Labels: ESSAY
ရခိုင်အရေး ဖြစ်ပွါးသွားခြင်းကို ပြန်သုံးသပ်ခြင်း
အခုဖြစ်သွားတဲ့ ကိစ္စမှာ လူသိများသွားတာက တောင်ကုတ်ကိစ္စကြောင့် ... ဂျာနယ်တွေ ဥပဒေတွေ ဝင်လာတာ တောင်ကုတ်ကြောင့် ... တောင်ကုတ်က ဖြစ်ရပ်ဟာ တကယ့်ကို အမှားကြီးကြီး ကြောက်ခမန်းလိလိပါပဲ ... သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း ဝမ်းနည်းမိပါတယ် ... အားလည်း အားနာမိပါတယ် ... တစ်ခုတော့ရှိတယ် သေသွားတာကို မလေးစားလို့မဟုတ်ပါဘူး ... အဲဒီလုပ်ရပ်ကြောင့်သာမဟုတ်ရင် ရမ်းဗြဲက မသီတာထွေးကိစ္စက ဒီလိုပဲ လူသူမသိ အမှောင်ချခံလိုက်ရမှာပါပဲ ... ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ လည်း အများကြီးပါ ....
ရခိုင်တွေက မွတ်ဆလင်ကုလားကို မုန်းတီးနေတာ ရန်လိုနေတာ မဟုတ်ဘူးဆိုတာကို အရင်ဆုံး ပြောပါရစေ ... ရခိုင်တွေသာ မုန်းတီးရန်လိုနေရင် ရခိုင်ပြည်မှာ အေးချမ်းတဲ့ နေ့လို့ ရှိမှာ မဟုတ်ပါဘူး ... ဒါပေမယ့် စော်ကားလာတဲ့ အချိန်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိတို့ကို လုံခြုံမှု မပေးနိုင်လို့ ကိုယ့်ဖါသာကိုယ်ပဲ တရားရုံးလုပ်ခဲ့ရတာ ကျွန်မသက်တမ်းတစ်လျှောက်ပါပဲ ... ဒါတောင် ကျွန်မက ကျွန်မမွေးပြီးတဲ့ နောက်ပိုင်းကိုပဲ သိလို့ ပြောတာပါ ...
ကဲ ဖြစ်စဉ်တွေ အားလုံးကို အစကောက်ကြည့်ရအောင် ....
အစကောက်တယ် ဆိုတာနဲ့ အခုလောလောဆယ်ဖြစ်ခဲ့တဲ့ဟာကို မကောက်ဘဲ ... ကျွန်မမွေးခဲ့တဲ့ နောက်ပိုင်းကို စကောက်ရအောင် မမွေးခင်ကဟာကို ပြောရင် မုသားဖြစ်မှာ စိုးလို့ .... ရင်ထဲမှာ အမုန်းတရားမပါဘဲ အခြေနေကို သုံးသပ်ရေးသွားမှာပါ ... ကျွန်မရေးတာတွေ မှန်သည် မှားသည် ရခိုင်မှာ ခရစ်ယာန်ဘာသာတွေ ... ဟိန္ဒူတွေ လည်း ရှိပါတယ် ... ဗမာလူမျိုး ၊ ချင်းလူမျိုးတွေလည်း တော်တော်များများ ရှိပါတယ် ... သူတို့တွေနဲ့ ပြန်ဆွေးနွေးကြည့်ကြစေချင်တယ် ...
ကိုယ့်နေရာ ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံမှုတွေကို ခံစားဖူးကြပါသလား ... ရခိုင်တွေဟာ အဲလိုမျိုးတွေနဲ့ ကြီးပြင်းလာကြသူပါ ... စစ်အစိုးရကိုပဲ ကြောက်နေခဲ့ရတဲ့ လူတွေအတွက် စစ်အစိုးရရော လူမျိုးခြားရန်ရော စိုးရိမ်ခဲ့ရတဲ့ ရခိုင်တွေကို ဘယ်လိုနားလည်ပေးကြမှာလဲ ... စစ်အစိုးရ လက်အောက်ကို ပြန်မသွားချင်သလိုပဲ ဒီလိုမျိုး ကိုယ့်ရပ် ကိုယ့်ရွာ အမှန် ဘိုးဘွားပိုင်မြေဖြစ်ပါလျက် လူမျိုးခြားတွေနဲ့ အပြန်အလှန်သတ်ဖြတ် ကျီးလန့်စာစားရတဲ့ ဘဝကို ခုံမင်နှစ်သက်နေကြတယ်လို့ ယူဆပါသလား ... ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါ ... ရခိုင်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ပဋိစ္စသမုပ္ပါဒ်တရားတော်ကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြပါတယ် ... ရခိုင်သူ ရခိုင်သားတွေထဲမှာ တရားစခန်း မဝင်ဖူးတဲ့လူ သစ္စာလေးပါးတရားကို မနာဖူးတဲ့သူ အရမ်းရှားပါတယ် ... ဒီစကားပြောတာက ရခိုင်တွေဟာ လူသတ်ဖို့ ဝန်မလေးတဲ့သူတွေ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ ... ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တရားတစ်ဖက် ၊ ဓါးတစ်ဖက် နေကြရတဲ့ သူတွေပါ ....
ကျွန်မမှတ်မှတ်ရရ ရှိတဲ့ ပဋိပက္ခကနေ စပြောရအောင် ... ၁၉၉၂ ကျွန်မ ၇ နှစ်အရွယ်ပေါ့ ... အဲဒီတုန်းက ရခိုင်နဲ့ ကုလား အကြီးအကျယ်ကို ဖြစ်တာပါ ... စတာက ကုလားက ဝေသာလီဆောင်ကို ဖေါက်ဝင်တာက စတာပါ ... အဲဒီကနေစသွားတဲ့ ကိစ္စ ကျွန်မတို့ ကလေးတွေ ကျောင်းကအိမ်ကို ပြန်ရင် မိဘလာခေါ်မှ ပြန်ရတယ် ... မိဘလက်လုပ်လက်စားကလေးတွေက အုပ်စုအကြီးကြီးဖွဲ့ပြီးပြန်ရတယ် ... ကျောင်းတွေ ပိတ်ထားလိုက်ရတယ် ... ဒါပေမယ့် အဲဒီတုန်းကလည်း ကိုယ့်ဖါသာကိုယ်ဖြေရှင်းကြရတာပဲ ... ပြည်မက ဘယ်သူတစ်ယောက်သိခဲ့လို့လဲ ... ရခိုင်ပြည်ဟာ အနောက်ဖက်က ကုလားကို ခါးစည်းခံဖို့များထားသလား မှတ်ရတယ် ....
