုက်ခါ ကို ကျခရရေ မျက်ရည်တိအတွက် တောင်းပန်ပါရေ။ ကို့မျက်ရည်တိစွာ ချို့ ရင်ဘတ်ကို လှိုက်စားစီရေ။ ကို မငိုပါကဲ့။ ချို ကို့ကို မျက်ရည်မကျစီချင်။ ချို့ ရင်ဘတ်ထဲမှာတော့ကေ အသက်ရှုလိုက်တိုင်း နာကြင်နိန်ရရေ။ ချို့ ထွက်သက် ဝင်သက်တိုင်းမှာ “ကို” ဆိုရေ ခေါ်ညည်းသံတစ်ခု ကပ်ငြိပါနိန်ကတ်တေ။ ရှင်သန်နိန်ရဖို့ ဆိုရေ ဝတ္တရား တစ်ခုကလွဲကေ ချိုဘဝ တစ်ခါ သီဆုံးလားရဗျာယ်။ ဇာလောက်ပင် သတ္တိဟိရေ ဟန်ဆောင် ဟန်ဆောင် ချို စိတ်နှလုံးသားတိက လိုရာကိုမလား။ တခေါက်တခေါက် မျက်ရည်တိရာ အကြောင်းကြောင်းစီးကျလို့နိန်ယင့်။ ရယ်နိန်ရေ လူတိကို တွိကေတောင် မနာလိုဖြစ်တတ်နိန်ဗျာယ်။ နှလုံးသားစွာ ချို့ control အောက်က လွတ်လားဗျာယ်လေ။ ပေါင်းစည်းခွင့်ကို မပီးချင်ဆိုကေ အေလောကကြီးစွာ ဇာအတွက်နန့် နှလုံးသားနှစ်ခုကို ပြပြုတ်ပြုန်းအောင် လှုပ်ခါကိုင်ပနာ ကစပ်ခရစွာလေ…. ချို  ဇာပိုင်  ဆက်ရှင်သန်ရဖို့သိမ့်လဲလို့    အော်မိန်းကြည့် လိုက်ချင်ရေ ။
          ဇာပင်ဖြစ်ဖြစ် ကို့ကောင်းကင်မှာ “လမင်း” သာနိန်ပါစီ။ အဂုကြွီကျခရေ ကြယ်စင်ချေတိ တစ်နိန့်မှာ ပြန်လင်းလက်နိုင်ပါစီ။ ချိုကတော့ကေ ကောင်းကင်ကို မော့ကြည့်မိတိုင်း ချိုအတွက် နွီးထွီးရေ လမင်းကြီးကို မြင်နိန်ရပါယင့်။ ချို့ကို စကားလှမ်းပြောတတ်တေ ကြယ်စင်ချေတိကတော့ကေ ပျက်သုဉ်းလို့ ကြွီကျခရဗျာယ်လေ။ ယင်းကြွီကျလားရေ ကြယ်စင်ချေတိ ချို ကောင်းကင်မှာ တစ်ဘဝလုံး ဆိတ်သုဉ်းလားကေတောင် ချို အနိုင်မယူရက်တေ လူတိ ကောင်းကင်မှာ ထာဝရ လင်းလက်နိုင်ဖို့ဆိုကေ ချိုကျေနပ်ပါဗျာယ် ……………………..
            
……........................................................

 
        

 The More Loving One

“Looking up at the stars, I know quite well
 That, for all they care, I can go to hell,
 But on earth indifference is the least
 We have to dread from man or beast.

 How should we like it were stars to burn
 With a passion for us we could not return?
 If equal affection cannot be,
 Let the more loving one be me.    

 Admirer as I think I am
 Of stars that do not give a damn,
 I cannot, now I see them, say
 I missed one terribly all day.

 Were all stars to disappear or die,
 I should learn to look at an empty sky
 And feel its total dark sublime,
 Though this might take me a little time.”
                                                          
                                                          W. H. Auden

(တန်ဖိုးထား ချစ်ကတ်ယင့်သားနန့် ကွဲကွာရရေ ဒုက္ခဆင်းရဲက ကင်းဝီးနိုင်ကတ်ပါစီ)
                                                                                                                     
                                                                                       သင်းချို (03.05.2011)

သူ

Thursday, May 24, 2012

သူ့ကို စတွိလာခစွာ ၁၉၉၁ ခုနှစ်ကပင် .... သူနန့် အကျွန် အကြိမ်ပေါင်းအများကြီး မျက်မှန်းတန်းမိခကတ်ပါရေ ... မှတ်မှတ်ရရ သူနန့် စတွိရေ အချိန်က သူ့ကို ကြိုဆိုရေလူတိ အများကြီးကြားထဲမှာ ထင်းခနန်း မြင်နိုင်ရေ ... သူ့ကိုကြည့်ပနာ အားလုံး ပြုံးလို့၊ ပျော်လို့ ... အချေခါ ဘဝကပင် သူ့ကို တမိတမောကြည့်ဖူးခရေ ... ယပြတ်ဆိုရေပိုင်လေ့ ဆုံဖူးခရေ ... သူ့ကိုကြည့်ပနာ ကြည်နူးမိခရေ .............

၁၀ တန်းအောင်လို့ တက္ကသိုလ်တက်ခါတော့ သူ့ကို နိန့်တိုင်းတွိလာရရေ ... တခါတခါ သူ့မျက်နှာမှာ မှန်ကန်မှုတိကိုတွိရရေ ... တခါတခါဆိုကေတော့ မျက်နှာသီနန့် ... အေပိုင်နန့် သူနန့် တွိပြီးကေ မျက်မှန်းတန်းမိလာခစွာ ကျောင်းတောင်ပြီးလားခပါဗျာယ် ... သူ့ကိုတော့ကေ တမိတမော့ ကြည့်ဖြစ်တုန်း ....

ဆီးကုမ္ပဏီမှာ အလုပ်စလုပ်တေအချိန်ခါတော့ကေ သူ့ကို တစ်နိန့်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် တွိလာရရေ ... တခါတလီ သူ့ကိုကြည့်ယင်း ရင်ခုန်သံတိ မြန်ရရေ ... တခါတခါတော့ကေ ဟင်းးး ခနန်း သက်ပြင်းချဖြစ်တေ ... တခါတလီကျပြန်ကေလေ့ ရင်ထဲမှာ ဟာတာတာနန့် ... သူကတော့ကေ သူ့ပုံစံအတိုင်း မပြောင်းမလဲ ... အစပိုင်းခါတော့ကေ သူကလေ့ လူတိကို ပုံမှန်နှုတ်ဆက်တတ်တေ.. နှုတ်ဆက်နိန်ကျ ... အချိန်ကြာလာခါ သူလေ့ သူဖါသာသူ၊ အားလုံးလေ့ ကိုယ့်စွာနန့်ကိုယ် ... ယကေလေ့ ဇာပင်ပြောပြော ယပြတ်ပိုင် သူနန့် မျက်နှာချင်းဆိုင် တွိနိန်ဖြစ်တုန်း ... အကြည့်ချင်းဆုံဖြစ်တုန်း ...

