ရခိုင်အရေးနဲ့ ပက်သက်ပြီး စာရေးမယ် ရေးမယ်နဲ့ အားတင်းထားခဲ့ပေမယ့် ကိုယ်တိုင်ရခိုင်တစ်ယောက်ဖြစ်နေတော့ အားကြိုးပြတ်မတတ် ခံစားနေခဲ့ရလို့ မရေးဖြစ်ခဲ့ပြန်ဘူး ... လေးစားရတဲ့ ရေးဖေါ်ရေးဖက် အစ်မများရေးမလားဆိုတော့ ဖြစ်တဲ့နေ့က သူကိုယ်တိုင် အားကိုးရာမဲ့အသံနဲ့ ဖုန်းဆက်လာတော့ ကိုယ်ကအားပေးလိုက်ပါတယ် ... ကိုယ်တိုင်လည်း အိပ်မရတာနဲ့ မနက်ဖက်အလုပ်က အိမ်ပြန်သွားရမလို သတိလစ်သွားမတတ် ဖြစ်နေခဲ့ပါတယ် ...


အခုဖြစ်သွားတဲ့ ကိစ္စမှာ လူသိများသွားတာက တောင်ကုတ်ကိစ္စကြောင့် ... ဂျာနယ်တွေ ဥပဒေတွေ ဝင်လာတာ တောင်ကုတ်ကြောင့် ... တောင်ကုတ်က ဖြစ်ရပ်ဟာ တကယ့်ကို အမှားကြီးကြီး ကြောက်ခမန်းလိလိပါပဲ ... သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း ဝမ်းနည်းမိပါတယ် ... အားလည်း အားနာမိပါတယ် ... တစ်ခုတော့ရှိတယ် သေသွားတာကို မလေးစားလို့မဟုတ်ပါဘူး ... အဲဒီလုပ်ရပ်ကြောင့်သာမဟုတ်ရင် ရမ်းဗြဲက မသီတာထွေးကိစ္စက ဒီလိုပဲ လူသူမသိ အမှောင်ချခံလိုက်ရမှာပါပဲ ... ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ လည်း အများကြီးပါ ....


ရခိုင်တွေက မွတ်ဆလင်ကုလားကို မုန်းတီးနေတာ ရန်လိုနေတာ မဟုတ်ဘူးဆိုတာကို အရင်ဆုံး ပြောပါရစေ ... ရခိုင်တွေသာ မုန်းတီးရန်လိုနေရင် ရခိုင်ပြည်မှာ အေးချမ်းတဲ့ နေ့လို့ ရှိမှာ မဟုတ်ပါဘူး ... ဒါပေမယ့် စော်ကားလာတဲ့ အချိန်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိတို့ကို လုံခြုံမှု မပေးနိုင်လို့ ကိုယ့်ဖါသာကိုယ်ပဲ တရားရုံးလုပ်ခဲ့ရတာ ကျွန်မသက်တမ်းတစ်လျှောက်ပါပဲ ... ဒါတောင် ကျွန်မက ကျွန်မမွေးပြီးတဲ့ နောက်ပိုင်းကိုပဲ သိလို့ ပြောတာပါ ...


ကဲ ဖြစ်စဉ်တွေ အားလုံးကို အစကောက်ကြည့်ရအောင် ....


အစကောက်တယ် ဆိုတာနဲ့ အခုလောလောဆယ်ဖြစ်ခဲ့တဲ့ဟာကို မကောက်ဘဲ ... ကျွန်မမွေးခဲ့တဲ့ နောက်ပိုင်းကို စကောက်ရအောင် မမွေးခင်ကဟာကို ပြောရင် မုသားဖြစ်မှာ စိုးလို့ .... ရင်ထဲမှာ အမုန်းတရားမပါဘဲ အခြေနေကို သုံးသပ်ရေးသွားမှာပါ ... ကျွန်မရေးတာတွေ မှန်သည် မှားသည် ရခိုင်မှာ ခရစ်ယာန်ဘာသာတွေ ... ဟိန္ဒူတွေ လည်း ရှိပါတယ် ... ဗမာလူမျိုး ၊ ချင်းလူမျိုးတွေလည်း တော်တော်များများ ရှိပါတယ် ... သူတို့တွေနဲ့ ပြန်ဆွေးနွေးကြည့်ကြစေချင်တယ် ...


ကိုယ့်နေရာ ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံမှုတွေကို ခံစားဖူးကြပါသလား ... ရခိုင်တွေဟာ အဲလိုမျိုးတွေနဲ့ ကြီးပြင်းလာကြသူပါ ... စစ်အစိုးရကိုပဲ ကြောက်နေခဲ့ရတဲ့ လူတွေအတွက် စစ်အစိုးရရော လူမျိုးခြားရန်ရော စိုးရိမ်ခဲ့ရတဲ့ ရခိုင်တွေကို ဘယ်လိုနားလည်ပေးကြမှာလဲ ... စစ်အစိုးရ လက်အောက်ကို ပြန်မသွားချင်သလိုပဲ ဒီလိုမျိုး ကိုယ့်ရပ် ကိုယ့်ရွာ အမှန် ဘိုးဘွားပိုင်မြေဖြစ်ပါလျက် လူမျိုးခြားတွေနဲ့ အပြန်အလှန်သတ်ဖြတ် ကျီးလန့်စာစားရတဲ့ ဘဝကို ခုံမင်နှစ်သက်နေကြတယ်လို့ ယူဆပါသလား ... ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါ ... ရခိုင်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ပဋိစ္စသမုပ္ပါဒ်တရားတော်ကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြပါတယ် ... ရခိုင်သူ ရခိုင်သားတွေထဲမှာ တရားစခန်း မဝင်ဖူးတဲ့လူ သစ္စာလေးပါးတရားကို မနာဖူးတဲ့သူ အရမ်းရှားပါတယ် ... ဒီစကားပြောတာက ရခိုင်တွေဟာ လူသတ်ဖို့ ဝန်မလေးတဲ့သူတွေ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ ... ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တရားတစ်ဖက် ၊ ဓါးတစ်ဖက် နေကြရတဲ့ သူတွေပါ ....


ကျွန်မမှတ်မှတ်ရရ ရှိတဲ့ ပဋိပက္ခကနေ စပြောရအောင် ... ၁၉၉၂  ကျွန်မ ၇ နှစ်အရွယ်ပေါ့ ... အဲဒီတုန်းက ရခိုင်နဲ့ ကုလား အကြီးအကျယ်ကို ဖြစ်တာပါ ... စတာက ကုလားက ဝေသာလီဆောင်ကို ဖေါက်ဝင်တာက စတာပါ ... အဲဒီကနေစသွားတဲ့ ကိစ္စ ကျွန်မတို့ ကလေးတွေ ကျောင်းကအိမ်ကို ပြန်ရင် မိဘလာခေါ်မှ ပြန်ရတယ် ... မိဘလက်လုပ်လက်စားကလေးတွေက အုပ်စုအကြီးကြီးဖွဲ့ပြီးပြန်ရတယ် ... ကျောင်းတွေ ပိတ်ထားလိုက်ရတယ် ... ဒါပေမယ့် အဲဒီတုန်းကလည်း ကိုယ့်ဖါသာကိုယ်ဖြေရှင်းကြရတာပဲ ... ပြည်မက ဘယ်သူတစ်ယောက်သိခဲ့လို့လဲ ... ရခိုင်ပြည်ဟာ အနောက်ဖက်က ကုလားကို ခါးစည်းခံဖို့များထားသလား မှတ်ရတယ် ....


၁၉၉၂ ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်ကြမ်းဖက်မှုကိုကြိုတင်တားဆီးနိုင်ခြင်း..။ (ကိုယ်တွေ့ကြုံသူတစ်ဦး ရေးသားချက်)

တချိန်တုန်းက ၁၉၉၂-၉၃ လောက်က ရိုဟင်ဂျာ အမည်ခံ သူပုန်တွေကို နအဖ အစိုးရတပ်က ပြုတ်လုနီးပါးတိုက်ထုတ်ခဲ့တယ်....သူတို့က ..မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတစ်လျှောက်ကနေတစ်ဆင့်..လူ ၁၅၀၀ လောက်စက်လှေတွေနဲ့ဝင်လာတယ် လက်နက်မပါပဲနဲ့ပေါ့..ဒီဘက်ကသူတို့အနွယ်တွေဆီကို လက်နက်ကျည်ဆံတွေကား ၇စီးတိုက်စာလောက် ကြိုပို့ထားတယ်လေ

လူနဲ့လက်နက်နဲ့ မတွဲမိခင်မှာ နအဖ စစ်တပ်တွေကပိတ်ဆို့ ရှင်းလင်း လိုက်နိုင်ပါတယ်


တကယ်ဖြစ်ခဲ့တာပါ........ကျောက်ပန်းနု ရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲသိမ်းမိပါတယ်၊ လက်နက်တွေအများကြီးလို့ဒေသခံတွေဆီကသိရပါတယ်
သူတို့နဲ့လက်နက်နဲ့သာတွဲမိလိုက်ရင်.......မလွယ်ပါဘူး...
အဲဒီတုန်းကရိုဟင်ဂျာဒုက္ခသည်တွေ ကိစ္စ မီဒီယာတွေအေရမ်းအော်ခဲ့ကြပါတယ်....ဘီဘီစီ နဲ့ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ............
.ဒေသခံတွေရဲ့ပြောစကားအရတော့ မြန်မာဘက်ကမ်းမှာရှိနေခဲ့တဲ့အမာခံတွေအများစုကိုပါရှင်း
လင်းခဲ့တယ်လို့သိရပါတယ်၊အဲဒီတုန်းကစပြီးနစကတပ်ဆိုတာစဖွဲ့စည်းပြီးသူတို့ကိုထိန်းချုပ်ခဲ့တာလို့သိရပါတယ်။
(ဒေါက်တာဇာနည် ပြောကြားချက်)