၁၉၉၂ ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်ကြမ်းဖက်မှုကိုကြိုတင်တားဆီးနိုင်ခြင်း..။ (ကိုယ်တွေ့ကြုံသူတစ်ဦး ရေးသားချက်)
တချိန်တုန်းက ၁၉၉၂-၉၃ လောက်က ရိုဟင်ဂျာ အမည်ခံ သူပုန်တွေကို နအဖ အစိုးရတပ်က ပြုတ်လုနီးပါးတိုက်ထုတ်ခဲ့တယ်....သူတို့က ..မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတစ်လျှောက်ကနေတစ်ဆင့်..လူ ၁၅၀၀ လောက်စက်လှေတွေနဲ့ဝင်လာတယ် လက်နက်မပါပဲနဲ့ပေါ့..ဒီဘက်ကသူတို့အနွယ်တွေဆီကို လက်နက်ကျည်ဆံတွေကား ၇စီးတိုက်စာလောက် ကြိုပို့ထားတယ်လေ
လူနဲ့လက်နက်နဲ့ မတွဲမိခင်မှာ နအဖ စစ်တပ်တွေကပိတ်ဆို့ ရှင်းလင်း လိုက်နိုင်ပါတယ်
တကယ်ဖြစ်ခဲ့တာပါ........ကျောက်ပန်းနု ရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲသိမ်းမိပါတယ်၊ လက်နက်တွေအများကြီးလို့ဒေသခံတွေဆီကသိရပါတယ်
သူတို့နဲ့လက်နက်နဲ့သာတွဲမိလိုက်ရင်.......မလွယ်ပါဘူး...
အဲဒီတုန်းကရိုဟင်ဂျာဒုက္ခသည်တွေ ကိစ္စ မီဒီယာတွေအေရမ်းအော်ခဲ့ကြပါတယ်....ဘီဘီစီ နဲ့ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ............
.ဒေသခံတွေရဲ့ပြောစကားအရတော့ မြန်မာဘက်ကမ်းမှာရှိနေခဲ့တဲ့အမာခံတွေအများစုကိုပါရှင်း
လင်းခဲ့တယ်လို့သိရပါတယ်၊အဲဒီတုန်းကစပြီးနစကတပ်ဆိုတာစဖွဲ့စည်းပြီးသူတို့ကိုထိန်းချုပ်ခဲ့တာလို့သိရပါတယ်။
(ဒေါက်တာဇာနည် ပြောကြားချက်)
ကဲ ဒီလိုနဲ့ပဲ ကြားထဲမှာ သိပ်ကို မကြီးတဲ့ ဖြစ်ပွါးမှုတွေနဲ့ ရုန်းထွေး နပမ်းလုံးရင်း ... ၂၀၀၁ မှာ တစ်ခါ ထပ်ပြီးတော့ ဖြစ်လာတယ် ... ကျွန်မတို့က ၁၀ တန်းကျောင်းသူတွေပေါ့ ... ဇန်နဝါရီလ လွတ်လပ်ရေးနေ့ ကြိုဆိုတဲ့ အနေနဲ့ဆိုပြီးတော့ ပထမဆုံး ကုန်စည်ပြပွဲကြီးကို မြို့တော်ခန်းမ မှာ ကျင်းပပါတယ် ... စာမေးပွဲရှိနေတဲ့ ကျွန်မတို့တောင် သူငယ်ချင်းတွေနဲ့ မနက်ဘက် တစ်ခေါက်လောက်တော့ ရောက်အောင် သွားလိုက်သေးတယ် ... စည်လည်းအရမ်းစည်တာကိုး ... ပထမဆုံး အကြိမ်လည်းဖြစ် မော်ဒယ်တွေကလည်း ညဖက်ဆို ရှိုးတွေဘာတွေ လျှောက်တော့ စည်တာမဆန်းပါဘူး ... သက်မွန်မြင့်တို့တောင်ပါသေးတယ် ... စင်ပေါ်ကနေပြီး စွပ်ကျယ်တွေပစ်ပေး၊ ဆပ်ပြာမှုန့်ထုပ်တွေ ပစ်ပေးနဲ့ ဆိုတော့ လူမစဲဘူးလေ ... နယ်တွေကတောင် လာကြပါသေးတယ် ... အဲဒီအချိန်တုန်းက ကျွန်မက အဘွားအိမ်မှာ သွားအိပ်ရပါတယ် ... စာမေးပွဲနီးလာပြီဆိုတော့ အစ်မဝမ်းကွဲက ဂိုက်လုပ်ပေးလို့ ... သူတို့မှာလည်း သူတို့ ညီအစ်မနှစ်ယောက်ရယ် အဘွားရယ်ပဲ ရှိတာဆိုတော့ အဖေါ်လည်းရအောင်ဆိုပြီး သွားအိပ်ရတာပါ ...
တစ်ည ကျွန်မစာကျက်နေတုန်း ၁၂ နာရီခွဲလောက်မှာ သံချောင်းခေါက်သံ အဆက်မပြတ်ကြားရပါတယ် ... လမ်းပေါ်မှာလည်း လူတွေအများကြီးပဲ ... ဒီလိုပဲ ကျွန်မတို့ဘက်မှာ မီးလောင်ရင် သံချောင်းခေါက်ရင် လူတွေ အကုန်လုံး လမ်းတွေပေါ်ကိုဆင်း ယောက်ျားတွေက ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ဆိုက္ကားတွေနဲ့ လိုက်သွားတတ်ကြပါတယ် ... တခါတလေ မီးသတ်ကားမရောက်ခင်မှာ ဝိုင်းပြီးငြိမ်းသတ်ပေးတဲ့ လူတွေကြောင့် မီးငြိမ်းသွားရတာ များပါတယ် ... အဲဒါကြောင့် မီးလောင်ရင်တောင် မီးသတ်ကို အားကိုးတဲ့ အကျင့်သိပ်မရှိတော့သလိုပဲ ... မီးသတ်ဆိုတာ ရယ်စရာတစ်ခုလိုတောင် ဖြစ်ရင် ဖြစ်နေတာ ... ဒီလိုပဲ တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ရင်း နေလာကြတာပါ ...