အခြားလူတိကရာ ပြောင်းပြောင်းလားခရေ ... သူကတော့ကေ ယင်းနိန်ရာမှာ ယင်းအတိုင်း မပြောင်းမလဲ ... သစ္စာရှိရှိ ရပ်တည်နိန်တုန်း ... သူစွာ စစ်တွေမြို့အတွက် အထင်ကရ ပြယုဒ်တစ်ခုလေ့ ဖြစ်နိန်သိရေ ... ဇာသူစွာ ဇာလောက်အဝီးကို ဇာလောက်ကြာအောင်ပင်လားလီပတ်စီ စစ်တွေကို သတိရတိုင်း သူ့ကိုလေ့ မှတ်မှတ်ရရ သတိရ မှတ်မိနိန်ကတ်သိယင့် ... သူကတော့ကေ သူ့ပုံစံအတိုင်း မပြောင်းမလဲ ...

သူ .....        သူ ...............
၁၉၉၁ ခုနှစ်ကပင် တွိဆုံလာခရေ၊ မျက်မှန်းတန်းမိ ရင်ခုန်မြန်ခရရေ၊ ရင်ထဲမှာ ခံစားချက်ချေ ပေါင်းစုံကို ပီးခဖူးရေ သံယောဇာဉ်ကြိုး တထွီးကြီးနန့်သူ ..........
မြို့စစ်တွေ ပြယုဒ်တိထဲက တစ်ခုအဖြစ်နန့်သူ ............
ရင်ထဲက  သူ ..................................

လောကကြီးက မှန်ကန်မှုနန့်၊ လစ်လျူ ရှုတတ်မှုကို မျက်နှာထားအမျိုးမျိုးနန့် ပြတတ်တေ သူ ... အကျွန့်ရင်ထဲက ဆယ် စုနှစ် နှစ်ခုတိုင်တိုင် မိန့်ဖျောက်မရနိုင်ရေ သူ .....
သူက မေယုလမ်း (စာတိုက်လမ်း)နန့် လမ်းမကြီးဆုံရာမှာ ထီးထီးမားမားရပ်နိန်တတ်တေ ဆယ်စုနှစ် နှစ်ခုကို ဖြတ်ကျော်လာခရေ နာရီစင် (အသစ်လို့ အဂုထိခေါ်တုန်း) ကြီးပါ ... (သူရာ အချိန်မှန်ကို ပြနိန်ခကေ မတော်တဆ အလုပ်နောက်ကျရေနိန့်တိ သူ့ကိုကြည့်လို့ ရင်ခုန်မြန်ခရရေ .... သူရာ စက်ပျက်နိန်ကေ သူ့ကိုထားမိရေ မျှော်လင့်ချက်တိ ဟင်းးးးး ခနန်း သက်ပြင်းတစ်ချက်နန့် တတူ အဆုံးသတ်ဖြစ်လားရရေ )....


ထိုထိုသော သူ ................


သင်းချို (21/04/2012 - 1:43 AM)

ဝရံတာမှာ မီးပိတ်ပနာထိုင်နိန်ယင်း ကောင်းကင်ကို မော့ကြည့်ပြီးကေ စဉ်းစားမိရေ။ သြော် . . . အေနိန်ရာကနိန် အေကောင်းကင်ကို မော့ကြည့်ခွင့်ရဖို့အတွက် အေနိန့်စွာ အချိန်ကာလတစ်ခု ကြာအောင်ထိ နောက်ဆုံးဖြစ်နိန်နိုင်ရေ။ ဇာအထိလို့ ကန့်သတ်မထားခရေ အချိန်တစ်ခုအထိ ၂ နှစ်ကျော်ကြာအောင် တစ်ယောက်တည်း ထိုင်ဖူးခရေ အေနေရာချေနန့် ဝီးနိန်ရဖို့သိ။ ကောင်းကင် ကြီးကလေ့ အေနိန့်ခါမှ ဝမ်းနည်းဖို့ကောင်းလောက်အောင် လှနိန်ရေ။ ကြည့်နိန်ယင်းမှာပင် ကြယ်ချေတစ်လုံး ကြွီကျလားခရေ။ အမှန်ဆိုကေ အေကြယ်ချေလေ့ ကြွီစွာ ဟုတ်ချင်မှဟုတ်ဖို့။ နိန်ရာဒေသအသစ်တစ်ခုကို ရွိပြောင်းလားစွာက မဖြစ်နိုင်လာ။

အိမ်ထဲမှာ အသံတိ တိတ်ဆိတ်နိန်ရေ။ ယကေလေ့ မိဘနှစ်ယောက်လုံးရင်တိမှာ ဆူညံသံတိဟိနိန်လီဖို့စွာကို သိရေ။ အိပ်နိန်ရေပိုင် မျက်လုံးကိုမှိတ်လို့ ငြိမ်ပနာလှဲနိန်ကတ်တေ ယင်းရင်ဘတ်နှစ်ခုလုံး လှုပ်ရှားပြီးလွှားနိန်ကတ်ဖို့လေ့ အသေအချာဗျာယ်။ ခေါင်းမာပနာ ကြီးခရေ ဆန္ဒတိအတွက် ပါပါနန့် မေမေကို ရှိခိုးကန်တော့ပါယင့်။

အယင်က အေပိုင်အိပ်မရရေနိန့်တိဆိုကေ မိုးအယင်လင်းဖို့စီ ဆုတောင်းဖူးခစွာ။ အေနိန့်၊ အေအချိန်၊ အေနေရာမှာ အချိန်တိ ရပ်တန့်ပီးပါ။ စီးကျလာခရေ မျက်ရည်တိကို သုတ်ပစ်ချင်စိတ် မဟိခ။ လီချေ တဟုတ်တိုက်လိုက်ကေ မျက်ရည်တိနန့် ပါးပြင်နှစ်ဘက် အီးစက်လားရေ။ ငါရွီးချယ်ခရေ လမ်းကြောင်းအတွက် ငါကိုယ်တိုင်တောင် အေလောက်ခံစားနိန်ရကေဆိုရေ စိတ်ကူးနန့် မိဘတိကို ဆက်မတွေးဝံ့ . . . အေညည့်ကို အတတ်နိုင်ဆုံး ဆွဲဆန့်ထားလိုက်ချင်ရေ။ နာရီစက်သံကလေ့ အေနိန့်ခါမှ ပိုကျယ်နိန်လာ။ အထဲကို တစ်ခေါက်ဝင်ပနာ နာရီထဲက ဓါတ်ခဲကိုဖြုတ်ထားလိုက်တေ။ အေလောက်တောင် အသံကျကျယ်နန့် ပြီးချင်ရေ အကောင်။ မိဘနှစ်ယောက်အိပ်ခန်းကို လှမ်းဝင်လို့ ခြီရင်းမှာထိုင်ပနာ အကြိမ်ကြိမ် ရှိခိုးမိသိရေ။ ပြီးမှ ပြန်ထွက်လာပနာ ဝရံတာမှာ ပြန်ထိုင်ဖြစ်တေ။ မိုးလင်းကေဆိုရေ အတွေး ခေါင်းထဲကို ရောက်လာစွာနန့် ခေါင်းကို ကကြမ်းချေ ခါပလိုက်ယင့်။ အခါကြမ်းလို့ ယင်းအတွေးတိ ထွက်ကျလားပတ်စီလေ။