ကဲ ဒီလိုနဲ့ပဲ ကြားထဲမှာ သိပ်ကို မကြီးတဲ့ ဖြစ်ပွါးမှုတွေနဲ့ ရုန်းထွေး နပမ်းလုံးရင်း ... ၂၀၀၁ မှာ တစ်ခါ ထပ်ပြီးတော့ ဖြစ်လာတယ် ... ကျွန်မတို့က ၁၀ တန်းကျောင်းသူတွေပေါ့ ... ဇန်နဝါရီလ လွတ်လပ်ရေးနေ့ ကြိုဆိုတဲ့ အနေနဲ့ဆိုပြီးတော့ ပထမဆုံး ကုန်စည်ပြပွဲကြီးကို မြို့တော်ခန်းမ မှာ ကျင်းပပါတယ် ... စာမေးပွဲရှိနေတဲ့ ကျွန်မတို့တောင် သူငယ်ချင်းတွေနဲ့ မနက်ဘက် တစ်ခေါက်လောက်တော့ ရောက်အောင် သွားလိုက်သေးတယ် ... စည်လည်းအရမ်းစည်တာကိုး ... ပထမဆုံး အကြိမ်လည်းဖြစ် မော်ဒယ်တွေကလည်း ညဖက်ဆို ရှိုးတွေဘာတွေ လျှောက်တော့ စည်တာမဆန်းပါဘူး ... သက်မွန်မြင့်တို့တောင်ပါသေးတယ် ... စင်ပေါ်ကနေပြီး စွပ်ကျယ်တွေပစ်ပေး၊ ဆပ်ပြာမှုန့်ထုပ်တွေ ပစ်ပေးနဲ့ ဆိုတော့ လူမစဲဘူးလေ ... နယ်တွေကတောင် လာကြပါသေးတယ် ... အဲဒီအချိန်တုန်းက ကျွန်မက အဘွားအိမ်မှာ သွားအိပ်ရပါတယ် ... စာမေးပွဲနီးလာပြီဆိုတော့ အစ်မဝမ်းကွဲက ဂိုက်လုပ်ပေးလို့ ... သူတို့မှာလည်း သူတို့ ညီအစ်မနှစ်ယောက်ရယ် အဘွားရယ်ပဲ ရှိတာဆိုတော့ အဖေါ်လည်းရအောင်ဆိုပြီး သွားအိပ်ရတာပါ ...


တစ်ည ကျွန်မစာကျက်နေတုန်း ၁၂ နာရီခွဲလောက်မှာ သံချောင်းခေါက်သံ အဆက်မပြတ်ကြားရပါတယ် ... လမ်းပေါ်မှာလည်း လူတွေအများကြီးပဲ ... ဒီလိုပဲ ကျွန်မတို့ဘက်မှာ မီးလောင်ရင် သံချောင်းခေါက်ရင် လူတွေ အကုန်လုံး လမ်းတွေပေါ်ကိုဆင်း ယောက်ျားတွေက ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ဆိုက္ကားတွေနဲ့ လိုက်သွားတတ်ကြပါတယ် ... တခါတလေ မီးသတ်ကားမရောက်ခင်မှာ ဝိုင်းပြီးငြိမ်းသတ်ပေးတဲ့ လူတွေကြောင့် မီးငြိမ်းသွားရတာ များပါတယ် ... အဲဒါကြောင့် မီးလောင်ရင်တောင် မီးသတ်ကို အားကိုးတဲ့ အကျင့်သိပ်မရှိတော့သလိုပဲ ... မီးသတ်ဆိုတာ ရယ်စရာတစ်ခုလိုတောင် ဖြစ်ရင် ဖြစ်နေတာ ... ဒီလိုပဲ တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ရင်း နေလာကြတာပါ ...


ဒါပေမယ့် အဲဒီနေ့မှာ ထွက်သွားတဲ့ လူတချို့ ချက်ချင်း ပြန်လာပြီး မိန်းမတွေနဲ့ ကလေးတွေကို အိမ်ပေါ်ကို တက်ခိုင်းပါတယ် ... လမ်းမှာ မနေနဲ့ အိမ်ပေါ်ကိုတက် တံခါးကို လုံအောင်ပိတ်ထား ဆိုတဲ့ မှာသံတွေနဲ့ အတူ "ဟိုမှာ ရခိုင်နဲ့ ကုလားဖြစ်နေကြပြီ ... ဘာသံပဲကြားကြား ကိုယ့်အိမ်ထဲက မထွက်နဲ့တဲ့" ... ကျွန်မအမေဆိုရင် သနားဖို့ကောင်းလိုက်တာ ... ကျွန်မက အဘွားအိမ်မှာမို့လို့တဲ့ စိုးရိမ်လို့ ထိုင်ငိုနေခဲ့တာ ... ဖြစ်တာကလည်း အဘွားအိမ်နဲ့ဆို လမ်းတွေ သိပ်မဝေးဘူးကိုး ... တစ်ညလုံး မအိပ်ကြပဲ လမ်းက အသံတွေကိုပဲ နားစိုက်နေခဲ့ကြတာ ... အဲဒီအချိန်တွေတည်းက ဥပဒေနဲ့ ဝင်ထိန်းလိုက်ရင် သိပ်ဆိုးသွားမှာ မဟုတ်ပါဘူး ... မနက်မိုးလင်းလင်းချင်း အိမ်ကို တန်းပြေးရတယ် ... အဲဒီအချိန်မှာမှ သိလိုက်တာက ကုန်စည်ပြပွဲ နောက်ဆုံးညဆိုတော့ ၁၂ နာရီလောက်အထိ လူတွေ မစဲဘူးတဲ့ ... ကောင်လေး နှစ်ယောက် ၊ ကောင်မလေး နှစ်ယောက် နဲ့ ကိုရင်လေးတစ်ပါး ညဖက် ၁၁ နာရီလောက်မှာ ပွဲကြည့်ရင်း တူတူပြန်ကြတာ ကုလားရွာက ဖြတ်ပြန်ရတော့ ကုလားတွေက ကောင်မလေးနှစ်ယောက်ကို သားပြော၊ မယားပြော လှမ်းပြောလို့တဲ့ ... ကုလားရွာက ဖြတ်ပြန်ရတယ် ဆိုလို့ ပြောဦးမယ် ... စစ်တွေမှာ ကုလားရွာ တော်တော်များများက အဓိက လမ်းကြီးတွေပေါ်မှာ ရှိတယ် .. နည်းတဲ့ ရွာကြီးတွေ မဟုတ်ဘူး ... ပြီးရင် ကျွန်မတို့ရဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံရှေ့တည့်တည့် Main လမ်းမဖြစ်တဲ့ လမ်းမကြီးပေါ်မှာလည်း ဗလီအကြီးကြီး နည်းတဲ့ဟာကြီးမဟုတ်ဘူး ... အဲလို ကောင်မလေးတွေကို ပြောတော့ ကောင်မလေးတွေက ပြန်ဆဲလို့တဲ့ ဟိုက ပိုရိုင်းလာတော့ ကောင်လေးတွေကပါ ဝင်ပြောတော့ ကုလားရပ်ကွက်မှာ အဲဒီလူခြေပြတ်တဲ့အချိန်ဆိုတော့ သူတို့တွေက ဆွဲလားရမ်းလား လုပ်တာနဲ့ ကောင်လေးနှစ်ယောက်၊ ကိုရင်လေး နဲ့ ဆွဲနေကြချိန် ကောင်မလေးတွေက ထွက်ပြေးသွားကြလို့ လွတ်သွားပါတယ် ... သူတို့ကလည်း ကောင်မလေးတွေကို အာရုံမစိုက်တာလည်း ပါပါလိမ့်မယ် ... ကောင်လေးနှစ်ယောက်က နယ်က ကျောင်းလာတက်တာပါ ... ရွှေစေတီဘုန်းကြီးကျောင်းမှာ နေပြီးတော့ ကျောင်းတက်နေကြတာပါ ... ဖြစ်ချင်တော့ စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး ခရီးလွန်နေချိန် ဖြစ်နေလို့ ခုလို ညဖက်ကို ခိုးထွက်လို့ ရကြတာပါ ... အဲလို ထိုးကြိတ်ရင်းနဲ့ သူတို့ရွာထဲကို ဆွဲသွင်းရာက ကောင်လေးတစ်ယောက် လွတ်သွားပါတယ် ... ကောင်လေးကလည်း ပွဲဖက်ကိုသာ ပြန်ပြေးရင် ပိုကောင်းသွားမှာပါ ... လူတွေ အများကြီး လိုက်လာနိုင်ကြမှာ ... ဒါပေမယ့် ကောင်လေးလည်း ကိုယ်လွတ်ရာပြေးရင်း ရွှေစေတီကျောင်းကို ရောက်သွားပါတယ် ...


ရွှေစေတီကျောင်းဟာ အကြီးဆုံး စာသင်တိုက်မို့လို့ ကိုယ်တော်တွေ ကိုရင်တွေ အများကြီးပါပဲ ... အဲဒီမှာ ကောင်လေးက ကိုယ်တော်ကို သွားလျှောက်တော့ ကိုယ်တော်တွေရော ကိုရင်တွေရော လိုက်လာခဲ့ကြပါတယ် ... ပြီးတော့ အဲဒီနားမှာ လူသွားတောင်းတယ် ... တစ်ယောက်မှ ဘာမှ မပြောကြဘူး ... ဆွဲသွင်းသွားတဲ့ အဆောက်အဦးထဲကို ဝင်ရှာတယ် ... ပြီးမှ ကိုရင်လေးခေါင်းကို ချိတ်ထားတာတွေ့ပါတယ် ... ခန္ဓာမတွေ့ပါဘူး ... ဒီလိုနဲ့ အုတ်အော်သောင်းနင်း ဖြစ်ရာက ကုန်စည်ပြပွဲက လူတွေလည်း ရောက်လာပြီးတော့ အိမ်တွေကို ရှာကြတယ် ... မတွေ့ပါဘူး ... အဲဒီမှာပဲ ဒေါသတွေ ထွက်ပြီးတော့ ကိုရင်လေးခေါင်းကို တွေ့တဲ့ အဆောက်အဦးကို မီးရှို့ကြတာပါ ... အဲဒါ မိုးအလင်း ဟိုဘက်နဲ့ ဒီဘက်ချကြတာ ...