ဒါပေမယ့် အဲဒီနေ့မှာ ထွက်သွားတဲ့ လူတချို့ ချက်ချင်း ပြန်လာပြီး မိန်းမတွေနဲ့ ကလေးတွေကို အိမ်ပေါ်ကို တက်ခိုင်းပါတယ် ... လမ်းမှာ မနေနဲ့ အိမ်ပေါ်ကိုတက် တံခါးကို လုံအောင်ပိတ်ထား ဆိုတဲ့ မှာသံတွေနဲ့ အတူ "ဟိုမှာ ရခိုင်နဲ့ ကုလားဖြစ်နေကြပြီ ... ဘာသံပဲကြားကြား ကိုယ့်အိမ်ထဲက မထွက်နဲ့တဲ့" ... ကျွန်မအမေဆိုရင် သနားဖို့ကောင်းလိုက်တာ ... ကျွန်မက အဘွားအိမ်မှာမို့လို့တဲ့ စိုးရိမ်လို့ ထိုင်ငိုနေခဲ့တာ ... ဖြစ်တာကလည်း အဘွားအိမ်နဲ့ဆို လမ်းတွေ သိပ်မဝေးဘူးကိုး ... တစ်ညလုံး မအိပ်ကြပဲ လမ်းက အသံတွေကိုပဲ နားစိုက်နေခဲ့ကြတာ ... အဲဒီအချိန်တွေတည်းက ဥပဒေနဲ့ ဝင်ထိန်းလိုက်ရင် သိပ်ဆိုးသွားမှာ မဟုတ်ပါဘူး ... မနက်မိုးလင်းလင်းချင်း အိမ်ကို တန်းပြေးရတယ် ... အဲဒီအချိန်မှာမှ သိလိုက်တာက ကုန်စည်ပြပွဲ နောက်ဆုံးညဆိုတော့ ၁၂ နာရီလောက်အထိ လူတွေ မစဲဘူးတဲ့ ... ကောင်လေး နှစ်ယောက် ၊ ကောင်မလေး နှစ်ယောက် နဲ့ ကိုရင်လေးတစ်ပါး ညဖက် ၁၁ နာရီလောက်မှာ ပွဲကြည့်ရင်း တူတူပြန်ကြတာ ကုလားရွာက ဖြတ်ပြန်ရတော့ ကုလားတွေက ကောင်မလေးနှစ်ယောက်ကို သားပြော၊ မယားပြော လှမ်းပြောလို့တဲ့ ... ကုလားရွာက ဖြတ်ပြန်ရတယ် ဆိုလို့ ပြောဦးမယ် ... စစ်တွေမှာ ကုလားရွာ တော်တော်များများက အဓိက လမ်းကြီးတွေပေါ်မှာ ရှိတယ် .. နည်းတဲ့ ရွာကြီးတွေ မဟုတ်ဘူး ... ပြီးရင် ကျွန်မတို့ရဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံရှေ့တည့်တည့် Main လမ်းမဖြစ်တဲ့ လမ်းမကြီးပေါ်မှာလည်း ဗလီအကြီးကြီး နည်းတဲ့ဟာကြီးမဟုတ်ဘူး ... အဲလို ကောင်မလေးတွေကို ပြောတော့ ကောင်မလေးတွေက ပြန်ဆဲလို့တဲ့ ဟိုက ပိုရိုင်းလာတော့ ကောင်လေးတွေကပါ ဝင်ပြောတော့ ကုလားရပ်ကွက်မှာ အဲဒီလူခြေပြတ်တဲ့အချိန်ဆိုတော့ သူတို့တွေက ဆွဲလားရမ်းလား လုပ်တာနဲ့ ကောင်လေးနှစ်ယောက်၊ ကိုရင်လေး နဲ့ ဆွဲနေကြချိန် ကောင်မလေးတွေက ထွက်ပြေးသွားကြလို့ လွတ်သွားပါတယ် ... သူတို့ကလည်း ကောင်မလေးတွေကို အာရုံမစိုက်တာလည်း ပါပါလိမ့်မယ် ... ကောင်လေးနှစ်ယောက်က နယ်က ကျောင်းလာတက်တာပါ ... ရွှေစေတီဘုန်းကြီးကျောင်းမှာ နေပြီးတော့ ကျောင်းတက်နေကြတာပါ ... ဖြစ်ချင်တော့ စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး ခရီးလွန်နေချိန် ဖြစ်နေလို့ ခုလို ညဖက်ကို ခိုးထွက်လို့ ရကြတာပါ ... အဲလို ထိုးကြိတ်ရင်းနဲ့ သူတို့ရွာထဲကို ဆွဲသွင်းရာက ကောင်လေးတစ်ယောက် လွတ်သွားပါတယ် ... ကောင်လေးကလည်း ပွဲဖက်ကိုသာ ပြန်ပြေးရင် ပိုကောင်းသွားမှာပါ ... လူတွေ အများကြီး လိုက်လာနိုင်ကြမှာ ... ဒါပေမယ့် ကောင်လေးလည်း ကိုယ်လွတ်ရာပြေးရင်း ရွှေစေတီကျောင်းကို ရောက်သွားပါတယ် ...
ရွှေစေတီကျောင်းဟာ အကြီးဆုံး စာသင်တိုက်မို့လို့ ကိုယ်တော်တွေ ကိုရင်တွေ အများကြီးပါပဲ ... အဲဒီမှာ ကောင်လေးက ကိုယ်တော်ကို သွားလျှောက်တော့ ကိုယ်တော်တွေရော ကိုရင်တွေရော လိုက်လာခဲ့ကြပါတယ် ... ပြီးတော့ အဲဒီနားမှာ လူသွားတောင်းတယ် ... တစ်ယောက်မှ ဘာမှ မပြောကြဘူး ... ဆွဲသွင်းသွားတဲ့ အဆောက်အဦးထဲကို ဝင်ရှာတယ် ... ပြီးမှ ကိုရင်လေးခေါင်းကို ချိတ်ထားတာတွေ့ပါတယ် ... ခန္ဓာမတွေ့ပါဘူး ... ဒီလိုနဲ့ အုတ်အော်သောင်းနင်း ဖြစ်ရာက ကုန်စည်ပြပွဲက လူတွေလည်း ရောက်လာပြီးတော့ အိမ်တွေကို ရှာကြတယ် ... မတွေ့ပါဘူး ... အဲဒီမှာပဲ ဒေါသတွေ ထွက်ပြီးတော့ ကိုရင်လေးခေါင်းကို တွေ့တဲ့ အဆောက်အဦးကို မီးရှို့ကြတာပါ ... အဲဒါ မိုးအလင်း ဟိုဘက်နဲ့ ဒီဘက်ချကြတာ ...