နိန့်ခင်းက ဟိုနှစ်ယောက်နန့် ဆိုင်မှာ ထိုင်နိန်ခစွာကို အတွက်ပေါ်လာရေ။ သုံးယောက်လုံးထိုင်နိန်ကတ်စွာ လောကကြီးနန့် ကင်းကွာနိန်ရေပိုင်။ နိန်ကျကျွက်ပူဗျာယ် ဆူညံနိန်ရေ ပတ်ဝန်းကျင်နန့် တခုလေ့မဆိုင်ပိုင် ရခဲတောင်ထက် စိမ့်အီးနိန်ရေ ခုံဝိုင်း။ ကော်ဖီခွက်ကို စိုက်ကြည့်နိန်ရေ အထွန်းက “နင့်ခေါင်းထဲမှာ အေပိုင်အတွေးတိမထားကဲ့၊ နင်စွာ အချေကနိန် အားလုံးကို ဦးဆောင်နိုင်ရေ လူတစ်ယောက် မဟုတ်လား။ ငါရို့အားလုံး မျက်ဝန်းတိကို နင်မဖတ်တတ်လား။ နင့် ဆုံးဖြတ်ချက်၊ နင့်လုပ်ရပ်တိအားလုံးကို ငါရို့က အားကျ၊ သဘောကျ လာခကတ်စွာလေ။ နင်စွာ မမချေတစ်ယောက် ဆိုကေလေ့ ငါရို့တိ အားလုံးထဲမှာ သတ္တိအဟိဆုံး၊ ဇွဲအကောင်းဆုံးဗျာယ်။ ငါရို့တစ်အုပ်စုလုံး ကိစ္စတိုင်းကို နင်ဆုံးဖြတ်တေအတိုင်း လိုက်လုပ်ခကတ်စွာလေ။ နင်တစ်ယောက်မဟိစွာနန့် ငါရို့ဝန်းကျင် ခြောက်သွိလားဖို့စွာတော့ကေ သေချာရေ။ ယကေလေ့ ငါရို့မှာ ငါရို့ကိစ္စတိကို ဆက်လုပ်နိန်ကတ်ရဖို့စွာဗျာယ်။ နင့်စိတ်ထဲ၊ နင့်နှလုံးသားထဲမှာ စွဲနိန်ရေ ရည်ရွယ်ချက်တိစွာ မဖြစ်နိုင်လို့ ယူဆခကတ်တေ အသိုင်းဝိုင်းတစ်ခုလုံးကို နင်ကိုယ်တိုင်လုပ်ပြဖို့ ရလာရေ အခွင့်အရေးအတွက် အဂု နင့်ခေါင်းထဲမှာရောက်နိန်ရေ အတွေးတိကို ထုတ်ပလိုက်ဖိ. .” ။ သင်းချိုတစ်ခုလေ့ ပြန်မပြောမိ။

ဇော်ထူးပါးက သက်ပြင်းချသံထွက်လာပြီးကေ ဝင်ပြောရေ။ “သူငယ်ချင်းတိအားလုံးထဲမှာ နင့်ကိုအချစ်ဆုံးလို့ ငါပြောဖူးရေမနား။ ဇာဖြစ်လို့လဲသိလာ၊ နင့်စိတ်ဓါတ် နင့်လုပ်ရပ်တိကိုချစ်လို့။ နင်စွာ ဇာကိစ္စကိုမဆို သတ္တိနန့်ရင်ဆိုင်ဖြေရှင်းတတ်လို့၊ ပြီးကေ တစ်ယောက်ယောက် တစ်ခုခု ဖြစ်ကေ ကိုယ့်ကိစ္စမဟုတ်ဆိုပနာ ငြိမ်မနိန်တတ်လို့။ အဂုလေ့ နင်လုပ်ချင်စွာတိကို လုပ်ဖို့အခွင့်အရေး နင့်လက်ထဲမှာ ဆုတ်ကိုင်မိနိန်ဗျာယ်လေ။ နင်တောက်လျှောက် ကြိုးစားလာခစွာ၊ ခေါင်းမာလာခစွာ အေချင့်အတွက် မဟုတ်လား။ လူတိနားချိန်မှာတောင် နင်မနားဘဲနန့် ခြီလှမ်းတိ ဆက်တိုက် လှမ်းနိန်ခစွာလေ၊ အဂု လှဂါးတစ်ဆင့်ကို တက်ဖို့ခါမှ နင်နောက်တွန့်နိန်ကေ၊ အယင်ချိန်တိကို ပြန်မက်မောနိန်ကေ နင်မရပ်မနား လားခရေ ခြီလှမ်းတိအတွက် ဇာလောက်နှမြောဖို့ ကောင်းဖို့လဲ။ ရှိကို ဆက်လားပါ။ ငါရို့ဆိုစွာ နင့်နောက်ဘက် အဝီးကြီးမှာ ပြတ်ကျန်နိန်ခစွာ ကြာဗျာယ်။ ဇာလောက်ပင်ဝီးဝီး ငါရို့သံယောဇာဉ်တိနန့် ချိတ်ဆက်ထားကတ်မယ်လေ။ နင့်ကို ငါရို့ E-Mail တိပို့မယ်၊ နင်လေ့ပို့။ နင်ရှာတွိရေ ဆန်းသစ်တေအတွေးခေါ်တိ၊ လုပ်ရပ်တိ၊ သဘောသဘာဝတိ ငါရို့ကိုပြန်သင်ပီးလေ။ နင်လာလည်ကေ တတူစစ်တွေကိုပြန်လို့ အားလုံးနန့် ဆုံကတ်ဖို့လေ။” သူ့စကားအဆုံးမှာ သင်းချို လီကိုမှုတ်ထုတ်လိုက်တေ။ “အေးပါ၊ ငါလေ့ အဂုအချိန်ရောက်မှ နောက်ဆုတ်ချင်ကေတောင် မဆုတ်ဖို့ဆုံးဖြတ်ထားရေ။ ယကေလေ့ ငါ့ခေါင်းထဲမှာ ဇာတိဟိလို့ ဟိနိန်မှန်းတောင် မသိဗျာယ်။ လေယာဉ်ထက်ကို မတက်ခင်အချိန်ထိ နောက်ဆုတ်လို့ရရေဆိုရေ အတွေးတိ ခေါင်းထဲကို ရောက်လာအောင်ထိ ငါပျော့ညံ့နိန်ရေ။ ငါနင်ရို့တိကိုလွမ်းနိန်၊ အောက်မိနိန်ဖို့။ စစ်တွေက ငါရို့တစ်အုပ်စုလုံးကို ငါလွမ်းနိန်ဖို့။ တန်းဆောင်မုန်းလပြည့်ကျလို့ နင်ရို့အားလုံးဆုံဖြစ်ကေ ငါမပါနိုင်ဗျာယ်။ ငါ ကကောင်း ခေါင်းမာခဗျာယ်လာ မသိနန်း. . .” ။ ယင်းလောက်ရာ ပါးစက ထုတ်ပြောဖြစ်ကေလေ့ အမှန်ရင်ထဲမှာက ငါတက်လှမ်းရဖို့ အေခြီလှမ်းအတွက် ကြောက်နိန်မိစွာကို နင်ရို့သိအောင်မပြခစွာရာ။ ဇာကိုမှန်းမသိ ငါကြောက်နိန်ခရေ။