ငရဲကျနေသလိုပါပဲ ... လူတွေရော ဘုန်းကြီးတွေရော ... သူတို့ဘက်ကလည်း ရှိသမျှလူတွေပေါ့ ... ရတဲ့ လက်နက်နဲ့ဆော်ကြတာ ... ရခိုင်တွေက ကလေး၊ မိန်းမ နဲ့ သက်ကြီးရွယ်အိုတွေကို မသတ်ပါဘူး ... ဒါပေမယ့် သူတို့က တွေ့သမျှသတ်တယ် ... ပြီးရင် သူတို့မိန်းမတွေက သူတို့အိမ်တွေပေါ်ကနေ ပုလင်းကွဲတွေ ပစ်ချကြတယ် ... ကိုယ်တော်တွေလည်း ခေါင်းကွဲတဲ့သူကွဲ ... ဆီတွေလောင်းကြတယ် ... မီးတွေ ပစ်ကြတယ် ... ဒီတော့ ဒီကလည်း သူတို့ အိမ်တွေပေါ်ကို ဆီဗုံးတွေနဲ့ မီးကွင်းတွေ ပြန်ပစ်ကြတယ်ပေါ့ ... အဲဒီအချိန်တွေမှာ ကျွန်မတို့ ဘယ်ကတရားဥပဒေကိုသွားပြီး အားကိုးရမှာလဲ ... တရားဥပဒေလာဖို့ အသေခံစောင့်နေရမှာလား ... ပြီးမှ စစ်တပ်က ဗျူဟာမှူးကိုယ်တိုင်လိုက်လာပြီး လော်စပီကာနဲ့ အော်လို့ သူ့ကို နှစ်ဘက်လုံးက ဘယ်ကထုမှန်းမသိ နဖူးထိသွားတယ် ... တပ်တွေလည်း ဒီအတိုင်း ကားရပ်ပြီးကြည့်ရတဲ့ အခြေနေဖြစ်သွားတယ် ... သူတို့တွေလည်း ရခိုင်ရွာတွေကို မီးတိုက်တယ် ... ကျွန်မတို့ အဘွားအိမ်ပါသွားလို့ ပြေးကြရတယ် ... ဆွေမျိုးတွေ အိမ်တွေလည်း ပါသွားတယ် ... ရက်ကွက်လိုက်ကြီးတွေ ပျက်စီးသွားတာ ...သူတို့ ရပ်ကွက်တွေရောပေါ့ ...


ကြောက်စရာကောင်းအောင် တွေ့လိုက်ရတာက ... သူတို့ရဲ့ ဒေါ်လာဆိုတဲ့ အထင်ကရ တည်းခိုခန်းမှာ လက်နက်သေတ္တာတွေ တွေ့လိုက်ရတာပဲ ... ငွေစက္ကူတွေ ဒေါ်လာတွေ အများကြီးပဲ ... ဘုန်းကြီးတွေက အကုန်မီးရှို့ဖျက်စီးပစ်လိုက်တာ ... ပိုင်ရှင်တွေက အဲဒီနေ့မှာပဲ မော်တော်ဘုတ်တွေနဲ့ ညတွင်းချင်း ထွက်ပြေးကြတာ ...


အဲဒီဟာကိုသာ မတွေ့လိုက်ဘူးဆိုရင် တွေးတောင် မတွေးရဲဘူး ... နောက်တစ်ရက်မှာ တပ်က မာရှယ်လောထုတ်လိုက်တယ် ... ညဖက် ၆ နာရီ အပြင်ကို မထွက်ရ ...အဲဒီအတွက်လည်း တရားဥပဒေနဲ့ လုပ် မလုပ်လည်း မကြားရ မသိရ ...


ရခိုင်ပြည်ဟာ ရေကြောင်းခရီးကို အဓိက အားထားရတဲ့နေရာ ... ပင်လယ်ကြီးနဲ့ ဆက်စပ်နေတော့ လှိုင်းလေ အရမ်းကြမ်းတယ် ... ကုလားတန်မြစ်ကိုဖြတ်ပြီး နေ့တိုင်းသွားပြန်နေရတဲ့ လူတွေ ရှိတယ် ... အဲဒီမှာ မုန်တိုင်းမိပြီး မှောက်သွားတဲ့ မော်တော်က အဘွားကြီးနဲ့ မိန်းမကြီးတစ်ယောက်က ဘေးနားကဖြတ်သွားတဲ့ ပိုက်လောင်းလေးကို အကူညီတောင်းတော့ ကုလားတွေ ငါးသွားဖမ်းတာဖြစ်နေတယ် ... သူတို့လည်း လောင်းပေါ်ကို ဆွဲတင်လိုက်ပြီး ပါလာတဲ့ အဘွားကြီးကို လည်ပင်းလှီးသတ်ပြီး ရေထဲကို ချပလိုက်တယ် ... မိန်းမကြီးကိုတော့ အဓမ္မကြံပြီးမှ ဝတ်ထားတဲ့ နားကပ်တို့ လက်ကောက်တို့ ဆွဲကြိုးတွေကိုယူ လည်ပင်းကို ဖြတ်ပြီးမှ ပစ်ချလိုက်တယ် ... မြင်သွားတဲ့ တခြားလှေက လူတစ်ယောက်အသတ်ခံရပြီး နောက်တစ်ယောက်လွတ်သွားလို့ ပြန်တိုင်တယ် ... ဒါလည်း ဖမ်း မဖမ်း မသိရဘူး ... ဒီလိုမျိုး အားကိုးရတဲ့ တရားဥပဒေနဲ့ ကာကွယ်ပေးထားတာပါ ...


ကျွန်မတို့မှာလည်း ကိုလဂွန်းအိမ်တို့လိုမျိုး သူငယ်ချင်းတွေ ရှိပါတယ် ... သူငယ်ချင်းတစ်ယောက်ဆိုရင် အစ္စလာမ်ပေမယ့် ကျောင်းက ဆရာ ဆရာမကို ရှိခိုးတယ် ... ကျွန်မတို့ ဘုရားရှိခိုးရင် လက်အုပ်လေးချီထားတယ် ... သူ့အိမ်မီးလောင်တုန်းက ရခိုင်တွေကပဲ ငြိမ်းပေးခဲ့ကြတာ ... သူတို့ မောင်နှမလေးယောက်လုံးကို ကျွန်မတို့တွေ အရမ်းချစ်ကြပါတယ် ... တခြားကောင်လေး ၃ ယောက်ရှိပါသေးတယ် ... ကျောင်းကထိန်ဆိုရင် ဘုန်းကြီးကျောင်းက သူတို့ကိုယ်တိုင်ပဲ ပဒေသာပင်တွေ သွားယူကြတာ ... ကျွန်မတို့ ဘုရားကို ဝတ်မပြုရင်သာနေမယ် ... အရှင်ဘုရားတွေ ဆိုရင်လည်း လေးလေးစားစားနဲ့ ပြောတတ်တယ် ... ကျွန်မတို့ကို မရိုင်းရင် ကျွန်မတို့ကို မစော်ကားရင် ကျွန်မတို့ ဘယ်သူ့ကိုမှ မလုပ်ပါဘူး ... ကျွန်မတို့ကလည်း အစ္စလာမ်ဘာသာကို မုန်းနေတာ မဟုတ်ပါဘူး ... ကျွန်မတို့မှာ ကိုယ့်အိမ်ကိုယ့်ယာမှာ နေပြီး ကိုယ့်မြေဖြစ်ပါလျက် အကာအကွယ်မဲ့နေတဲ့ ဘဝကို ကျော်ဖြတ်လာကြတာပါ ... အဲလိုအချိန်တွေမှာ လာကယ်မဲ့ ရဲတွေကို စောင့်နေရင် ကျွန်မတို့ ဘဝတွေ ဘာဖြစ်သွားကြမလဲ ... ရပ်ကွက်ထဲက ယောက်ျားငယ်လေးတွေက အုပ်စုလိုက် အလှည့်ကျ ကင်းစောင့်ရင်း ကိုယ့်ရပ်ကွက်ကို ကိုယ်စောင့်ရှောက်လာခဲ့ကြတဲ့ အကြိမ်တွေ ရေတွက်လို့ မရပါဘူး ...


ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံတဲ့ ခံစားချက်ကို နားလည်ပေးကြပါလို့ အတင်းမတိုက်တွန်းပါဘူး ... ခုလည်း ရမ်းဗြဲမှာ မသီတာထွေးကို သတ်တဲ့ကိစ္စကို ဘာတစ်ခုကမှ အသိအမှတ်ပြုလုပ်ပေးတာမျိုးမရှိဘူး ... လူတွေတောင် မသိကြဘူးလေ ... တောင်ကုတ်က လူသတ်မှုပေါ်မှ သိသွားကြတာ ... တောင်ကုတ်ကကိစ္စအတွက် ထိခိုက်ဝမ်းနည်းရပါတယ် ... သေသွားတဲ့သူတွေ အတွက်ရော ... ကျွန်မတို့ကို ကာကွယ်ပေးတယ်လို့ ယူဆပြီးကျူးလွန်ဖြစ်ခဲ့တဲ့ ညီကိုမောင်နှမတွေကိုရော ... အရမ်းကို ထိခိုက်ကြေကွဲရပါတယ် ... ဒါပေမယ့် အဆိုးထဲက အကောင်းတစ်ခုက ရခိုင်ဒေသကို ဥပဒေ အမှောင်ချထားလို့ မရတော့ဘူးဆိုတာပါပဲ ...


ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်ကို ရိုးလွန်းလို့ ဒေါသကိုထုတ်ပြ လုပ်ပစ်လိုက်ကြတာ ... ကျွန်မတို့ရဲ့ ပြေးလာတဲ့ ခြေလှမ်းတွေ ရပ်သွားမှာကိုလည်း သူတို့တွေ မသိလောက်အောင်ကို ရိုးကြ နုံကြ အကြတာ ... သူတို့ အမျိုးသားရေးကို ကာကွယ်မယ်ဆိုတဲ့ အရိုးခံစိတ်တစ်ခုပဲ ရှိတယ် ... အလိမ္မာ မရှိကြဘူး ... ပရိယာယ်မရှိကြဘူး ... ကျွန်မသာဆိုရင်တော့ အဲသလိုမလုပ်ဘူး ... ကိုယ်လုပ်စရာမလိုဘဲ သူ့စားရိတ်နဲ့သူသွားအောင်ပဲ လုပ်မယ် ... ဒါပေမယ့် ပရိယာယ်မရှိတဲ့ ကျွန်မတို့ အစ်ကိုတွေက ကျွန်မတို့ကို စောင့်ရှောက်ဖို့ သူတို့တွေ ရှိကြောင်းကို ပြလိုက်သလိုပဲ ... " ကျွန်မတို့ သွားနေကြတဲ့ခြေလှမ်းတွေကို ရပ်စေတဲ့ အတွက်ရော ... လူ့အသက်ကို သတ်လိုက်တဲ့ အတွက်ရော မုန်းတယ် ... ပြီးရင် သူတို့တွေ ကိုယ့်လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်မိသွားတာမို့လို့ သနားတယ် ... နောက်ဆုံး အကာအကွယ်မရှိတဲ့ကျွန်မတို့တွေအတွက် သူတို့တွှေကာကွယ်ဖို့ အဆင်သင့်ရှိနေပါလားဆိုတဲ့စိတ်နဲ့ ချစ်မိတယ် ယူကြုံးမရဖြစ်မိတယ် ... "