ငရဲကျနေသလိုပါပဲ ... လူတွေရော ဘုန်းကြီးတွေရော ... သူတို့ဘက်ကလည်း ရှိသမျှလူတွေပေါ့ ... ရတဲ့ လက်နက်နဲ့ဆော်ကြတာ ... ရခိုင်တွေက ကလေး၊ မိန်းမ နဲ့ သက်ကြီးရွယ်အိုတွေကို မသတ်ပါဘူး ... ဒါပေမယ့် သူတို့က တွေ့သမျှသတ်တယ် ... ပြီးရင် သူတို့မိန်းမတွေက သူတို့အိမ်တွေပေါ်ကနေ ပုလင်းကွဲတွေ ပစ်ချကြတယ် ... ကိုယ်တော်တွေလည်း ခေါင်းကွဲတဲ့သူကွဲ ... ဆီတွေလောင်းကြတယ် ... မီးတွေ ပစ်ကြတယ် ... ဒီတော့ ဒီကလည်း သူတို့ အိမ်တွေပေါ်ကို ဆီဗုံးတွေနဲ့ မီးကွင်းတွေ ပြန်ပစ်ကြတယ်ပေါ့ ... အဲဒီအချိန်တွေမှာ ကျွန်မတို့ ဘယ်ကတရားဥပဒေကိုသွားပြီး အားကိုးရမှာလဲ ... တရားဥပဒေလာဖို့ အသေခံစောင့်နေရမှာလား ... ပြီးမှ စစ်တပ်က ဗျူဟာမှူးကိုယ်တိုင်လိုက်လာပြီး လော်စပီကာနဲ့ အော်လို့ သူ့ကို နှစ်ဘက်လုံးက ဘယ်ကထုမှန်းမသိ နဖူးထိသွားတယ် ... တပ်တွေလည်း ဒီအတိုင်း ကားရပ်ပြီးကြည့်ရတဲ့ အခြေနေဖြစ်သွားတယ် ... သူတို့တွေလည်း ရခိုင်ရွာတွေကို မီးတိုက်တယ် ... ကျွန်မတို့ အဘွားအိမ်ပါသွားလို့ ပြေးကြရတယ် ... ဆွေမျိုးတွေ အိမ်တွေလည်း ပါသွားတယ် ... ရက်ကွက်လိုက်ကြီးတွေ ပျက်စီးသွားတာ ...သူတို့ ရပ်ကွက်တွေရောပေါ့ ...
ကြောက်စရာကောင်းအောင် တွေ့လိုက်ရတာက ... သူတို့ရဲ့ ဒေါ်လာဆိုတဲ့ အထင်ကရ တည်းခိုခန်းမှာ လက်နက်သေတ္တာတွေ တွေ့လိုက်ရတာပဲ ... ငွေစက္ကူတွေ ဒေါ်လာတွေ အများကြီးပဲ ... ဘုန်းကြီးတွေက အကုန်မီးရှို့ဖျက်စီးပစ်လိုက်တာ ... ပိုင်ရှင်တွေက အဲဒီနေ့မှာပဲ မော်တော်ဘုတ်တွေနဲ့ ညတွင်းချင်း ထွက်ပြေးကြတာ ...
အဲဒီဟာကိုသာ မတွေ့လိုက်ဘူးဆိုရင် တွေးတောင် မတွေးရဲဘူး ... နောက်တစ်ရက်မှာ တပ်က မာရှယ်လောထုတ်လိုက်တယ် ... ညဖက် ၆ နာရီ အပြင်ကို မထွက်ရ ...အဲဒီအတွက်လည်း တရားဥပဒေနဲ့ လုပ် မလုပ်လည်း မကြားရ မသိရ ...
ရခိုင်ပြည်ဟာ ရေကြောင်းခရီးကို အဓိက အားထားရတဲ့နေရာ ... ပင်လယ်ကြီးနဲ့ ဆက်စပ်နေတော့ လှိုင်းလေ အရမ်းကြမ်းတယ် ... ကုလားတန်မြစ်ကိုဖြတ်ပြီး နေ့တိုင်းသွားပြန်နေရတဲ့ လူတွေ ရှိတယ် ... အဲဒီမှာ မုန်တိုင်းမိပြီး မှောက်သွားတဲ့ မော်တော်က အဘွားကြီးနဲ့ မိန်းမကြီးတစ်ယောက်က ဘေးနားကဖြတ်သွားတဲ့ ပိုက်လောင်းလေးကို အကူညီတောင်းတော့ ကုလားတွေ ငါးသွားဖမ်းတာဖြစ်နေတယ် ... သူတို့လည်း လောင်းပေါ်ကို ဆွဲတင်လိုက်ပြီး ပါလာတဲ့ အဘွားကြီးကို လည်ပင်းလှီးသတ်ပြီး ရေထဲကို ချပလိုက်တယ် ... မိန်းမကြီးကိုတော့ အဓမ္မကြံပြီးမှ ဝတ်ထားတဲ့ နားကပ်တို့ လက်ကောက်တို့ ဆွဲကြိုးတွေကိုယူ လည်ပင်းကို ဖြတ်ပြီးမှ ပစ်ချလိုက်တယ် ... မြင်သွားတဲ့ တခြားလှေက လူတစ်ယောက်အသတ်ခံရပြီး နောက်တစ်ယောက်လွတ်သွားလို့ ပြန်တိုင်တယ် ... ဒါလည်း ဖမ်း မဖမ်း မသိရဘူး ... ဒီလိုမျိုး အားကိုးရတဲ့ တရားဥပဒေနဲ့ ကာကွယ်ပေးထားတာပါ ...
ကျွန်မတို့မှာလည်း ကိုလဂွန်းအိမ်တို့လိုမျိုး သူငယ်ချင်းတွေ ရှိပါတယ် ... သူငယ်ချင်းတစ်ယောက်ဆိုရင် အစ္စလာမ်ပေမယ့် ကျောင်းက ဆရာ ဆရာမကို ရှိခိုးတယ် ... ကျွန်မတို့ ဘုရားရှိခိုးရင် လက်အုပ်လေးချီထားတယ် ... သူ့အိမ်မီးလောင်တုန်းက ရခိုင်တွေကပဲ ငြိမ်းပေးခဲ့ကြတာ ... သူတို့ မောင်နှမလေးယောက်လုံးကို ကျွန်မတို့တွေ အရမ်းချစ်ကြပါတယ် ... တခြားကောင်လေး ၃ ယောက်ရှိပါသေးတယ် ... ကျောင်းကထိန်ဆိုရင် ဘုန်းကြီးကျောင်းက သူတို့ကိုယ်တိုင်ပဲ ပဒေသာပင်တွေ သွားယူကြတာ ... ကျွန်မတို့ ဘုရားကို ဝတ်မပြုရင်သာနေမယ် ... အရှင်ဘုရားတွေ ဆိုရင်လည်း လေးလေးစားစားနဲ့ ပြောတတ်တယ် ... ကျွန်မတို့ကို မရိုင်းရင် ကျွန်မတို့ကို မစော်ကားရင် ကျွန်မတို့ ဘယ်သူ့ကိုမှ မလုပ်ပါဘူး ... ကျွန်မတို့ကလည်း အစ္စလာမ်ဘာသာကို မုန်းနေတာ မဟုတ်ပါဘူး ... ကျွန်မတို့မှာ ကိုယ့်အိမ်ကိုယ့်ယာမှာ နေပြီး ကိုယ့်မြေဖြစ်ပါလျက် အကာအကွယ်မဲ့နေတဲ့ ဘဝကို ကျော်ဖြတ်လာကြတာပါ ... အဲလိုအချိန်တွေမှာ လာကယ်မဲ့ ရဲတွေကို စောင့်နေရင် ကျွန်မတို့ ဘဝတွေ ဘာဖြစ်သွားကြမလဲ ... ရပ်ကွက်ထဲက ယောက်ျားငယ်လေးတွေက အုပ်စုလိုက် အလှည့်ကျ ကင်းစောင့်ရင်း ကိုယ့်ရပ်ကွက်ကို ကိုယ်စောင့်ရှောက်လာခဲ့ကြတဲ့ အကြိမ်တွေ ရေတွက်လို့ မရပါဘူး ...
ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံတဲ့ ခံစားချက်ကို နားလည်ပေးကြပါလို့ အတင်းမတိုက်တွန်းပါဘူး ... ခုလည်း ရမ်းဗြဲမှာ မသီတာထွေးကို သတ်တဲ့ကိစ္စကို ဘာတစ်ခုကမှ အသိအမှတ်ပြုလုပ်ပေးတာမျိုးမရှိဘူး ... လူတွေတောင် မသိကြဘူးလေ ... တောင်ကုတ်က လူသတ်မှုပေါ်မှ သိသွားကြတာ ... တောင်ကုတ်ကကိစ္စအတွက် ထိခိုက်ဝမ်းနည်းရပါတယ် ... သေသွားတဲ့သူတွေ အတွက်ရော ... ကျွန်မတို့ကို ကာကွယ်ပေးတယ်လို့ ယူဆပြီးကျူးလွန်ဖြစ်ခဲ့တဲ့ ညီကိုမောင်နှမတွေကိုရော ... အရမ်းကို ထိခိုက်ကြေကွဲရပါတယ် ... ဒါပေမယ့် အဆိုးထဲက အကောင်းတစ်ခုက ရခိုင်ဒေသကို ဥပဒေ အမှောင်ချထားလို့ မရတော့ဘူးဆိုတာပါပဲ ...
ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်ကို ရိုးလွန်းလို့ ဒေါသကိုထုတ်ပြ လုပ်ပစ်လိုက်ကြတာ ... ကျွန်မတို့ရဲ့ ပြေးလာတဲ့ ခြေလှမ်းတွေ ရပ်သွားမှာကိုလည်း သူတို့တွေ မသိလောက်အောင်ကို ရိုးကြ နုံကြ အကြတာ ... သူတို့ အမျိုးသားရေးကို ကာကွယ်မယ်ဆိုတဲ့ အရိုးခံစိတ်တစ်ခုပဲ ရှိတယ် ... အလိမ္မာ မရှိကြဘူး ... ပရိယာယ်မရှိကြဘူး ... ကျွန်မသာဆိုရင်တော့ အဲသလိုမလုပ်ဘူး ... ကိုယ်လုပ်စရာမလိုဘဲ သူ့စားရိတ်နဲ့သူသွားအောင်ပဲ လုပ်မယ် ... ဒါပေမယ့် ပရိယာယ်မရှိတဲ့ ကျွန်မတို့ အစ်ကိုတွေက ကျွန်မတို့ကို စောင့်ရှောက်ဖို့ သူတို့တွေ ရှိကြောင်းကို ပြလိုက်သလိုပဲ ... " ကျွန်မတို့ သွားနေကြတဲ့ခြေလှမ်းတွေကို ရပ်စေတဲ့ အတွက်ရော ... လူ့အသက်ကို သတ်လိုက်တဲ့ အတွက်ရော မုန်းတယ် ... ပြီးရင် သူတို့တွေ ကိုယ့်လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်မိသွားတာမို့လို့ သနားတယ် ... နောက်ဆုံး အကာအကွယ်မရှိတဲ့ကျွန်မတို့တွေအတွက် သူတို့တွှေကာကွယ်ဖို့ အဆင်သင့်ရှိနေပါလားဆိုတဲ့စိတ်နဲ့ ချစ်မိတယ် ယူကြုံးမရဖြစ်မိတယ် ... "
သူတို့လုပ်ရပ်ကို ထောက်ခံတာ မဟုတ်ဘူး ... လုံးဝကို ကန့်ကွက်ပါတယ် ... ပြစ်မှုကျူးလွန်သူတိုင်း ပြစ်ဒါဏ်ကို ခံကြရမှာပါ ... ဒါပေမယ့် သူတို့တွေ ဒီလိုဖြစ်နေတာ ဘာတွေကြောင့်လဲ ... ကျွန်မတို့ ဒေသမှာ တရားဖြစ်လာရင် တကယ်အပြစ်ပေးလိမ့်မယ်လို့ မယုံကြည်နိုင်ကြတော့လို့ပဲ ... တကယ့်ကို တရားဥပဒေ မစိုးမိုးလို့ပဲ ... ရခိုင်တွေက အချင်းချင်းပဲ စောင့်ရှောက်ရင်းနဲ့ ကိုယ့်သားသမီး ကိုယ့်ညီအစ်ကို မောင်နှမကို လူမျိုးခြား လက်ထဲကို မရောက်သွားရအောင် ကာကွယ်လာကြရတဲ့ဘဝ ... ဒါတွေကြောင့်ပဲ ကုလားနဲ့ ရခိုင်လက်ထပ်တာမျိုး မရှိသလောက်ရှားတာ ... အနောက်ရိုးမမှာ ရခိုင်တွေက မြန်မာနိုင်ငံထဲကို ကုလားတွေ စိမ့်ဝင်မသွားဖို့ မြေခံကတုပ် အနေနဲ့ ခံပေးနေကြရတယ်ဆိုတာကို သိရင် ...
ဒီလိုကိစ္စမျိုးတွေ ဝေးပြီး ရခိုင်မြေမှာ ရခိုင်တွေတည်ထားကိုးကွယ်တဲ့ ဘုရားတွေကို ရခိုင်တွေ စိတ်အေးလက်အေး ရှိခိုးရမယ့် နေ့တွေကို တောင့်တရင်း .... ကျွန်မတို့ လူမျိုးတွေ ခိုကိုးရာမဲ့သောဘဝက အကာအကွယ်မဲ့သောဘဝက၊ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ကြောက်လန့်နေရတဲ့ ဘဝက၊ သံသယတွေနဲ့ပဲ ကြီးပြင်းရတဲ့ ဘဝက တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...