“အဟွတ်၊ဟွတ်” မေမေ ခြောင်းဆိုးသံကိုကြားမှ စဉ်းစားနိန်စွာတိ လွတ်ထွက်လားပနာ အဂုပစ္စက္ခတ်ကို ပြန်ရောက်လာရေ။ ခြီသံကြားရေ။ မေမေ အပြင်ကိုထွက်လာစွာလာ။ “သင်းချို၊ သမီး အိပ်ဖိလေ။ နက်ဖြန်ခါ ပင်ပန်းနိန်မေ၊ ထ အိပ်ဖိ”။ ပါးထက်ကမျက်ရည်ကို မေမေ မမြင်အောင် ဆံပင်နန့် ကာထားလိုက်တေ။ “သင်းချို မအိပ်ချင်သိပါမေမေ။ အေနေရာချေမှာ ထိုင်ကောင်းပါရေ။ မေမေ အိပ်ခီပါဖိ၊ သင်းချို အိပ်ချင်လာခါ ဝင်အိပ်လိုက်ပါမေ။” “ယင်းပိုင်ဆိုကေ အင်္ကျီချေတစ်လုံး ထပ်ဝတ်ထား၊ တဖဲ့ချေအီးရေထော။ အကြာကြီးလေ့ ထိုင်မနိန်ကဲ့၊ တနားချေကေ ဝင်ဖိနန်း” ပြောပြီးကေ မေမေပြန်ဝင်လားခရေ။ ပါပါနန့် စကားပြောသံချေတိကို ကြားရရေ။ သင်းချိုကို ခွင့်လွှတ်ကတ်ပါ။

‘ပါပါ’ . . . သင်းချိုကို အချေခါကပင် နားလည်ပီးခရေ အဖ။ လူတိက သမီးကို ကကောင်း အလိုလိုက်တေလို့ ပြောတတ်ကတ်ကေလေ့ ပါပါက သင်းချိုကို အလိုလိုက်စွာထက် နားလည်ပီးစွာ။ အလုပ်ကလာကေလေ့ အယင်ဆုံး “သင်းချို ဝါ” လို့ရှာတတ်တေ ပါပါ။ ၂၀၀၇ ခုနှစ် သင်းချို ရန်ကုန်ကိုလားရဖို့ခါ ပါပါက စကားတစ်ခွန်းတည်းရာမှာရေ “ရန်ကုန်အိမ်မှာ မကျန်လိုက်ကဲ့နန်း၊ ယင်းမှာနိန်ဖို့ဗျာယ်လို့ မပြောကဲ့။ ပါပါက သမီးမရှိကေ နိန်လို့မရတတ်” လတ်။ သင်းချိုငိုဖို့ မျက်ရည်တစ်စက် အကျမခံရေ အဖလေ။ သင်းချိုကို ကောင်းကောင်းနားလည်ပီးရေ ယင်းပါပါကို ကာဗာယူလို့ သင်းချိုခေါင်းမာလာစွာ အေနိန့်အထိ။ “စစ်တွေအိမ်မှာ တတူနိန်လို့ မိသားစုစီးပွါး လုပ်ကတ်မေနန်းရာ” လို့ ပါပါပြောတိုင်း သင်းချိုက “သင်းချို professional ဖြစ်ချင်ပါရေ ပါပါ။ မဖြစ်နိုင်ဆိုစွာမဟိလို့ ပြချင်ပါရေ။ သင်းချိုကို အိမ်မက်မက်နိန်ရေလို့ ပြောကတ်တေ လူအားလုံးကို ပြင်းပြရေအိမ်မက်ဆိုစွာ လက်တွိအကောင်အထည်ဖေါ်ဖို့ ပထမဆုံး ခြီလှမ်းဆိုစွာကို ပြချင်ပါရေ” လို့ ပြန်ပြောမိခရေ။ အေသမီး တဇောက်ကမ်းကို ခွင့်လွှတ်ပါ။ သင်းချိုရင်ထဲမှာ ရည်ရွယ်ချက်တိနန့် ပြည့်နိန်လို့ပါ။ နိုင်ငံခြားကို အထင်ကြီးလို့မဟုတ်ပါ။ သင်းချိုလုပ်ချင်ရေ ဆန္ဒတိက ပြည်တွင်းမှာနိန်ပနာ သင်းချိုလုပ်နိုင်ရေ အတိုင်းအတာထက် အဆမတန် များနိန်လို့ပါ။ သင်းချိုမှာလေ့ အချိန်အတိုင်းအတာဟိပါရေ။ သင်းချို Target ကိုရောက်ပြီးကေ ပြန်လှည့်လာဖို့စွာပါရာ။ ယင်းအချိန်ဆိုကေ မေမေ၊ ပါပါရို့ အေပိုင် စိုးရိမ်ခံစားရအောင် မလုပ်ပါဗျာယ်။ မိဘနားမှာ နိန်ပနာ သင်းချိုရင်ထဲက ရည်ရွယ်ချက်တိကို တစိုက်မတ်မတ် လုပ်လီပါဖို့ဗျာယ်။ အဂု လောလောဆယ်တော့ကေ သင်းချို ခေါင်းမာပါရစီဦး။

သင်းချိုလေ့ ကြောက်နိန်မိစွာပါဗျာယ်။ ယကေလေ့ ပါပါနန့် မေမေက သင်းချိုကို ယုံကြည်မှုပီးပါ။ ပါပါရို့ယုံကြည်မှုစွာ သင်းချိုအတွက် ခွန်အား၊ သတ္တိ။ ရှိဆက်ရေ ခြီလှမ်းတိုင်းမှာ “ငါ့ကို ယုံကြည်မျှော်လင့်နိန်ကတ်တေ” ဆိုရေ အတွေးနန့် အားလုံးကို ရင်ဆိုင်ကျော်ဖြတ်ခွင့်ရအောင် သင်းချိုကို ယုံကြည်ကြောင်း ပြပီးပါ။ သင်းချိုကို လိုအပ်တေလူတိအတွက် သင်းချို ကိုယ့်စွာကိုယ် အသုံးချခွင့်ပီးပါ။ သင်းချို အိမ်ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ခွင့်ပြုပါ။ မြင်ခရရေ ပတ်ဝန်းကျင်ချေအတွက်၊ ကမ်းလက်ကို မျှော်လင့်နိန်ကတ်တေ နှလုံးသားချေတိအတွက် သင်းချို ခေါင်းမာချင်ပါရေ။ အေမိဘက မွီးလာရေ အေသမီးစွာ လူသားဆန်ရေ စိတ်ဓါတ်နန့် လုပ်ရပ်ချေတိကို လုပ်ခွင့်ရပါရစီ။ အချေခါ ဖေ့သာအလိတ်ချေကောက်ရလို့ ငိုခရေ အေသမီးကို မေမေ ကောင်းချစ်တေလို့ ပြောဖူးပါရေလေ။ အဂုလေ့ အခြားလူတိမျက်ရည် အေပါးမှာ ကျပီးပါရစီ။ သူရို့တိမျက်ရည်ကို အေလက်နန့် သုတ်ပီးပါရစီ။ သူရို့မျှော်လင့်ချက်တိကို အေနှလုံးသားထဲမှာ ထပ်တူမျှော်လင့်ပီးခွင့်ပြုပါ။ ကိုယ့်မျက်စိ ရှိတမြင် မဟုတ်ဘဲနန့် လောကကြီးတစ်ခုလုံးကို မျက်စိဖွင့်ကြည့်ခွင့် ရချင်ပါရေ။ နွီးထွီးမှုကို လိုအပ်နိန်ရေ လူအားလုံးကို မေတ္တာတရားနန့် လွှမ်းဖက်ထားပီးချင်ပါရေ။ ကမ်းလက်ချေတစ်ဘက် စောင့်စားနိန်ရေလူတိကို အေလက်နှစ်ဘက်နန့် တတ်နိုင်သမျှ လက်တွဲထားချင်ပါရေ။ ယင်းတွက်နန့် သင်းချို ရင်ထဲမှာဟိနိန်ရေ ကြောက်ရွံ့မှု၊ မိသားစုနန့်ဆိုင်ရေ ခံစားချက်တိနန့် သိမ်ငယ်မှုတိကို သိုဝှက်ထားပါရစီ။ ပါပါ၊မေမေရို့ရင်ထဲကိုလေ့ မမြင်ကန်ဆောင်ခွင့် ပီးပါ။ အေသမီး မလိမ္မာ မိုက်မဲစွာကို သိပါရေ။ ယကေလေ့ ဆက်မိုက်မဲခွင့်ကို ပီးပါ။ သင်းချိုကို “ငါ့သမီးစွာ အရာအားလုံးကို လုပ်နိုင်ရေ”လို့ နှစ်သိမ့်ရေ အပြုံး လက်ဆောင်ပီးပါ။ ယင်းအပြုံးကို အဆောင်အဖြစ် နှလုံးသားနန့် မကွဲမကွာ တစ်သက်လုံး ဆောင်ထားပါမေ။