သူတို့လုပ်ရပ်ကို ထောက်ခံတာ မဟုတ်ဘူး ... လုံးဝကို ကန့်ကွက်ပါတယ် ... ပြစ်မှုကျူးလွန်သူတိုင်း ပြစ်ဒါဏ်ကို ခံကြရမှာပါ ... ဒါပေမယ့် သူတို့တွေ ဒီလိုဖြစ်နေတာ ဘာတွေကြောင့်လဲ ... ကျွန်မတို့ ဒေသမှာ တရားဖြစ်လာရင် တကယ်အပြစ်ပေးလိမ့်မယ်လို့ မယုံကြည်နိုင်ကြတော့လို့ပဲ ... တကယ့်ကို တရားဥပဒေ မစိုးမိုးလို့ပဲ ... ရခိုင်တွေက အချင်းချင်းပဲ စောင့်ရှောက်ရင်းနဲ့ ကိုယ့်သားသမီး ကိုယ့်ညီအစ်ကို မောင်နှမကို လူမျိုးခြား လက်ထဲကို မရောက်သွားရအောင် ကာကွယ်လာကြရတဲ့ဘဝ ... ဒါတွေကြောင့်ပဲ ကုလားနဲ့ ရခိုင်လက်ထပ်တာမျိုး မရှိသလောက်ရှားတာ ... အနောက်ရိုးမမှာ ရခိုင်တွေက မြန်မာနိုင်ငံထဲကို ကုလားတွေ စိမ့်ဝင်မသွားဖို့ မြေခံကတုပ် အနေနဲ့ ခံပေးနေကြရတယ်ဆိုတာကို သိရင် ...


ဒီလိုကိစ္စမျိုးတွေ ဝေးပြီး ရခိုင်မြေမှာ ရခိုင်တွေတည်ထားကိုးကွယ်တဲ့ ဘုရားတွေကို ရခိုင်တွေ စိတ်အေးလက်အေး ရှိခိုးရမယ့် နေ့တွေကို တောင့်တရင်း .... ကျွန်မတို့ လူမျိုးတွေ ခိုကိုးရာမဲ့သောဘဝက အကာအကွယ်မဲ့သောဘဝက၊ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ကြောက်လန့်နေရတဲ့ ဘဝက၊ သံသယတွေနဲ့ပဲ ကြီးပြင်းရတဲ့ ဘဝက တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...


( မှတ်ချက်။ ။ အစ္စလာမ် ဘာသာဝင်တိုင်းကို စော်ကားခြင်းမဟုတ်ပါ ... ရခိုင်ပြည်ရဲ့ အမှောင်ချခံထားရတဲ့ အခြေနေကို လှစ်ဟပြရုံသက်သက်သာ ... တခြားသောသူတွေ ဒီကိစ္စကို ပြီးစေ ငြိမ်းစေချင်တာထက် ရခိုင်တွေက ပိုတယ်ဆိုတာကို သိထားစေချင်ပါတယ် ... ရခိုင်ဒေသမှာ အဓိက ဖြစ်နေတော့ မိသားစုတွေ ညီအစ်ကို မောင်နှမတွေ အတွက် ရတက်အေးကြပါ့မလား ... ကိုယ်ချင်းစာ နားလည်ပေးကြလိမ့်မယ်ထင်ပါရဲ့ ... )




အကောင်း အဆိုး ၊ အကြောင်း အကျိုး ဆိုတာ လူမျိုးတိုင်း နေရာတိုင်းမှာ ရှိနေတယ်လို့ ယုံကြည်စွာဖြင့်


သင်းချို

သူ

Thursday, May 24, 2012

သူ့ကို စတွိလာခစွာ ၁၉၉၁ ခုနှစ်ကပင် .... သူနန့် အကျွန် အကြိမ်ပေါင်းအများကြီး မျက်မှန်းတန်းမိခကတ်ပါရေ ... မှတ်မှတ်ရရ သူနန့် စတွိရေ အချိန်က သူ့ကို ကြိုဆိုရေလူတိ အများကြီးကြားထဲမှာ ထင်းခနန်း မြင်နိုင်ရေ ... သူ့ကိုကြည့်ပနာ အားလုံး ပြုံးလို့၊ ပျော်လို့ ... အချေခါ ဘဝကပင် သူ့ကို တမိတမောကြည့်ဖူးခရေ ... ယပြတ်ဆိုရေပိုင်လေ့ ဆုံဖူးခရေ ... သူ့ကိုကြည့်ပနာ ကြည်နူးမိခရေ .............

၁၀ တန်းအောင်လို့ တက္ကသိုလ်တက်ခါတော့ သူ့ကို နိန့်တိုင်းတွိလာရရေ ... တခါတခါ သူ့မျက်နှာမှာ မှန်ကန်မှုတိကိုတွိရရေ ... တခါတခါဆိုကေတော့ မျက်နှာသီနန့် ... အေပိုင်နန့် သူနန့် တွိပြီးကေ မျက်မှန်းတန်းမိလာခစွာ ကျောင်းတောင်ပြီးလားခပါဗျာယ် ... သူ့ကိုတော့ကေ တမိတမော့ ကြည့်ဖြစ်တုန်း ....

ဆီးကုမ္ပဏီမှာ အလုပ်စလုပ်တေအချိန်ခါတော့ကေ သူ့ကို တစ်နိန့်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် တွိလာရရေ ... တခါတလီ သူ့ကိုကြည့်ယင်း ရင်ခုန်သံတိ မြန်ရရေ ... တခါတခါတော့ကေ ဟင်းးး ခနန်း သက်ပြင်းချဖြစ်တေ ... တခါတလီကျပြန်ကေလေ့ ရင်ထဲမှာ ဟာတာတာနန့် ... သူကတော့ကေ သူ့ပုံစံအတိုင်း မပြောင်းမလဲ ... အစပိုင်းခါတော့ကေ သူကလေ့ လူတိကို ပုံမှန်နှုတ်ဆက်တတ်တေ.. နှုတ်ဆက်နိန်ကျ ... အချိန်ကြာလာခါ သူလေ့ သူဖါသာသူ၊ အားလုံးလေ့ ကိုယ့်စွာနန့်ကိုယ် ... ယကေလေ့ ဇာပင်ပြောပြော ယပြတ်ပိုင် သူနန့် မျက်နှာချင်းဆိုင် တွိနိန်ဖြစ်တုန်း ... အကြည့်ချင်းဆုံဖြစ်တုန်း ...

အခြားလူတိကရာ ပြောင်းပြောင်းလားခရေ ... သူကတော့ကေ ယင်းနိန်ရာမှာ ယင်းအတိုင်း မပြောင်းမလဲ ... သစ္စာရှိရှိ ရပ်တည်နိန်တုန်း ... သူစွာ စစ်တွေမြို့အတွက် အထင်ကရ ပြယုဒ်တစ်ခုလေ့ ဖြစ်နိန်သိရေ ... ဇာသူစွာ ဇာလောက်အဝီးကို ဇာလောက်ကြာအောင်ပင်လားလီပတ်စီ စစ်တွေကို သတိရတိုင်း သူ့ကိုလေ့ မှတ်မှတ်ရရ သတိရ မှတ်မိနိန်ကတ်သိယင့် ... သူကတော့ကေ သူ့ပုံစံအတိုင်း မပြောင်းမလဲ ...

သူ .....        သူ ...............
၁၉၉၁ ခုနှစ်ကပင် တွိဆုံလာခရေ၊ မျက်မှန်းတန်းမိ ရင်ခုန်မြန်ခရရေ၊ ရင်ထဲမှာ ခံစားချက်ချေ ပေါင်းစုံကို ပီးခဖူးရေ သံယောဇာဉ်ကြိုး တထွီးကြီးနန့်သူ ..........
မြို့စစ်တွေ ပြယုဒ်တိထဲက တစ်ခုအဖြစ်နန့်သူ ............
ရင်ထဲက  သူ ..................................

လောကကြီးက မှန်ကန်မှုနန့်၊ လစ်လျူ ရှုတတ်မှုကို မျက်နှာထားအမျိုးမျိုးနန့် ပြတတ်တေ သူ ... အကျွန့်ရင်ထဲက ဆယ် စုနှစ် နှစ်ခုတိုင်တိုင် မိန့်ဖျောက်မရနိုင်ရေ သူ .....
သူက မေယုလမ်း (စာတိုက်လမ်း)နန့် လမ်းမကြီးဆုံရာမှာ ထီးထီးမားမားရပ်နိန်တတ်တေ ဆယ်စုနှစ် နှစ်ခုကို ဖြတ်ကျော်လာခရေ နာရီစင် (အသစ်လို့ အဂုထိခေါ်တုန်း) ကြီးပါ ... (သူရာ အချိန်မှန်ကို ပြနိန်ခကေ မတော်တဆ အလုပ်နောက်ကျရေနိန့်တိ သူ့ကိုကြည့်လို့ ရင်ခုန်မြန်ခရရေ .... သူရာ စက်ပျက်နိန်ကေ သူ့ကိုထားမိရေ မျှော်လင့်ချက်တိ ဟင်းးးးး ခနန်း သက်ပြင်းတစ်ချက်နန့် တတူ အဆုံးသတ်ဖြစ်လားရရေ )....


ထိုထိုသော သူ ................


သင်းချို (21/04/2012 - 1:43 AM)


ထိုနိန်ရာ .....
                  ရိုးမအနောက်တစ်ဘက်က
                  ငါ့ချက်ကြိုး သဂြိုလ်ရာ ..........
                  ငါ့အဇ္ဈတ္တ မြှုပ်နှံရာ .........
                  ငါ့နှလုံးသွီး မြစ်ဖျားခံရာ .......
                  ငါ့ပျံသန်းခြင်း အစပျိုးရေ နိန်ရာ .......
                  ငါ့စိတ်ဝိဥာဉ် ပင်မကျက်စားရာ ........
                  ငါ့ဖြစ်တည်ခြင်း ရီသောက်မြစ် ........

ထို သဇင်တိ ပျော်ရေမြီမှာ ............
                   ဥသြပျို တေးရင့်ကျူးလို့ ရွက်ဝါအိုမြေခချိန်
                   ဂိမ္မာန် နွီဦး အခါထူး လီရူးမှာ
                   ငါ့ အလွမ်းတိ တတောလုံး
                   ပစ္စလက္ခတ် ပြန့်ကြဲလို့ ကြွီကျ . . .