( မှတ်ချက်။ ။ အစ္စလာမ် ဘာသာဝင်တိုင်းကို စော်ကားခြင်းမဟုတ်ပါ ... ရခိုင်ပြည်ရဲ့ အမှောင်ချခံထားရတဲ့ အခြေနေကို လှစ်ဟပြရုံသက်သက်သာ ... တခြားသောသူတွေ ဒီကိစ္စကို ပြီးစေ ငြိမ်းစေချင်တာထက် ရခိုင်တွေက ပိုတယ်ဆိုတာကို သိထားစေချင်ပါတယ် ... ရခိုင်ဒေသမှာ အဓိက ဖြစ်နေတော့ မိသားစုတွေ ညီအစ်ကို မောင်နှမတွေ အတွက် ရတက်အေးကြပါ့မလား ... ကိုယ်ချင်းစာ နားလည်ပေးကြလိမ့်မယ်ထင်ပါရဲ့ ... )
အကောင်း အဆိုး ၊ အကြောင်း အကျိုး ဆိုတာ လူမျိုးတိုင်း နေရာတိုင်းမှာ ရှိနေတယ်လို့ ယုံကြည်စွာဖြင့်
သင်းချို
Labels: ARTICLES
သူ့ကို စတွိလာခစွာ ၁၉၉၁ ခုနှစ်ကပင် .... သူနန့် အကျွန်
အကြိမ်ပေါင်းအများကြီး မျက်မှန်းတန်းမိခကတ်ပါရေ ... မှတ်မှတ်ရရ သူနန့်
စတွိရေ အချိန်က သူ့ကို ကြိုဆိုရေလူတိ အများကြီးကြားထဲမှာ ထင်းခနန်း
မြင်နိုင်ရေ ... သူ့ကိုကြည့်ပနာ အားလုံး ပြုံးလို့၊ ပျော်လို့ ... အချေခါ
ဘဝကပင် သူ့ကို တမိတမောကြည့်ဖူးခရေ ... ယပြတ်ဆိုရေပိုင်လေ့ ဆုံဖူးခရေ ...
သူ့ကိုကြည့်ပနာ ကြည်နူးမိခရေ .............
၁၀ တန်းအောင်လို့
တက္ကသိုလ်တက်ခါတော့ သူ့ကို နိန့်တိုင်းတွိလာရရေ ... တခါတခါ သူ့မျက်နှာမှာ
မှန်ကန်မှုတိကိုတွိရရေ ... တခါတခါဆိုကေတော့ မျက်နှာသီနန့် ... အေပိုင်နန့်
သူနန့် တွိပြီးကေ မျက်မှန်းတန်းမိလာခစွာ ကျောင်းတောင်ပြီးလားခပါဗျာယ် ...
သူ့ကိုတော့ကေ တမိတမော့ ကြည့်ဖြစ်တုန်း ....
ဆီးကုမ္ပဏီမှာ
အလုပ်စလုပ်တေအချိန်ခါတော့ကေ သူ့ကို တစ်နိန့်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက်
တွိလာရရေ ... တခါတလီ သူ့ကိုကြည့်ယင်း ရင်ခုန်သံတိ မြန်ရရေ ... တခါတခါတော့ကေ
ဟင်းးး ခနန်း သက်ပြင်းချဖြစ်တေ ... တခါတလီကျပြန်ကေလေ့ ရင်ထဲမှာ ဟာတာတာနန့်
... သူကတော့ကေ သူ့ပုံစံအတိုင်း မပြောင်းမလဲ ... အစပိုင်းခါတော့ကေ သူကလေ့
လူတိကို ပုံမှန်နှုတ်ဆက်တတ်တေ.. နှုတ်ဆက်နိန်ကျ ... အချိန်ကြာလာခါ သူလေ့
သူဖါသာသူ၊ အားလုံးလေ့ ကိုယ့်စွာနန့်ကိုယ် ... ယကေလေ့ ဇာပင်ပြောပြော
ယပြတ်ပိုင် သူနန့် မျက်နှာချင်းဆိုင် တွိနိန်ဖြစ်တုန်း ...
အကြည့်ချင်းဆုံဖြစ်တုန်း ...
အခြားလူတိကရာ
ပြောင်းပြောင်းလားခရေ ... သူကတော့ကေ ယင်းနိန်ရာမှာ ယင်းအတိုင်း မပြောင်းမလဲ
... သစ္စာရှိရှိ ရပ်တည်နိန်တုန်း ... သူစွာ စစ်တွေမြို့အတွက် အထင်ကရ
ပြယုဒ်တစ်ခုလေ့ ဖြစ်နိန်သိရေ ... ဇာသူစွာ ဇာလောက်အဝီးကို
ဇာလောက်ကြာအောင်ပင်လားလီပတ်စီ စစ်တွေကို သတိရတိုင်း သူ့ကိုလေ့ မှတ်မှတ်ရရ
သတိရ မှတ်မိနိန်ကတ်သိယင့် ... သူကတော့ကေ သူ့ပုံစံအတိုင်း မပြောင်းမလဲ ...
သူ ..... သူ ...............
၁၉၉၁
ခုနှစ်ကပင် တွိဆုံလာခရေ၊ မျက်မှန်းတန်းမိ ရင်ခုန်မြန်ခရရေ၊ ရင်ထဲမှာ
ခံစားချက်ချေ ပေါင်းစုံကို ပီးခဖူးရေ သံယောဇာဉ်ကြိုး တထွီးကြီးနန့်သူ
..........
မြို့စစ်တွေ ပြယုဒ်တိထဲက တစ်ခုအဖြစ်နန့်သူ ............
ရင်ထဲက သူ ..................................
လောကကြီးက
မှန်ကန်မှုနန့်၊ လစ်လျူ ရှုတတ်မှုကို မျက်နှာထားအမျိုးမျိုးနန့် ပြတတ်တေ သူ
... အကျွန့်ရင်ထဲက ဆယ် စုနှစ် နှစ်ခုတိုင်တိုင် မိန့်ဖျောက်မရနိုင်ရေ သူ
.....
သူက မေယုလမ်း (စာတိုက်လမ်း)နန့် လမ်းမကြီးဆုံရာမှာ
ထီးထီးမားမားရပ်နိန်တတ်တေ ဆယ်စုနှစ် နှစ်ခုကို ဖြတ်ကျော်လာခရေ နာရီစင်
(အသစ်လို့ အဂုထိခေါ်တုန်း) ကြီးပါ ... (သူရာ အချိန်မှန်ကို ပြနိန်ခကေ
မတော်တဆ အလုပ်နောက်ကျရေနိန့်တိ သူ့ကိုကြည့်လို့ ရင်ခုန်မြန်ခရရေ .... သူရာ
စက်ပျက်နိန်ကေ သူ့ကိုထားမိရေ မျှော်လင့်ချက်တိ ဟင်းးးးး ခနန်း
သက်ပြင်းတစ်ချက်နန့် တတူ အဆုံးသတ်ဖြစ်လားရရေ )....