လီချေတဟုတ်တိုက်လိုက်ခါ မျက်ရည်တိ ခြောက်နိန်ရေ ပါးပြင်နှစ်ဘက်က တင်းပနာ ခံစားလိုက်ရရေ။ ပြုံးကြည့်လိုက်တေ။ ကိုယ့်စွာကိုယ် ပြန်ပြုံးကြည့်လိုက်တေ။ တနားက ရပ်ထားလိုက်တေ နာရီကိုလေ့ ပြန်လားခွင့် ပီးလိုက်တေ။ လွတ်လပ်ခွင့်ပီးလိုက်စွာနန့် သူကလေ့ ညှာသံပီးပနာ သူ့တာဝန်ကိုသူ ထမ်းဆောင်နိန်ယင့်။

ဝရံတာ သံပန်းတန်းခါးကိုဖွင့်ဗျာယ် ကောင်းကင်ကို မော့ကြည့်လို့ အားရပါးရ လီရှုပလိုက်တေ။ အေဝရံတာမှာ တစ်ယောက်တည်းထိုင်ပနာ အေပိုင်ညည့်မျိုးတိကို ဖြတ်ကျော်လာခစွာ ၂ နှစ်တောင် ကျော်လာခဗျာယ် မနား။ တရက်တရီ မိုးတလင်းစာထိုင်ရွီးဖြစ်ခရေ၊ တရက်တရီကျကေလေ့ တောင်စိုင်ရွီမရ စဉ်းစားနိန်ခယင့်။ တခါတလီ တေးခင်းချေတိ အသံဖဖွချေ ညည်းနိန်ခရေ။ ဒရင်းဘတ်မှာ မိုးအလင်းအိပ်ပါလားရေ ညည့်တိလေ့ဟိခရေ။ အေနိန့်ပြီးကေ နောက် ၃၊ ၄ နှစ်ကြာအောင်ထိ အေနေရာချေနန့် ဝီးနိန်ရဖို့ထော။

ဟို၊ ဒေ စဉ်းစားပလိုက်စွာ မိုးထ ၄ နာရီခွဲလို့ မေမေတောင် ဘုရားရှိခိုးဖို့ ထလာဗျာယ်။ “ယာ၊ သမီး၊ အေသူလေ တစ်ညည့်လုံး မအိပ်ထော၊ အဝီးကိုရောက်မှ နိန်မကောင်း ဖြစ်နိန်ဖို့သိ၊ လား လား၊ တနားချေဒါဖဲ့ လှဲပစ်ခီ။ ၆ နာရီလောက်ခါ မေမေနှိုးမယ်”

“မေမေ၊ တရားထိုင်ဖို့ လာစွာပါမနား၊ သင်းချို မအိပ်ချင်ပါ၊ မေမေနန့် တတူ တရားထိုင်ပါမေလေ။” ဆိုပနာ သားအမိနှစ်ယောက် ဓါတ်လယ် အသျှင်ဘုရား တရားခွေကိုဖွင့်လို့ တရားထိုင်ကတ်တေ။ သင်းချိုကတော့ တရားထိုင်နိန်ယင်း အပြင်ကို တချက်ရောက်လိုက်၊ ပြန်သိပီးလိုက်နန့် လည်နိန်တုန်းသိ။ ၁ နာရီ တရားထိုင်ပြီးကေ Breakfast စား၊ ရီမိုးချိုးလို့ လေဆိပ်ကိုဆင်းဖို့ လုပ်ကတ်တေ။ အားလုံး အဆင်သင့်ဖြစ်နိန်ကေ ဘုရားရှိခိုးရေ။ ပြီးကေ မေမေ၊ ပါပါကို ရှိခိုးရေ။ မေမေကတော့ ဆုတိ ကောင်းပီးနိန်ယင့်။ ပါပါက တစ်ခွန်းတည်းရာ ပြောရေ။

“စိတ်ပင်ပန်းမခံကဲ့၊ လာချင်ကေ အချိန်မရွီးပြန်ပါလတ်၊ ပါပါရို့ စောင့်နိန်ရေ။” ပြောပြီးကေ ထလားခရေ။

Taxi ထက်မှာ ပါပါက ရှိက၊ မေမေနန့် သင်းချိုက နောက်က။ မေမေ တစ်လမ်းလုံး တတွတ်တွတ်မှာရေ။ “ပေပေတေတေ မနိန်ကဲ့။ ကျန်းမာရေးကို ဂရုစိုက်၊ မမချေပိုင် သပ်သပ်ယပ်ယပ် ဆင်ပြင်လို့ချေနိန်၊ စာကြိုးစား၊ ညည့်မအိပ်ပဲ စာမဖတ်ကဲ့ကား၊ အားလုံးကို သတိဝီရိယနန့် အလှပချေနိန်၊ အစားအစာကို ပုံမှန်စားရဖို့၊ တစ်ခုခုဖြစ်ကေ အိမ်ကိုပြော၊ မိဘ အချိန်တိုင်း အသင့်ဟိနိန်ရေ၊ တစ်ယောက်တည်း ကြိတ်ပြီးကေ ခေါင်းမမာကဲ့၊ လူကိုသည်းခံ၊ လူတိုင်းကို နားလည်မှုပီးလိုက်။ သနားညှာတာရေစိတ်၊ ကိုယ်ချင်းစာစိတ်ကို ရင်ထဲမှာထည့်ထား၊ လူတိဆိုးကေ ဆိုးပတ်စီ၊ ကိုယ်မဆိုးစီကဲ့။ ဘုရား၊ တရားကို မမိကဲ့။ ကိုယ်တိုင်သိပြီးကေ လုပ်ရဖို့၊ ဇာကိုမဆို ဟူးဟူး ဒိုင်းဒိုင်း မဆုံးဖြတ်ကဲ့။ စိတ်မြန်စွာကို လျှော့. . .” ။

ပါပါက တစ်ခွန်းလေ့ မပြော၊ သက်ပြင်းတိကိုရာ ချပြီးကေ သင်းချိုကိုတောင် မကြည့်ဗျာယ်။ မေမေလေ့ ပြောရာပြောနိန်စွာ တစ်ခေါက်ချေတောင်မကြည့်။ သင်းချိုလေ့ တစ်ယောက်ကိုလေ့ မကြည့်ဘဲ မျက်လုံးအောက်နားကနိန် ဖိုင်ကိုထောင်လို့ ကာထားလိုက်တေ။