                   နွီတစ်ကျော့ ရောက်လာခပြန်ကေ
                   ဟိုး .... နန်းတော်ရာကြား စဥ့်အိုးချေထဲက
                   ကြာညိုနံ့ သင်းရေ ရီကို
                   မာလခွံနန့် ခပ်သောက်ဖို့
                   ပပြင်းပပြ ချင်ခြင်းတ ဆာလောင်မိသိရေ . . .

                   ဒေအချိန်ဆိုကေ အဖမြီမှာ
                   ဥသြပျိုတေးသံ စိုင်းဒြားမင်းရို့တောင်နံရံထက်
                   ပဲ့တင်ထပ်နလီဖို့ ထင်ယင့် . . .

                   အဝီးရောက်သားသမီးတိကို လွမ်းယင်း
                   ထို အဖရင်ခွင်ကျယ်လေ့
                   အငွေ့ထ လောင်ကျွမ်းနိန်လောက်ဗျာယ် . . .

ထိုထိုသော ..........
                   အလွမ်းတိနန့် လွမ်းတိုင်း ........
                   အနာဂတ် ရိုးမတောင်နံရံမှာ
                   အဖနာမည် ကဗျည်းရီးထွင်းခါ
                   ကျောက်ထွင်းဓါးချေတစ်စင်း ဖြစ်နိုင်ဖို့ အာသီသနန့်
                   ငါ့ကိုငါ သွီးထားခယင်း . . .

အို .... လွမ်းမိရေ ၊ လွမ်းရရေ
                   အဖမြီက နွီကို . . .

                                                                                 သင်းချို

ငါရို့အိမ်ပြန်ကတ်ရဖို့

Monday, February 20, 2012

ခံစားချက်တိ အဆုပ်လိုက်ကြွီ

'လ' မသာရေ ညတိမှာ

ကြယ်ရောင်တိ မစုံခကတ်ရ .....


မဖူလုံရေ ဝမ်းစာအတွက်

တိုင်းတပါးမြစ်ကြောင်းမှာ နီပူသတ်ကြောပြင်တိနန့်

ဘဝကို အစုန်အဆန်လှော်ခတ်လို့

အဘာမြီကို တချက်ချေ နောက်ခိုင်းထားခကတ်ရဗျာယ် ....


အချိန်တန်လို့ အိပ်တန်းပြန်ခါတော့ကေ

ပေါင်းရှင်းဖို့ ဓါးတစ်လက်

ပန်းပွင့်ဖို့ မြေဆီလက်တစ်ဆုပ်စာ ဖြစ်တန်ကောင်းယင့် ...


ဒေ အုတ်တစ်ချပ်၊သဲတစ်ပွင့် သစ္စာတရားကို ကိုက်ချီ

ငါရို့မာန်ခဲထားကတ်မယ်

တစ်ချိန်ခါ ငါရို့အိမ်ကို ငါရို့ပြန်ရဖို့ ................

အဘာခြံထက်မှာ ဖုံးအုပ်နိန်ရေတိမ်မည်းတိကို

မိုးအဖြစ် ရွာချပစ်ကတ်ရဖို့ ..................

အက်ကွဲကြောင်းရာအထပ်ထပ်နန့်

တလင်းပြင်ပိုင် ငါရို့ရင်ဘတ်တိကို

ပြန်ပနာ စိမ်းလန်းစီကတ်ဖို့ ....................


ဒေ သစ္စာတရားတိနန့် နနှောင်းချည်

အဘာအိမ်ကိုလွမ်းယင်း -------

ငါရို့တောင်ပံပြပြင်းခတ်နိုင်ဖို့ အားဖြည့်ထားကတ်မယ်

တစ်ချိန်မှာ ငါရို့အိမ်ပြန်ကတ်ရဖို့ . . .


သင်းချို

ဆောင်းခိုငှက်

Sunday, February 19, 2012

အချိန်တန်ကေ အိမ်ပြန်ရဖို့အသိနန့်

တစ်ရာသီစာခိုလှုံဖို့ ငါရို့ခရီးနှင်ပါလတ်ကတ်စွာ

လဲကျနိန်ရေအချိန်

တောင်ဝှေးတစ်ချောင်းစာချေ မျှော်လင့်ချက်ထက်

ပြင်းပြရေ အာသီသတိ မပါ ...

အေနိန်ရာ အေဒေသတိအောက်မှာ

လွမ်းရိပ်မိ နှလုံးသားတိနန့်

ကိုယ့်ရင်ဘတ်ကို ကိုယ်ထွန်ယက်လို့

မြေစမ်းခရမ်း ပျိုးနိန်ကတ်ရတုန်း ...

ဘဝကို စာလုံးပေါင်းဖို့

သတ်ပုံတိအမှားမှား အယွင်းယွင်းနန့် ငါရို့

နုံသထက် နုံ ၊ အ သထက် အ လာခကတ်တေ ...

နီထွက်ပြီးကေ နီဝင် ၊ နီဝင်ပြီး နီထွက်

ဒေ နီအထွက် အဝင်ကြားမှာ ငရို့အဓိပ္ပါယ်တိ

စက်ရုပ်ဆဆန် စီးမျှောနိန်ကတ်ပြန်စွာ

ဇာ နှစ်နီထွက်လို့ ဝင်ကတ်ရဖို့ဗျာယ် မသိ ...

ခိုလှုံခွင့်ချေတစ်ခုအတွက် နှလုံးသားကိုကျကျစ်ဆုတ်ဗျာယ်

ရီမြီပြောင်းလာခရရေ ငရို့တိအတွက်

ဒေ ဆောင်းတစ်ရာသီစာ အယင်ကုန်လွန်ပီးပါ ...

သင်းချို

တမ်းတပုံရိပ်

မြို.တစ်လျှောက် ဇာကိုပင်လားလား
အမြင်ကနိန် ပျောက်ထွက်မလားရေ
ငယ်ပေါင်းဖော် သူငယ်ချင်း "ကစ္ဆပနဒီ" .......

တနီကုန်တနီခမ်း ရင့်ပြာသတ်နိန်ခယင့်
ဲခြီကုန်လက်ပန်းကျကေ အိပ်တန်းပြန်ဖို.
ခိုလှုံစရာ အသိုက်ရှိလီရေ ..........

ဘ၀မဟုတ်သိရေ အိုင်ချေထဲမှာ ....
ပြသ၁နာမဟုတ်သိရေ ဘေးထွက် အဖုအထစ်ချေတိအတွက်
အကြီးအကျယ် ခံစားမိကေ
နှစ်သိမ့်ပီးဖို. လက်တစ်စုံ ရှိလီရေ .........

ဟောင်ဖွါဟောင်ဖွါနန်. အာကျယ်ဗျာယ် လူတန်းစိနိန်နိုင်ဖို.
ဖြည့်ဆည်းပီးရေ အားကောင်းမောင်းသန်
လက်မောင်းကြီးလည်း ရှိလီယင့်လေ .........

ကြောက်လန်.တကြား ပဋိပခတိအတွက်
မားမားမတ်မတ် ကာကွယ်ပီးရေ
ရင်အုပ်ကားကြီးလည်း ရှိလီပြန်သိရေ ........

တစိချေလောက် အလိုမကျစော်တိအတွက်
ခေါင်းခါ လိုင်(လည်)ခါဗျာယ် အော်ငိုဖို.
အခွင့်အရေးတိလည်း ရှိလီရေယေ ..........

ယင်းပုံရိပ်တိနန်. တတူ .......
ပင်လယ်အော်သံ ၊ ရခိုင်စည်သံ ၊ ရခိုင်စကားသံ
အားလုံး အားလုံးကို တမ်းတမိရဗျာယ်ဝေ ............ ။


သင်းချို

မတောက်တခေါက် အသိဥာဏ်နန်.
လောကကြီးကို တံခါးလာခေါက်ကြည်.မိရေ့ 
ဆီးကြိုနိန်ရေ စိမ်းခါးခါး ရနံ.
ငါ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံ ခါးသက်စီရေ့ 

စိတ်ဆန္ဒတိ တက်ရောက်ကတ်တေ ပြပွဲမှာ
အတ္တတိ ၀တ်မှုန်ကူးနီကတ်ယင့့် 
ရောင်းပန်းလှ အပြုံးတိနန်.
သူ့ထက်ငါအပြိုင်အဆိုင်
မာနတိကို ရောင်းဈေးမြှင့်နိန်ကတ်တယ့့် 
ငါမှာက လွတ်ကျလားရေမာနကို
ယောင်လည်လည်နန်. လိုက်ရှာနိန်ရရေ့ 

ဂုဏ်သိက္ခာနန်. အဆင့်အတန်းကို
ကျွမ်းကျွမ်းကျင်ကျင် ရွတ်ဖတ်နိန်ကတ်တေ
အသိုင်းအ၀ိုင်းမှာ ........
ငါက လူရာမ၀င်

ပြပွဲ ဒေါင့်ချေမှာ ထိုင်ဗျာယ်
တံခါးပြန်ပွင့်လာဖို. အချိန်ကိုဆုတောင်းယင်းနန်.
တတိန်းချေ မျက်နှာငယ်နိန်ရရေ ။ ။


သင်းချို

အဝီးတိမ်

မျှော်လင့်ခြင်းနန်.အသက်ရှင်ရေ ပြောကတ်တေ့ 
ရှင်သန်ဖို.အတွက် မျှော်လင့်ခြင်းလား .....
မျှော်လင့်ဖို.အတွက် ရှင်သန်ခြင်းလား .....
မသေမချာ မရေမရာ ။ ။

ငါ့အတွက်က မျှော်လင့်ခြင်းဆိုစော်
အ၀ီးတိမ်ပါ့ 

ငါပြီးနိန်ကေလေ့ သူပြီးရေ
ငါရပ်နိန်ကေလေ့ သူပြီးရေ ........
ဇာအချိန်ခါ ပြိုဆင်းဖို.မှန်းမသိရေ သူ.ကို
မျက်ခြီမပြတ်ဖို. မညောင်းတမ်း ငါလိုက်ပြီး
အိမ်မက်တိထဲမှာတောင် ငါက တိမ်လိုက်ဖမ်းလို.့ 

ငါပြီးနိန်ကေလေ့ သူပြီးရေ
ငါရပ်နိန်ကေလေ့ သူပြီးရေ ........
ခလုတ်တိုက်လို. လဲအကျ
ငါ့လက်တစ်ကမ်းအလိုမှာ သူရွာချခရေ ။ ။