ထိုထိုသော သူ ................
သင်းချို (21/04/2012 - 1:43 AM)
Labels: ESSAY
ရိုးမအနောက်တစ်ဘက်က
ငါ့ချက်ကြိုး သဂြိုလ်ရာ ..........
ငါ့အဇ္ဈတ္တ မြှုပ်နှံရာ .........
ငါ့နှလုံးသွီး မြစ်ဖျားခံရာ .......
ငါ့ပျံသန်းခြင်း အစပျိုးရေ နိန်ရာ .......
ငါ့စိတ်ဝိဥာဉ် ပင်မကျက်စားရာ ........
ငါ့ဖြစ်တည်ခြင်း ရီသောက်မြစ် ........
ထို သဇင်တိ ပျော်ရေမြီမှာ ............
ဥသြပျို တေးရင့်ကျူးလို့ ရွက်ဝါအိုမြေခချိန်
ဂိမ္မာန် နွီဦး အခါထူး လီရူးမှာ
ငါ့ အလွမ်းတိ တတောလုံး
ပစ္စလက္ခတ် ပြန့်ကြဲလို့ ကြွီကျ . . .
နွီတစ်ကျော့ ရောက်လာခပြန်ကေ
ဟိုး .... နန်းတော်ရာကြား စဥ့်အိုးချေထဲက
ကြာညိုနံ့ သင်းရေ ရီကို
မာလခွံနန့် ခပ်သောက်ဖို့
ပပြင်းပပြ ချင်ခြင်းတ ဆာလောင်မိသိရေ . . .
ဒေအချိန်ဆိုကေ အဖမြီမှာ
ဥသြပျိုတေးသံ စိုင်းဒြားမင်းရို့တောင်နံရံထက်
ပဲ့တင်ထပ်နလီဖို့ ထင်ယင့် . . .
အဝီးရောက်သားသမီးတိကို လွမ်းယင်း
ထို အဖရင်ခွင်ကျယ်လေ့
အငွေ့ထ လောင်ကျွမ်းနိန်လောက်ဗျာယ် . . .
ထိုထိုသော ..........
အလွမ်းတိနန့် လွမ်းတိုင်း ........
အနာဂတ် ရိုးမတောင်နံရံမှာ
အဖနာမည် ကဗျည်းရီးထွင်းခါ
ကျောက်ထွင်းဓါးချေတစ်စင်း ဖြစ်နိုင်ဖို့ အာသီသနန့်
ငါ့ကိုငါ သွီးထားခယင်း . . .
အို .... လွမ်းမိရေ ၊ လွမ်းရရေ
အဖမြီက နွီကို . . .
Labels: POEM
ခံစားချက်တိ အဆုပ်လိုက်ကြွီ
'လ' မသာရေ ညတိမှာ
ကြယ်ရောင်တိ မစုံခကတ်ရ .....
မဖူလုံရေ ဝမ်းစာအတွက်
တိုင်းတပါးမြစ်ကြောင်းမှာ နီပူသတ်ကြောပြင်တိနန့်
ဘဝကို အစုန်အဆန်လှော်ခတ်လို့
အဘာမြီကို တချက်ချေ နောက်ခိုင်းထားခကတ်ရဗျာယ် ....
အချိန်တန်လို့ အိပ်တန်းပြန်ခါတော့ကေ
ပေါင်းရှင်းဖို့ ဓါးတစ်လက်
ပန်းပွင့်ဖို့ မြေဆီလက်တစ်ဆုပ်စာ ဖြစ်တန်ကောင်းယင့် ...
ဒေ အုတ်တစ်ချပ်၊သဲတစ်ပွင့် သစ္စာတရားကို ကိုက်ချီ
ငါရို့မာန်ခဲထားကတ်မယ်
တစ်ချိန်ခါ ငါရို့အိမ်ကို ငါရို့ပြန်ရဖို့ ................
အဘာခြံထက်မှာ ဖုံးအုပ်နိန်ရေတိမ်မည်းတိကို
မိုးအဖြစ် ရွာချပစ်ကတ်ရဖို့ ..................
အက်ကွဲကြောင်းရာအထပ်ထပ်နန့်
တလင်းပြင်ပိုင် ငါရို့ရင်ဘတ်တိကို
ပြန်ပနာ စိမ်းလန်းစီကတ်ဖို့ ....................
ဒေ သစ္စာတရားတိနန့် နနှောင်းချည်
အဘာအိမ်ကိုလွမ်းယင်း -------
ငါရို့တောင်ပံပြပြင်းခတ်နိုင်ဖို့ အားဖြည့်ထားကတ်မယ်
တစ်ချိန်မှာ ငါရို့အိမ်ပြန်ကတ်ရဖို့ . . .
Labels: POEM
အချိန်တန်ကေ အိမ်ပြန်ရဖို့အသိနန့်
တစ်ရာသီစာခိုလှုံဖို့ ငါရို့ခရီးနှင်ပါလတ်ကတ်စွာ
လဲကျနိန်ရေအချိန်
တောင်ဝှေးတစ်ချောင်းစာချေ မျှော်လင့်ချက်ထက်
ပြင်းပြရေ အာသီသတိ မပါ ...
အေနိန်ရာ အေဒေသတိအောက်မှာ
လွမ်းရိပ်မိ နှလုံးသားတိနန့်
ကိုယ့်ရင်ဘတ်ကို ကိုယ်ထွန်ယက်လို့
မြေစမ်းခရမ်း ပျိုးနိန်ကတ်ရတုန်း ...
ဘဝကို စာလုံးပေါင်းဖို့
သတ်ပုံတိအမှားမှား အယွင်းယွင်းနန့် ငါရို့
နုံသထက် နုံ ၊ အ သထက် အ လာခကတ်တေ ...
နီထွက်ပြီးကေ နီဝင် ၊ နီဝင်ပြီး နီထွက်
ဒေ နီအထွက် အဝင်ကြားမှာ ငရို့အဓိပ္ပါယ်တိ
စက်ရုပ်ဆဆန် စီးမျှောနိန်ကတ်ပြန်စွာ
ဇာ နှစ်နီထွက်လို့ ဝင်ကတ်ရဖို့ဗျာယ် မသိ ...
ခိုလှုံခွင့်ချေတစ်ခုအတွက် နှလုံးသားကိုကျကျစ်ဆုတ်ဗျာယ်
ရီမြီပြောင်းလာခရရေ ငရို့တိအတွက်
ဒေ ဆောင်းတစ်ရာသီစာ အယင်ကုန်လွန်ပီးပါ ...