အေခြီလှမ်း၊ အေစိတ်ဆန္ဒတိအတွက် ဥပေက္ခာပြုထားရရေ အရာတိ များမှန်းမသိ များနိန်ယင့်။ လုပ်ချင်ရေ ဆန္ဒတစ်ခုတည်းကိုရာ သိပြီးကေ နွီးထွီးမှု၊ သံယောဇာဉ်ဆိုစွာကို ပပါးလလှပ်လို့ ထင်ခမိစွာ၊ အဂုမှ ဇာလောက် ခံရခက်လေ ကိုယ်တိုင်အသိဆုံး။ ယကေလေ့ အနောက်မှာ ဖေါင်ကိုဖျက်ပစ်ခဗျာယ်ဖြစ်လို့ ပြန်လှည့်ဖို့ အကြောင်းကမဟိဗျာယ်။

လေဆိပ်ကိုရောက်ကေ လုပ်စရာဟိစွာတိကို လုပ်ယင်းနန့် အချိန်ကုန် ယင်လိုက်တေပင်က။ လေယာဉ်ကိုဝင်ဖို့ အချက်ပီးနိန်ဗျာယ်။ နောက်ကို လှည့်မကြည့်၊ လက်တောင်မပြခ၊ ရှိကိုရာစူးစိုက်ပြီးကေ ထွက်လာခရေ။ မာန်တင်းထားရေကြားက သစ္စာဖေါက်ပနာ ခြီမကို စက်ခနန်းကျလာရေ ရီစက်တစ်ပေါက် သင်းချိုမျက်နှာကို နောက်လှည့်ခွင့်မပီး။ အကြိမ်ကြိမ် နောက်လှည့်ပနာ ပြီးပလိုက်တေ ခြီလှမ်းတိစွာ စိတ်ကူးတိရာဖြစ်နိန်ယင့်။ ပြန်လှည့်ပြီးချင်ရေစိတ်ကို အလိုလိုက်ဖို့ သတ္တိ လုံလုံလောက်လောက် မဟိခ။ သံယောဇာဉ်တိနန့် ချိုင်ထားရေ အေခြီထောက်တိ လီးလိုက်တေပင်က။ ယင်းခြီထောက်တိကို အဓမ္မသယ်(ဆွဲငင်)ယင်း လေယာဉ်ပျံထဲကို တစ်လှမ်းချင်း လှမ်းဝင်မိခရေ။ မိုက်မဲစွာကလွဲလို့ သတ္တိမဟိရေ သင်းချို လေယာဉ် ကောင်းကင်ကို ပျံအတက်ခါမှ နှလုံးသားပြုတ်ကျကျန်ခယင့်လေ…..

သင်းချို


စာရီးခြင်းစွာ သင်းချိုအတွက် နှလုံးသားလမ်းကြောင်း ဖွင့်ရေနိန်ရာ၊ စိတ်ထွက်ပေါက်ပီးရေနိန်ရာ၊ ဆန္ဒတိကို တချက်ချေ ချွေးသိပ်ပီးရေနိန်ရာ။ ခေါင်းစဉ်တစ်ခုအောက်မှာ အေဘောင်ထဲက မထွက်ဘဲ စာရီးပီးပါဆိုကေ သင်းချို သုညရာရဖို့အသေချာ။ စာရီးဖို့ စည်း၊ ဘောင် အတားမဟိရေ သင်းချို စာရီးမကောင်းပါ။ သင်းချို စာကို ဆန္ဒနန့်ရီးရေ၊ အိပ်မက်နန့်ရီးရေ၊ နှလုံးသား ကို သွီးလို့ရီးရေ။ သင်းချို စာကို ဆန္ဒနန့်ဖတ်တေ၊ ရင်ဘတ်နန့်ဖတ်တေ၊ နှလုံးသားတန်းခါးကို ဖွင့်လို့ဖတ်တေ။ တခါတလီ စိတ်ထဲမှာဟိစွာကို ချရီးရေ၊ တခါတလီ ခံစားရစွာကို ချရီးရေ။ အချေခါကနိန် အကျယ်ကြီးမငိုတတ်။ ခံစားရကေ စာအုပ်ထဲမှာချရီးထားလိုက်တေ။ ယင်းပိုင်အလုပ်တိအတွက်နန့် မိသားစုပါးမှာ ဝိုင်းရယ်ခံခရရေ။ “သမီးကြီးကေ ဇာလုပ်ဖို့လဲ”ဆိုရေ မိန်းခွန်းကို “ကလောင်ကိုင်ဖို့” လို့ ကြကြီးကျကျယ် ပြန်ဖြေမိရေအတွက် ၉နှစ်သမီးချေ အသတ်ခံဖူးခရေ။ ဆရာဝန်လုပ်ဖို့လို့ပြောခိုင်း၊ ရည်ရွယ်ခိုင်းရေ စကားတိကို ခါးခါးသီးသီးခေါင်းခါပြီးကေ ကလောင်ကိုင်ဖို့လို့ လှိုက်လှိုက်လှဲလှဲ ခေါင်းမာ ပနာ ကိုယ့်ရင်ဘတ်ကိုကိုယ် ကတိအခါခါပီးခရေ။ ယင်းအရွယ်ကနိန် မာခရေ ခေါင်းကို မွီးပီးလိုက်တေ မိဘကိုယ်တိုင်က လက်ဖျားခါခကတ်ပါယင့်။ စာတိရီးရေ၊ အဆုတ်ခံခရရေ။ ဘောင်မဝင် စည်းမဟိရေစာတိ လစ်လျူရှု ခံခရရေ။ စာကိုရီးရေ အတွေး၊ ဆန္ဒ၊ နှလုံးသားမှာလေ့ ဘောင်မဟိရေအတွက် သင်းချိုစာတိ ဘောင်မဟိစွာကတော့ကေ မဆန်းပါလေ။ တချို့က လှောင် ကတ်တေ၊ တချို့က အားပီးရေ၊ တချို့ကတော့ကေ ဖာသိဖာသာ။

လောကကြီးထဲက မျက်ဝန်း၊ နှလုံးသားနန့် ခံစားချက်တိကို ရင်ဘတ်ချင်း၊ နှလုံးသားချင်း၊ ခံစားချက်ချင်း ဖတ်ပီးရစွာကို မက်မောမိရေ။ နှလုံးမှာ အခန်းဇာနှစ်ခန်းလဲ သင်းချို စိတ်မဝင်စားခ။ နှလုံးသားထဲက ငိုသံ၊ ညည်းညူသံနန့် တောင့်တသံတိကို နားစိုက်ထောင်ဖို့ရာ အားယူခရေ။ သူရို့ရင်ထဲမှာ မြိုသိပ်ထားရစွာတိ ဇာလောက်များလေလို့ရာ ရှာချင်ခရေ။ နှလုံးသားချင်း နားထောင်၊ နှလုံးသားနန့် ဘာသာပြန်ဖို့ ကြိုးစားနိန်ခရေ။ အချိန်တိရာ ကုန်မှန်းမသိ ကုန်လားရေ။ စာရီးစွာ စာအုပ်တိလေ့ တစ်အုပ်ပြီးတစ်အုပ် ခုံထက်မှာ ပုံတက်လာရေ။ သင်းချို စာရီးလက်ရာ တက်မလာခ။ တိုးတက်လာစွာတစ်ခုက လူတိ၊ မိသားစုတိနန့် အယူအဆတိ သွေဖီလာရေ။