မျှော်လင့်ခြင်းဆိုစော် ငါ့အတွက်က
အ၀ီးတိမ်ပါ့ 



သင်းချို

တစ်စက်ချင်းဆူဝေတက်လာရေ စိတ်အဆာ
သူ့စကားလုံးတိထဲမှာ အလုအယက်ပေါက်ကွဲ
ခံစားချက်ကင်းရေလူ မျက်လုံးထဲက စကားသံ
ငါကရာ နားကြားလွဲခစွာလာ့ 
ငါစွာ ကိုယ့်ကိုကိုယ် ကျိန်စာစူးခရေလူပါ ။

မရည်ရွယ်ဘဲ ပုံဖော်မိရေ မျှော်လင့်ချက်ချေနန်.
သူ.လက်ကို ဆုတ်ကိုင်မိပြီးခါမှ
မယိမ်းနွဲ.တတ်တေ သူ.နှလုံးသားရင်ခုန်သံ
ငါကရာ ဘာသာပြန်မှားခစွာလာ့ 

အမှန်ပါရာ ကောင်းကင်
မင်းစွာ ငါ့အတွက်မလင်းလက်ချင်ရေနိန့်မှာ
မင်းအနားက ငါ့ဝိဥာဉ်ကို အဆုံးထိနှုတ်ယူလိုက်မယ်
" ငါ့မျက်ရည်ထက် မင်းအပြုံးကို ပိုမက်မောရေ
ငါစွာ "့ 
ကိုယ့်ကိုကိုယ် ကျိန်စာစူးခရေလူပါ ။ ။


သင်းချို

ကမ်းဝီးလှောင်အိမ်

အရောင်အဆင်းကို စိတ်ကြိုက်ကစပ်တတ်တေ မာယာရှင်နန့်
ဘဝကို အလဲအထပ်လုပ်ဗျာယ် စီးချင်းထိုးနိန်ရရေ ။

လိမ္မာခြင်းနန့် မကျွမ်းဝင်ရေငါ
ရိုးသားခြင်းပြယုဒ်ကိုချိတ်ဆွဲဗျာယ် ပီပီပြင်ပြင် "အ"ဖူးခရေ ။

လူလူချင်းအမဲလိုက်ကတ်တေ သူရို့သင်ရိုးကြားမှာ
ကျောင်းကယူလာရေ "လောကနီတိ"လေ့
မျက်နှာချေငယ်လို့ 

ဂုဏ်ဒြပ်ချင်းရာ စကားပြောရေ အသိုင်းအဝိုင်းမှာ
မေမေပီးရေ နှုတ်ချို ၊ ချိုတစ်ပါးက
လွယ်အိတ်ထဲက ထွက်မလာ့ 

ဖြစ်တည်ခွင့် နိန်ရာချေတစ်ခုအတွက်
သေသေသပ်သပ်နန့် လင်းလက်တေ အပြုံးတိနောက်ကို
အပြီးတစ်ပိုင်း လိုက်နိန်ခသိရေ ။
လမ်းတစ်ဝက်ရောက်လို့ မျက်နှာဖုံးတိကွာကျမှ
အသိကနောက်ကျ အပြန်ရခက်လားဗျာယ် ။ ။



သင်းချို

လရောင်တိ အိပ်မက်ကို မှောက်ကျရေနိန့်
ရင်ဘတ်ထဲက အသံတိကို နားယောင်မိယင်း
ငါစွာ... မျက်လုံးတစ်စုံကို
ဘာသာပြန်မှားခရေ ...... ။ ။

ယင်းနိန့်က ....
တသောသောသွန်ကျနိန်ရေ အာရုံမှားတိနန့်
ငါစွာ ... နှလုံးသားတစ်စုံ ကောက်နှုတ်ချက်ကို
နားလည်မှု လွဲခရေ ...... ။ ။

ယင်းပိုင်နန့် ....
ကာရန်မညီရေ ရင်ခုန်သံတိကို ညှိယင်း
တီးခတ်ကြည့်ဖို့ ကြိုးစားမိခါမှ
ပြတ်ထွက်လားရေ ကြိုးစ
ငါ့ ကံကြမ္မာ (ဘဝ)ကိုပါ ဆွဲနှုတ်လားလရေ ........ ။ ။


သင်းချို

ဝရံတာမှာ မီးပိတ်ပနာထိုင်နိန်ယင်း ကောင်းကင်ကို မော့ကြည့်ပြီးကေ စဉ်းစားမိရေ။ သြော် . . . အေနိန်ရာကနိန် အေကောင်းကင်ကို မော့ကြည့်ခွင့်ရဖို့အတွက် အေနိန့်စွာ အချိန်ကာလတစ်ခု ကြာအောင်ထိ နောက်ဆုံးဖြစ်နိန်နိုင်ရေ။ ဇာအထိလို့ ကန့်သတ်မထားခရေ အချိန်တစ်ခုအထိ ၂ နှစ်ကျော်ကြာအောင် တစ်ယောက်တည်း ထိုင်ဖူးခရေ အေနေရာချေနန့် ဝီးနိန်ရဖို့သိ။ ကောင်းကင် ကြီးကလေ့ အေနိန့်ခါမှ ဝမ်းနည်းဖို့ကောင်းလောက်အောင် လှနိန်ရေ။ ကြည့်နိန်ယင်းမှာပင် ကြယ်ချေတစ်လုံး ကြွီကျလားခရေ။ အမှန်ဆိုကေ အေကြယ်ချေလေ့ ကြွီစွာ ဟုတ်ချင်မှဟုတ်ဖို့။ နိန်ရာဒေသအသစ်တစ်ခုကို ရွိပြောင်းလားစွာက မဖြစ်နိုင်လာ။

အိမ်ထဲမှာ အသံတိ တိတ်ဆိတ်နိန်ရေ။ ယကေလေ့ မိဘနှစ်ယောက်လုံးရင်တိမှာ ဆူညံသံတိဟိနိန်လီဖို့စွာကို သိရေ။ အိပ်နိန်ရေပိုင် မျက်လုံးကိုမှိတ်လို့ ငြိမ်ပနာလှဲနိန်ကတ်တေ ယင်းရင်ဘတ်နှစ်ခုလုံး လှုပ်ရှားပြီးလွှားနိန်ကတ်ဖို့လေ့ အသေအချာဗျာယ်။ ခေါင်းမာပနာ ကြီးခရေ ဆန္ဒတိအတွက် ပါပါနန့် မေမေကို ရှိခိုးကန်တော့ပါယင့်။

အယင်က အေပိုင်အိပ်မရရေနိန့်တိဆိုကေ မိုးအယင်လင်းဖို့စီ ဆုတောင်းဖူးခစွာ။ အေနိန့်၊ အေအချိန်၊ အေနေရာမှာ အချိန်တိ ရပ်တန့်ပီးပါ။ စီးကျလာခရေ မျက်ရည်တိကို သုတ်ပစ်ချင်စိတ် မဟိခ။ လီချေ တဟုတ်တိုက်လိုက်ကေ မျက်ရည်တိနန့် ပါးပြင်နှစ်ဘက် အီးစက်လားရေ။ ငါရွီးချယ်ခရေ လမ်းကြောင်းအတွက် ငါကိုယ်တိုင်တောင် အေလောက်ခံစားနိန်ရကေဆိုရေ စိတ်ကူးနန့် မိဘတိကို ဆက်မတွေးဝံ့ . . . အေညည့်ကို အတတ်နိုင်ဆုံး ဆွဲဆန့်ထားလိုက်ချင်ရေ။ နာရီစက်သံကလေ့ အေနိန့်ခါမှ ပိုကျယ်နိန်လာ။ အထဲကို တစ်ခေါက်ဝင်ပနာ နာရီထဲက ဓါတ်ခဲကိုဖြုတ်ထားလိုက်တေ။ အေလောက်တောင် အသံကျကျယ်နန့် ပြီးချင်ရေ အကောင်။ မိဘနှစ်ယောက်အိပ်ခန်းကို လှမ်းဝင်လို့ ခြီရင်းမှာထိုင်ပနာ အကြိမ်ကြိမ် ရှိခိုးမိသိရေ။ ပြီးမှ ပြန်ထွက်လာပနာ ဝရံတာမှာ ပြန်ထိုင်ဖြစ်တေ။ မိုးလင်းကေဆိုရေ အတွေး ခေါင်းထဲကို ရောက်လာစွာနန့် ခေါင်းကို ကကြမ်းချေ ခါပလိုက်ယင့်။ အခါကြမ်းလို့ ယင်းအတွေးတိ ထွက်ကျလားပတ်စီလေ။

နိန့်ခင်းက ဟိုနှစ်ယောက်နန့် ဆိုင်မှာ ထိုင်နိန်ခစွာကို အတွက်ပေါ်လာရေ။ သုံးယောက်လုံးထိုင်နိန်ကတ်စွာ လောကကြီးနန့် ကင်းကွာနိန်ရေပိုင်။ နိန်ကျကျွက်ပူဗျာယ် ဆူညံနိန်ရေ ပတ်ဝန်းကျင်နန့် တခုလေ့မဆိုင်ပိုင် ရခဲတောင်ထက် စိမ့်အီးနိန်ရေ ခုံဝိုင်း။ ကော်ဖီခွက်ကို စိုက်ကြည့်နိန်ရေ အထွန်းက “နင့်ခေါင်းထဲမှာ အေပိုင်အတွေးတိမထားကဲ့၊ နင်စွာ အချေကနိန် အားလုံးကို ဦးဆောင်နိုင်ရေ လူတစ်ယောက် မဟုတ်လား။ ငါရို့အားလုံး မျက်ဝန်းတိကို နင်မဖတ်တတ်လား။ နင့် ဆုံးဖြတ်ချက်၊ နင့်လုပ်ရပ်တိအားလုံးကို ငါရို့က အားကျ၊ သဘောကျ လာခကတ်စွာလေ။ နင်စွာ မမချေတစ်ယောက် ဆိုကေလေ့ ငါရို့တိ အားလုံးထဲမှာ သတ္တိအဟိဆုံး၊ ဇွဲအကောင်းဆုံးဗျာယ်။ ငါရို့တစ်အုပ်စုလုံး ကိစ္စတိုင်းကို နင်ဆုံးဖြတ်တေအတိုင်း လိုက်လုပ်ခကတ်စွာလေ။ နင်တစ်ယောက်မဟိစွာနန့် ငါရို့ဝန်းကျင် ခြောက်သွိလားဖို့စွာတော့ကေ သေချာရေ။ ယကေလေ့ ငါရို့မှာ ငါရို့ကိစ္စတိကို ဆက်လုပ်နိန်ကတ်ရဖို့စွာဗျာယ်။ နင့်စိတ်ထဲ၊ နင့်နှလုံးသားထဲမှာ စွဲနိန်ရေ ရည်ရွယ်ချက်တိစွာ မဖြစ်နိုင်လို့ ယူဆခကတ်တေ အသိုင်းဝိုင်းတစ်ခုလုံးကို နင်ကိုယ်တိုင်လုပ်ပြဖို့ ရလာရေ အခွင့်အရေးအတွက် အဂု နင့်ခေါင်းထဲမှာရောက်နိန်ရေ အတွေးတိကို ထုတ်ပလိုက်ဖိ. .” ။ သင်းချိုတစ်ခုလေ့ ပြန်မပြောမိ။