သင်းချို
Labels: POEM
မြို.တစ်လျှောက် ဇာကိုပင်လားလား
အမြင်ကနိန် ပျောက်ထွက်မလားရေ
ငယ်ပေါင်းဖော် သူငယ်ချင်း "ကစ္ဆပနဒီ" .......
တနီကုန်တနီခမ်း ရင့်ပြာသတ်နိန်ခယင့်
ဲခြီကုန်လက်ပန်းကျကေ အိပ်တန်းပြန်ဖို.
ခိုလှုံစရာ အသိုက်ရှိလီရေ ..........
ဘ၀မဟုတ်သိရေ အိုင်ချေထဲမှာ ....
ပြသ၁နာမဟုတ်သိရေ ဘေးထွက် အဖုအထစ်ချေတိအတွက်
အကြီးအကျယ် ခံစားမိကေ
နှစ်သိမ့်ပီးဖို. လက်တစ်စုံ ရှိလီရေ .........
ဟောင်ဖွါဟောင်ဖွါနန်. အာကျယ်ဗျာယ် လူတန်းစိနိန်နိုင်ဖို.
ဖြည့်ဆည်းပီးရေ အားကောင်းမောင်းသန်
လက်မောင်းကြီးလည်း ရှိလီယင့်လေ .........
ကြောက်လန်.တကြား ပဋိပခတိအတွက်
မားမားမတ်မတ် ကာကွယ်ပီးရေ
ရင်အုပ်ကားကြီးလည်း ရှိလီပြန်သိရေ ........
တစိချေလောက် အလိုမကျစော်တိအတွက်
ခေါင်းခါ လိုင်(လည်)ခါဗျာယ် အော်ငိုဖို.
အခွင့်အရေးတိလည်း ရှိလီရေယေ ..........
ယင်းပုံရိပ်တိနန်. တတူ .......
ပင်လယ်အော်သံ ၊ ရခိုင်စည်သံ ၊ ရခိုင်စကားသံ
အားလုံး အားလုံးကို တမ်းတမိရဗျာယ်ဝေ ............ ။
သင်းချို
Labels: POEM
မတောက်တခေါက် အသိဥာဏ်နန်.
လောကကြီးကို တံခါးလာခေါက်ကြည်.မိရေ့ 
ဆီးကြိုနိန်ရေ စိမ်းခါးခါး ရနံ.
ငါ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံ ခါးသက်စီရေ့ 
စိတ်ဆန္ဒတိ တက်ရောက်ကတ်တေ ပြပွဲမှာ
အတ္တတိ ၀တ်မှုန်ကူးနီကတ်ယင့့် 
ရောင်းပန်းလှ အပြုံးတိနန်.
သူ့ထက်ငါအပြိုင်အဆိုင်
မာနတိကို ရောင်းဈေးမြှင့်နိန်ကတ်တယ့့် 
ငါမှာက လွတ်ကျလားရေမာနကို
ယောင်လည်လည်နန်. လိုက်ရှာနိန်ရရေ့ 
ဂုဏ်သိက္ခာနန်. အဆင့်အတန်းကို
ကျွမ်းကျွမ်းကျင်ကျင် ရွတ်ဖတ်နိန်ကတ်တေ
အသိုင်းအ၀ိုင်းမှာ ........
ငါက လူရာမ၀င်
ပြပွဲ ဒေါင့်ချေမှာ ထိုင်ဗျာယ်
တံခါးပြန်ပွင့်လာဖို. အချိန်ကိုဆုတောင်းယင်းနန်.
တတိန်းချေ မျက်နှာငယ်နိန်ရရေ ။ ။
သင်းချို
Labels: POEM
မျှော်လင့်ခြင်းနန်.အသက်ရှင်ရေ ပြောကတ်တေ့ 
ရှင်သန်ဖို.အတွက် မျှော်လင့်ခြင်းလား .....
မျှော်လင့်ဖို.အတွက် ရှင်သန်ခြင်းလား .....
မသေမချာ မရေမရာ ။ ။
ငါ့အတွက်က မျှော်လင့်ခြင်းဆိုစော်
အ၀ီးတိမ်ပါ့ 
ငါပြီးနိန်ကေလေ့ သူပြီးရေ
ငါရပ်နိန်ကေလေ့ သူပြီးရေ ........
ဇာအချိန်ခါ ပြိုဆင်းဖို.မှန်းမသိရေ သူ.ကို
မျက်ခြီမပြတ်ဖို. မညောင်းတမ်း ငါလိုက်ပြီး
အိမ်မက်တိထဲမှာတောင် ငါက တိမ်လိုက်ဖမ်းလို.့ 
ငါပြီးနိန်ကေလေ့ သူပြီးရေ
ငါရပ်နိန်ကေလေ့ သူပြီးရေ ........
ခလုတ်တိုက်လို. လဲအကျ
ငါ့လက်တစ်ကမ်းအလိုမှာ သူရွာချခရေ ။ ။
မျှော်လင့်ခြင်းဆိုစော် ငါ့အတွက်က
အ၀ီးတိမ်ပါ့ 
သင်းချို
Labels: POEM
တစ်စက်ချင်းဆူဝေတက်လာရေ စိတ်အဆာ
သူ့စကားလုံးတိထဲမှာ အလုအယက်ပေါက်ကွဲ
ခံစားချက်ကင်းရေလူ မျက်လုံးထဲက စကားသံ
ငါကရာ နားကြားလွဲခစွာလာ့ 
ငါစွာ ကိုယ့်ကိုကိုယ် ကျိန်စာစူးခရေလူပါ ။
မရည်ရွယ်ဘဲ ပုံဖော်မိရေ မျှော်လင့်ချက်ချေနန်.
သူ.လက်ကို ဆုတ်ကိုင်မိပြီးခါမှ
မယိမ်းနွဲ.တတ်တေ သူ.နှလုံးသားရင်ခုန်သံ
ငါကရာ ဘာသာပြန်မှားခစွာလာ့ 
အမှန်ပါရာ ကောင်းကင်
မင်းစွာ ငါ့အတွက်မလင်းလက်ချင်ရေနိန့်မှာ
မင်းအနားက ငါ့ဝိဥာဉ်ကို အဆုံးထိနှုတ်ယူလိုက်မယ်
" ငါ့မျက်ရည်ထက် မင်းအပြုံးကို ပိုမက်မောရေ
ငါစွာ "့ 
ကိုယ့်ကိုကိုယ် ကျိန်စာစူးခရေလူပါ ။ ။
သင်းချို
Labels: POEM