ကျောင်းခန်းထဲက အဆိုးဆုံးလို့ ပြောတတ်ကတ်တေ ကျောင်းသား နန့်တတူ မုန့်ဝယ်စားတတ်လာရေ။ သူ့အကြောင်း ကိုယ့်အကြောင်း ထိုင်ပြော ဖြစ်ကတ်တေ။ သူ ကျောင်းထွက်ပြီးရေအကြောင်းတိကို မိန်းဖြစ်၊ ပြောဖြစ် ကတ်တေ။ လူတိက ကောင်းရိုင်းရေ ဆိုးရေလို့ ပြောကတ်တေသူက နောက်ဆုံးခါ သင်းချိုကို ညမချေလို့ ခေါ်တတ်လာရေ။ သူ့မှာလေ့ သူ့ အယူအဆ သူ့ဇာတ်လမ်းချေနန့် သူ။ သူကမိန်းဖူးရေ “ မမချေတိက ငါ့ကို ကြောက်ကတ်တေ၊ နင်ငါ့ကို မကြောက်လား” လတ်။ ငါ နင့်ကို တစ်ခါလေ့ မကြောက်ခလို့ သင်းချို ပြန်ဖြေလိုက်တေခါ သူကောင်းရယ်ရေ။ သူ့ အကြောင်းတိကိုလေ့ စာအုပ်ထဲမှာ ရီးထားခရေ။ သူ့ကို ဇာဖြစ်လို့ ဆိုးရေလို့ သတ်မှတ်ခကတ်လေ မသိ။ သူ့ကိုသတ်မှတ်ထားကတ်တေ “ဆိုးရေ” ဆိုရေ ဝေါဟာရနန့်၊ ဆိုးကြောင်းကိုသိသာအောင် ဖေါ်ထုတ်ပြကတ်တေ အကြည့်တိ က သူ့ကို ပိုဆိုးစီဖို့ တွန်းအားတိ မဟုတ်လားဆိုရေ မိန်းခွန်းတိ၊ အယူအဆတိ ခေါင်းထဲကို တန်းစီလို့ ဝင်ရောက်လာရေ။ အမှန်ဆိုကေ ဆိုးရေ ဆိုရေစကားတိက သူ့ကို ဆိုးဖို့ပါမစ် ပီးလိုက်တေပိုင်။

အခန်းထဲက အလိမ္မာဆုံးနန့်လေ့ စကားတိပြောဖြစ်ကတ်ယင့်။ တခါတလီ သူလုပ်ချင်ရေ ဆန္ဒအမှန်တိကို အလိမ္မာဆုံးဆိုရေ သူ့ဂုဏ်ပုဒ်နန့် တားဆီးချိုးဖျက် ခံထားနိန်ရရေ။ တခါတလီ သူ့မှာ ယင်းဂုဏ်ပုဒ်နန့် လိုက်အောင် စောင့်စည်းနိန်ရစွာက ဝန်ထုပ်ဝန်ပိုး။ သူလေ့ သနားဖို့ကောင်း ပြန်ရေ။ သူ့မျက်လုံးတိကလွဲကေ သူ့စကားလုံးတိ၊ အမူအယာတိက ပွင့်လင်းဖို့ ခက်ခဲရေလို့ သင်းချိုထင်မြင်မိခရေ။ စာအုပ်စင်မှာ သူ့အကြောင်းကိုရီးထားရေ စာအုပ်တစ်အုပ်တိုးလာခပြန်ရေ။ စာရီးလက်ရာက တက်မလာသိမ့်။

သင်းချိုရို့အိမ်နားက အကျော်ဆိုင်မှာ အလုပ်လုပ်တေ စားပွဲထိုးချေ တိနန့်လေ့ စကားပြောဖြစ်တေဗျာယ်။ သင်းချိုထက် အများကြီးငယ်ရေ ၁၁ နှစ်၊ ၁၂ နှစ် အရွယ် ယင်းအချေတိ ပက်ခုံးထက်မှာ သင်းချိုထက်ကြီးရေ တာဝန်တိနန့်။ သူပြောလိုက်ကေ သူ့မေမေ၊ သူ့ညီချေ၊ သူ့ညီမချေ။ ပင်ပန်းကေလေ့ ယင်းအကြောင်းကိုပြောတိုင်း သူ့မျက်ဝန်းထဲမှာ အရောင် အမျိုးမျိုးဖြတ်ပြီးလားရေ။ သူ့နှလုံးသားကအရိပ် မျက်ဝန်းမှာ လာထင်ဟပ်တေ ထင်ယင့်။ ပြောနိန်ယင်းနန့် မျက်ရည်တိ စီးကျလာဖို့ဗျာယ်ပိုင်၊ ချက်ချင်းပင် ပန်းတိပွင့်လားဖို့ အပြုံးတိနန့်၊ တိုက်ပွဲဝင်ဖို့ စစ်သူကြီးတစ်ယောက်ပိုင်လေ့ ရဲရင့်နိန်ယင့်။ ယင်းအချိန်ဆိုကေ သူ့မျက်လုံးချေတိ သက်တန့်တစ်စင်းပိုင် အရောင်စုံလို့၊ အရည်ကြိုင်တိလဲ့လို့ ကောင်းလှရေ မျက်ဝန်းချေတိရာမနား။ ဘေးကပံ့ပိုးဖို့ eyes shadow မလို၊ ကာလာ မလို။ အေပိုင်မျက်ဝန်းချေတိကို ကြည့်ရစွာ ကမ္ဘာကျော်ဆိုရေ လျှို့ဝှက်ချက်တိနန့် အဓိပ္ပါယ်ဖေါ်ရခက်တေ (ပွင့်လင်းမှုမဟိရေ) မိုနာလီဇာအပြုံးကို ကြည့်ရစွာထက် ပိုသဘောကျမိ သိမ့်ရေ။ သူစားပွဲထိုးနိန်ရေအချိန်တိဆိုကေ အပြုံးဆိုရေ မျက်နှာဖုံးကို တပ်ထားယင့်။ ယင်းအချိန် သူ့အပြုံး၊ သူ့လှုပ်ရှားမှုတိ ပိရိသေသပ်ကေလေ့ ရီချင်းတူကေတောင် အတက်အကျဟိရေ ပင်လယ်ပြင်ကို ကြည့်ရစွာနန့်၊ ရီသီနိန်ရေ ကန်ရီပြင်ကို ကြည့်ရစွာပိုင် ကွာခြားရေ။ သူဇာလောက်ပြုံးပြုံး သူ့မျက်လုံးတိက အဓိပ္ပါယ်မဟိ သီဆုံးနိန်ရေ။ သူ့အကြောင်းကိုလေ့ စာရီးထားလိုက်တေ။