ဇော်ထူးပါးက သက်ပြင်းချသံထွက်လာပြီးကေ ဝင်ပြောရေ။ “သူငယ်ချင်းတိအားလုံးထဲမှာ နင့်ကိုအချစ်ဆုံးလို့ ငါပြောဖူးရေမနား။ ဇာဖြစ်လို့လဲသိလာ၊ နင့်စိတ်ဓါတ် နင့်လုပ်ရပ်တိကိုချစ်လို့။ နင်စွာ ဇာကိစ္စကိုမဆို သတ္တိနန့်ရင်ဆိုင်ဖြေရှင်းတတ်လို့၊ ပြီးကေ တစ်ယောက်ယောက် တစ်ခုခု ဖြစ်ကေ ကိုယ့်ကိစ္စမဟုတ်ဆိုပနာ ငြိမ်မနိန်တတ်လို့။ အဂုလေ့ နင်လုပ်ချင်စွာတိကို လုပ်ဖို့အခွင့်အရေး နင့်လက်ထဲမှာ ဆုတ်ကိုင်မိနိန်ဗျာယ်လေ။ နင်တောက်လျှောက် ကြိုးစားလာခစွာ၊ ခေါင်းမာလာခစွာ အေချင့်အတွက် မဟုတ်လား။ လူတိနားချိန်မှာတောင် နင်မနားဘဲနန့် ခြီလှမ်းတိ ဆက်တိုက် လှမ်းနိန်ခစွာလေ၊ အဂု လှဂါးတစ်ဆင့်ကို တက်ဖို့ခါမှ နင်နောက်တွန့်နိန်ကေ၊ အယင်ချိန်တိကို ပြန်မက်မောနိန်ကေ နင်မရပ်မနား လားခရေ ခြီလှမ်းတိအတွက် ဇာလောက်နှမြောဖို့ ကောင်းဖို့လဲ။ ရှိကို ဆက်လားပါ။ ငါရို့ဆိုစွာ နင့်နောက်ဘက် အဝီးကြီးမှာ ပြတ်ကျန်နိန်ခစွာ ကြာဗျာယ်။ ဇာလောက်ပင်ဝီးဝီး ငါရို့သံယောဇာဉ်တိနန့် ချိတ်ဆက်ထားကတ်မယ်လေ။ နင့်ကို ငါရို့ E-Mail တိပို့မယ်၊ နင်လေ့ပို့။ နင်ရှာတွိရေ ဆန်းသစ်တေအတွေးခေါ်တိ၊ လုပ်ရပ်တိ၊ သဘောသဘာဝတိ ငါရို့ကိုပြန်သင်ပီးလေ။ နင်လာလည်ကေ တတူစစ်တွေကိုပြန်လို့ အားလုံးနန့် ဆုံကတ်ဖို့လေ။” သူ့စကားအဆုံးမှာ သင်းချို လီကိုမှုတ်ထုတ်လိုက်တေ။ “အေးပါ၊ ငါလေ့ အဂုအချိန်ရောက်မှ နောက်ဆုတ်ချင်ကေတောင် မဆုတ်ဖို့ဆုံးဖြတ်ထားရေ။ ယကေလေ့ ငါ့ခေါင်းထဲမှာ ဇာတိဟိလို့ ဟိနိန်မှန်းတောင် မသိဗျာယ်။ လေယာဉ်ထက်ကို မတက်ခင်အချိန်ထိ နောက်ဆုတ်လို့ရရေဆိုရေ အတွေးတိ ခေါင်းထဲကို ရောက်လာအောင်ထိ ငါပျော့ညံ့နိန်ရေ။ ငါနင်ရို့တိကိုလွမ်းနိန်၊ အောက်မိနိန်ဖို့။ စစ်တွေက ငါရို့တစ်အုပ်စုလုံးကို ငါလွမ်းနိန်ဖို့။ တန်းဆောင်မုန်းလပြည့်ကျလို့ နင်ရို့အားလုံးဆုံဖြစ်ကေ ငါမပါနိုင်ဗျာယ်။ ငါ ကကောင်း ခေါင်းမာခဗျာယ်လာ မသိနန်း. . .” ။ ယင်းလောက်ရာ ပါးစက ထုတ်ပြောဖြစ်ကေလေ့ အမှန်ရင်ထဲမှာက ငါတက်လှမ်းရဖို့ အေခြီလှမ်းအတွက် ကြောက်နိန်မိစွာကို နင်ရို့သိအောင်မပြခစွာရာ။ ဇာကိုမှန်းမသိ ငါကြောက်နိန်ခရေ။

“အဟွတ်၊ဟွတ်” မေမေ ခြောင်းဆိုးသံကိုကြားမှ စဉ်းစားနိန်စွာတိ လွတ်ထွက်လားပနာ အဂုပစ္စက္ခတ်ကို ပြန်ရောက်လာရေ။ ခြီသံကြားရေ။ မေမေ အပြင်ကိုထွက်လာစွာလာ။ “သင်းချို၊ သမီး အိပ်ဖိလေ။ နက်ဖြန်ခါ ပင်ပန်းနိန်မေ၊ ထ အိပ်ဖိ”။ ပါးထက်ကမျက်ရည်ကို မေမေ မမြင်အောင် ဆံပင်နန့် ကာထားလိုက်တေ။ “သင်းချို မအိပ်ချင်သိပါမေမေ။ အေနေရာချေမှာ ထိုင်ကောင်းပါရေ။ မေမေ အိပ်ခီပါဖိ၊ သင်းချို အိပ်ချင်လာခါ ဝင်အိပ်လိုက်ပါမေ။” “ယင်းပိုင်ဆိုကေ အင်္ကျီချေတစ်လုံး ထပ်ဝတ်ထား၊ တဖဲ့ချေအီးရေထော။ အကြာကြီးလေ့ ထိုင်မနိန်ကဲ့၊ တနားချေကေ ဝင်ဖိနန်း” ပြောပြီးကေ မေမေပြန်ဝင်လားခရေ။ ပါပါနန့် စကားပြောသံချေတိကို ကြားရရေ။ သင်းချိုကို ခွင့်လွှတ်ကတ်ပါ။

‘ပါပါ’ . . . သင်းချိုကို အချေခါကပင် နားလည်ပီးခရေ အဖ။ လူတိက သမီးကို ကကောင်း အလိုလိုက်တေလို့ ပြောတတ်ကတ်ကေလေ့ ပါပါက သင်းချိုကို အလိုလိုက်စွာထက် နားလည်ပီးစွာ။ အလုပ်ကလာကေလေ့ အယင်ဆုံး “သင်းချို ဝါ” လို့ရှာတတ်တေ ပါပါ။ ၂၀၀၇ ခုနှစ် သင်းချို ရန်ကုန်ကိုလားရဖို့ခါ ပါပါက စကားတစ်ခွန်းတည်းရာမှာရေ “ရန်ကုန်အိမ်မှာ မကျန်လိုက်ကဲ့နန်း၊ ယင်းမှာနိန်ဖို့ဗျာယ်လို့ မပြောကဲ့။ ပါပါက သမီးမရှိကေ နိန်လို့မရတတ်” လတ်။ သင်းချိုငိုဖို့ မျက်ရည်တစ်စက် အကျမခံရေ အဖလေ။ သင်းချိုကို ကောင်းကောင်းနားလည်ပီးရေ ယင်းပါပါကို ကာဗာယူလို့ သင်းချိုခေါင်းမာလာစွာ အေနိန့်အထိ။ “စစ်တွေအိမ်မှာ တတူနိန်လို့ မိသားစုစီးပွါး လုပ်ကတ်မေနန်းရာ” လို့ ပါပါပြောတိုင်း သင်းချိုက “သင်းချို professional ဖြစ်ချင်ပါရေ ပါပါ။ မဖြစ်နိုင်ဆိုစွာမဟိလို့ ပြချင်ပါရေ။ သင်းချိုကို အိမ်မက်မက်နိန်ရေလို့ ပြောကတ်တေ လူအားလုံးကို ပြင်းပြရေအိမ်မက်ဆိုစွာ လက်တွိအကောင်အထည်ဖေါ်ဖို့ ပထမဆုံး ခြီလှမ်းဆိုစွာကို ပြချင်ပါရေ” လို့ ပြန်ပြောမိခရေ။ အေသမီး တဇောက်ကမ်းကို ခွင့်လွှတ်ပါ။ သင်းချိုရင်ထဲမှာ ရည်ရွယ်ချက်တိနန့် ပြည့်နိန်လို့ပါ။ နိုင်ငံခြားကို အထင်ကြီးလို့မဟုတ်ပါ။ သင်းချိုလုပ်ချင်ရေ ဆန္ဒတိက ပြည်တွင်းမှာနိန်ပနာ သင်းချိုလုပ်နိုင်ရေ အတိုင်းအတာထက် အဆမတန် များနိန်လို့ပါ။ သင်းချိုမှာလေ့ အချိန်အတိုင်းအတာဟိပါရေ။ သင်းချို Target ကိုရောက်ပြီးကေ ပြန်လှည့်လာဖို့စွာပါရာ။ ယင်းအချိန်ဆိုကေ မေမေ၊ ပါပါရို့ အေပိုင် စိုးရိမ်ခံစားရအောင် မလုပ်ပါဗျာယ်။ မိဘနားမှာ နိန်ပနာ သင်းချိုရင်ထဲက ရည်ရွယ်ချက်တိကို တစိုက်မတ်မတ် လုပ်လီပါဖို့ဗျာယ်။ အဂု လောလောဆယ်တော့ကေ သင်းချို ခေါင်းမာပါရစီဦး။