အရာရီးဖြစ်လိုက်စွာက အိမ်နားက အမည်းရောင် ခွီးမကြီး အကြောင်း။ သူ့ကို အစခါ သင်းချို သတိမထားမိခ။ သူအချေမွီးခါမှ သူ့မိခင်စိတ်နန့် အပြုအမူက သင်းချိုကို ညှို့ငင်ယူလားစွာ။ ဇာနိန်ရာတိကို အစာလားစားလေ့တော့ခါမသိ၊ တခါတလီ ချောင်းတိကူးလို့ လာစွာကိုလေ့ မြင်ယင့်။ တစ်ရက်နိန့် သင်းချိုရို့အိမ် ရှိတတည့်မှာ အန်ပလိုက်တေဗျာယ်။ ဗြုန်းခနဲခါ သင်းချို ရွံလားရေ။ သူ့ကို လိုက်ထုတ်ပလိုက်ဖို့လို့ စဉ်းစားမိပြီးကေ အားယူလိုက်ခါမှ အဲ . . . တွိလိုက်ရရေမြင်ကွင်းက သင်းချို ဆို့နင့်လားလာ၊ မှင်သက်လားမိလာ အသေချာဝေခွဲဖို့ခက်တေ ခံစားချက်တစ်မျိုး ရင်ထဲမှာ နစ်ပနာဝင်လားရေ။ သူ့အချေ အဖြူ၊အမည်း အရောင်စုံချေတိက ခေါင်းချေတိ တိုးပနာ၊ ဝှေ့ပနာ ယင်းအန်ဖတ်ကို အလုအယက် စားနိန်ကတ်စွာကိုး။ အမိသေခွီးမကြီးက ဘေးနားချေမှာ ဆောင့်ကြောင့်ထိုင်လို့။ အမှန်က သူစားလာစွာမဟုတ် သူ့ဝမ်းထဲမှာ မြိုထားပနာ ပါဆယ်ဆွဲလာစွာ။ သူ့ရင်ထဲမှာ ပီတိဖြစ်နိန်ဖို့ထင်ယင့်။ ကျေနပ်နိန်ဖို့ထင်ယင့်။ တရားလွန်ရွံတတ်တေ သင်းချိုတစ်ယောက် နောက်ဆိုကေ ခွီးမကြီးအန်ဖတ်ကို ကြည့်ရစွာ ကဗျာကောင်းတစ်ပုဒ်ကို ဖတ်ရစွာပိုင်၊ ယင်းအပုံထဲက တန်ဖိုးဟိစွာတိ ထွက်လာဖို့ပိုင်၊ ကောင်းလှရေ ညစာရှုခင်းကို ကြည့်ရစွာထက် အရသာဟိရေ ပိုင် ခံစားလာရရေ။ ယင်းအန်ဖတ်ပုံထဲမှာ ထကြွပနာ ပျံ့နှံ့နိန်ရေ မေတ္တာနန့် စေတနာကို ထထင်းရှရှားမြင်နိန်ရယင့်။ အေပိုင် သဘာဝကို မေတ္တာကို မြင်ခွင့်၊ ကြည့်ခွင့်၊ မြင်အောင်ကြည့်ပီးခွင့် ရစွာအတွက် ကကောင်း ကျေနပ်မိခပါရေ။ ယင်းအလုပ်ကို သူနိန့်တိုင်းမပျက်မကွက် လုပ်နိန်ခစွာ။ ယကေ သူ့အတွက်လေ့ စာရီးပလိုက်တေဗျာယ်။ ရီးစွာတော့ကေ ရီးရေ၊ သိရေအတိုင်း လက်ရာကတက်မလာပါသိမ့်။

အေပိုင်နန့် ကျောင်းတက်ခါ ကျောင်းက ဒပြုတ်ပင် အကြောင်းကို လေ့ ရီးရေဗျာယ်။ အုပ်စုလိုက် ထီးကို မယ်ဒလင်ပိုင်တီးလို့ တေးခင်းဆို ကတ်စွာအကြောင်း၊ ချိန်းကြိုးပြုတ်ကျရေ စက်သီးအကြောင်း၊ ဟိုအကြောင်း၊ အေအကြောင်း ရီးလာခစွာ။ အိမ်မှာလေ့ အပြောခံပနာ ရီးခပါယင့်။

အလုပ် စလုပ်ဖူးရေအချိန် ရောက်စွာနန့် ငွေခိုးပြည့်နိန်ရေ မျက်လုံးတိကို စမြင်ဖူးလာခရေ ။ မြင်ကွင်းအသစ်၊ လောကအသစ်ကို မြင်ရခါ ရီးချင်စွာလက်တိ ယားစိ၊ ယားစိ။ လူတစ်ယောက်ရင်ထဲက ကိုယ်ကျင့် ကတိသစ္စာထက် ကတိအတွက် စာရွက်ထက်မှာ ထိုးထားရေ ယင်းလူ လက်မှတ်ကို ပိုလို့ယုံကြည်လက်ခံရေ အသိုင်းအဝိုင်း။ ထိုလူကို ထိုပိုင်၊ အေလူကို အေပိုင် စွပ်စွဲပလိုက်တေ အတွေးတိ၊ အကဲစမ်းရေ မျက်ဝန်းတိ။ တမင်တကာ မြင်အောင်ပြလာ၊ ဖုံးယင့်သားနန့် မလုံစွာလာမသိ ထထင်းကြီး မြင်လာရရေ။ ယင်းမျက်ဝန်းတိနန့် နိန်သားကျနိန်ရေ သူရို့ကို ကြောက်လေ့ ကြောက်ခရေပိုင်၊ သနားလေ့ သနားမိခရေ။ သူရို့တိကို မိန်းကြည့်ချင်ရေ မိန်းခွန်းတိလေ့ ရင်ထဲမှာ အပြည့်ဟိနိန်ခယင့်။ လူတိစွာ အိပ်နိန်ရေ အချိန်ဆိုကေ ဟန်ဆောင်မှုမဟိ ပကတိ ရိုးသားနိန်တတ်တေဆိုပနာ ကြားဖူးထားလို့ (အိမ်ကလူအားလုံးကို လိုက်ကြည့်ထားလိုက်ဗျာယ်) ယင်းသူရို့တိ အိပ်နိန်ရေ မျက်နှာချေတိကိုလေ့ မြင်ဖူးချင်ခရေ။ လောဘ၊ ငွေခိုးတိ ကင်းစင်နိန်ရေ သူရို့မျက်နှာချေတိက ဇာပိုင်ချေဟိဖို့လဲချင့်။ သူရို့တိ လေ့ တစ်ချိန်လောက်တော့ကေ ရိုးသားကတ်ဖို့စွာရာလေ။ အိပ်ယာက ထစွာနန့် မျက်နှာဖုံးကို ကောက်စွပ်ထားရရေ သူရို့ဘဝတိကို သနားမိလို့လေ့ စာရီးထားလိုက်ယင့်။ သူရို့ကတော့ကေ သူရို့မျက်နှာဖုံးတိနန့် သူရို့ နိန်သားတကျ ။

စာအုပ်တိထဲမှာလေ့ ဈီးကအသုတ်စုံပိုင် အကြောင်းအရာအစုံ၊ ရခဲသုတ်တစ်ခွက်ပိုင် အရောင်တိစုံလို့။ အယင်လေ့ ရီးခရေ၊ အဂုလေ့ ရီးနိန်တုန်း၊ နောက်လေ့ ရီးနိန်ဖို့သိမ့်။ အေနှလုံးသားကို၊ အမြင်တိကို ဘောင်ခတ်ထားလို့ မရရေ သင်းချို၊ ဘောင်မဝင်ရေ စာတိကို ရီးနိန်မိတုန်း သိမ့်ပါ။ စာအုပ်ဝယ်၊ ခဲတံဝယ်၊ ဘောပင်ဝယ်နန့် မုန့်စားဖေ့သာတိလေ့ စာရီးခုံထက်မှာ ဘဝပြောင်းလို့ရာလားခရေ သင်းချိုကတော့ကေ ညံ့ဖျင်းတုန်း၊ ခေါင်းမာနိန်တုန်းပါဗျာယ် ။

သင်းချို