သင်းချိုလေ့ ကြောက်နိန်မိစွာပါဗျာယ်။ ယကေလေ့ ပါပါနန့် မေမေက သင်းချိုကို ယုံကြည်မှုပီးပါ။ ပါပါရို့ယုံကြည်မှုစွာ သင်းချိုအတွက် ခွန်အား၊ သတ္တိ။ ရှိဆက်ရေ ခြီလှမ်းတိုင်းမှာ “ငါ့ကို ယုံကြည်မျှော်လင့်နိန်ကတ်တေ” ဆိုရေ အတွေးနန့် အားလုံးကို ရင်ဆိုင်ကျော်ဖြတ်ခွင့်ရအောင် သင်းချိုကို ယုံကြည်ကြောင်း ပြပီးပါ။ သင်းချိုကို လိုအပ်တေလူတိအတွက် သင်းချို ကိုယ့်စွာကိုယ် အသုံးချခွင့်ပီးပါ။ သင်းချို အိမ်ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ခွင့်ပြုပါ။ မြင်ခရရေ ပတ်ဝန်းကျင်ချေအတွက်၊ ကမ်းလက်ကို မျှော်လင့်နိန်ကတ်တေ နှလုံးသားချေတိအတွက် သင်းချို ခေါင်းမာချင်ပါရေ။ အေမိဘက မွီးလာရေ အေသမီးစွာ လူသားဆန်ရေ စိတ်ဓါတ်နန့် လုပ်ရပ်ချေတိကို လုပ်ခွင့်ရပါရစီ။ အချေခါ ဖေ့သာအလိတ်ချေကောက်ရလို့ ငိုခရေ အေသမီးကို မေမေ ကောင်းချစ်တေလို့ ပြောဖူးပါရေလေ။ အဂုလေ့ အခြားလူတိမျက်ရည် အေပါးမှာ ကျပီးပါရစီ။ သူရို့တိမျက်ရည်ကို အေလက်နန့် သုတ်ပီးပါရစီ။ သူရို့မျှော်လင့်ချက်တိကို အေနှလုံးသားထဲမှာ ထပ်တူမျှော်လင့်ပီးခွင့်ပြုပါ။ ကိုယ့်မျက်စိ ရှိတမြင် မဟုတ်ဘဲနန့် လောကကြီးတစ်ခုလုံးကို မျက်စိဖွင့်ကြည့်ခွင့် ရချင်ပါရေ။ နွီးထွီးမှုကို လိုအပ်နိန်ရေ လူအားလုံးကို မေတ္တာတရားနန့် လွှမ်းဖက်ထားပီးချင်ပါရေ။ ကမ်းလက်ချေတစ်ဘက် စောင့်စားနိန်ရေလူတိကို အေလက်နှစ်ဘက်နန့် တတ်နိုင်သမျှ လက်တွဲထားချင်ပါရေ။ ယင်းတွက်နန့် သင်းချို ရင်ထဲမှာဟိနိန်ရေ ကြောက်ရွံ့မှု၊ မိသားစုနန့်ဆိုင်ရေ ခံစားချက်တိနန့် သိမ်ငယ်မှုတိကို သိုဝှက်ထားပါရစီ။ ပါပါ၊မေမေရို့ရင်ထဲကိုလေ့ မမြင်ကန်ဆောင်ခွင့် ပီးပါ။ အေသမီး မလိမ္မာ မိုက်မဲစွာကို သိပါရေ။ ယကေလေ့ ဆက်မိုက်မဲခွင့်ကို ပီးပါ။ သင်းချိုကို “ငါ့သမီးစွာ အရာအားလုံးကို လုပ်နိုင်ရေ”လို့ နှစ်သိမ့်ရေ အပြုံး လက်ဆောင်ပီးပါ။ ယင်းအပြုံးကို အဆောင်အဖြစ် နှလုံးသားနန့် မကွဲမကွာ တစ်သက်လုံး ဆောင်ထားပါမေ။

လီချေတဟုတ်တိုက်လိုက်ခါ မျက်ရည်တိ ခြောက်နိန်ရေ ပါးပြင်နှစ်ဘက်က တင်းပနာ ခံစားလိုက်ရရေ။ ပြုံးကြည့်လိုက်တေ။ ကိုယ့်စွာကိုယ် ပြန်ပြုံးကြည့်လိုက်တေ။ တနားက ရပ်ထားလိုက်တေ နာရီကိုလေ့ ပြန်လားခွင့် ပီးလိုက်တေ။ လွတ်လပ်ခွင့်ပီးလိုက်စွာနန့် သူကလေ့ ညှာသံပီးပနာ သူ့တာဝန်ကိုသူ ထမ်းဆောင်နိန်ယင့်။

ဝရံတာ သံပန်းတန်းခါးကိုဖွင့်ဗျာယ် ကောင်းကင်ကို မော့ကြည့်လို့ အားရပါးရ လီရှုပလိုက်တေ။ အေဝရံတာမှာ တစ်ယောက်တည်းထိုင်ပနာ အေပိုင်ညည့်မျိုးတိကို ဖြတ်ကျော်လာခစွာ ၂ နှစ်တောင် ကျော်လာခဗျာယ် မနား။ တရက်တရီ မိုးတလင်းစာထိုင်ရွီးဖြစ်ခရေ၊ တရက်တရီကျကေလေ့ တောင်စိုင်ရွီမရ စဉ်းစားနိန်ခယင့်။ တခါတလီ တေးခင်းချေတိ အသံဖဖွချေ ညည်းနိန်ခရေ။ ဒရင်းဘတ်မှာ မိုးအလင်းအိပ်ပါလားရေ ညည့်တိလေ့ဟိခရေ။ အေနိန့်ပြီးကေ နောက် ၃၊ ၄ နှစ်ကြာအောင်ထိ အေနေရာချေနန့် ဝီးနိန်ရဖို့ထော။

ဟို၊ ဒေ စဉ်းစားပလိုက်စွာ မိုးထ ၄ နာရီခွဲလို့ မေမေတောင် ဘုရားရှိခိုးဖို့ ထလာဗျာယ်။ “ယာ၊ သမီး၊ အေသူလေ တစ်ညည့်လုံး မအိပ်ထော၊ အဝီးကိုရောက်မှ နိန်မကောင်း ဖြစ်နိန်ဖို့သိ၊ လား လား၊ တနားချေဒါဖဲ့ လှဲပစ်ခီ။ ၆ နာရီလောက်ခါ မေမေနှိုးမယ်”

“မေမေ၊ တရားထိုင်ဖို့ လာစွာပါမနား၊ သင်းချို မအိပ်ချင်ပါ၊ မေမေနန့် တတူ တရားထိုင်ပါမေလေ။” ဆိုပနာ သားအမိနှစ်ယောက် ဓါတ်လယ် အသျှင်ဘုရား တရားခွေကိုဖွင့်လို့ တရားထိုင်ကတ်တေ။ သင်းချိုကတော့ တရားထိုင်နိန်ယင်း အပြင်ကို တချက်ရောက်လိုက်၊ ပြန်သိပီးလိုက်နန့် လည်နိန်တုန်းသိ။ ၁ နာရီ တရားထိုင်ပြီးကေ Breakfast စား၊ ရီမိုးချိုးလို့ လေဆိပ်ကိုဆင်းဖို့ လုပ်ကတ်တေ။ အားလုံး အဆင်သင့်ဖြစ်နိန်ကေ ဘုရားရှိခိုးရေ။ ပြီးကေ မေမေ၊ ပါပါကို ရှိခိုးရေ။ မေမေကတော့ ဆုတိ ကောင်းပီးနိန်ယင့်။ ပါပါက တစ်ခွန်းတည်းရာ ပြောရေ။

“စိတ်ပင်ပန်းမခံကဲ့၊ လာချင်ကေ အချိန်မရွီးပြန်ပါလတ်၊ ပါပါရို့ စောင့်နိန်ရေ။” ပြောပြီးကေ ထလားခရေ။

Taxi ထက်မှာ ပါပါက ရှိက၊ မေမေနန့် သင်းချိုက နောက်က။ မေမေ တစ်လမ်းလုံး တတွတ်တွတ်မှာရေ။ “ပေပေတေတေ မနိန်ကဲ့။ ကျန်းမာရေးကို ဂရုစိုက်၊ မမချေပိုင် သပ်သပ်ယပ်ယပ် ဆင်ပြင်လို့ချေနိန်၊ စာကြိုးစား၊ ညည့်မအိပ်ပဲ စာမဖတ်ကဲ့ကား၊ အားလုံးကို သတိဝီရိယနန့် အလှပချေနိန်၊ အစားအစာကို ပုံမှန်စားရဖို့၊ တစ်ခုခုဖြစ်ကေ အိမ်ကိုပြော၊ မိဘ အချိန်တိုင်း အသင့်ဟိနိန်ရေ၊ တစ်ယောက်တည်း ကြိတ်ပြီးကေ ခေါင်းမမာကဲ့၊ လူကိုသည်းခံ၊ လူတိုင်းကို နားလည်မှုပီးလိုက်။ သနားညှာတာရေစိတ်၊ ကိုယ်ချင်းစာစိတ်ကို ရင်ထဲမှာထည့်ထား၊ လူတိဆိုးကေ ဆိုးပတ်စီ၊ ကိုယ်မဆိုးစီကဲ့။ ဘုရား၊ တရားကို မမိကဲ့။ ကိုယ်တိုင်သိပြီးကေ လုပ်ရဖို့၊ ဇာကိုမဆို ဟူးဟူး ဒိုင်းဒိုင်း မဆုံးဖြတ်ကဲ့။ စိတ်မြန်စွာကို လျှော့. . .” ။

ပါပါက တစ်ခွန်းလေ့ မပြော၊ သက်ပြင်းတိကိုရာ ချပြီးကေ သင်းချိုကိုတောင် မကြည့်ဗျာယ်။ မေမေလေ့ ပြောရာပြောနိန်စွာ တစ်ခေါက်ချေတောင်မကြည့်။ သင်းချိုလေ့ တစ်ယောက်ကိုလေ့ မကြည့်ဘဲ မျက်လုံးအောက်နားကနိန် ဖိုင်ကိုထောင်လို့ ကာထားလိုက်တေ။

အေခြီလှမ်း၊ အေစိတ်ဆန္ဒတိအတွက် ဥပေက္ခာပြုထားရရေ အရာတိ များမှန်းမသိ များနိန်ယင့်။ လုပ်ချင်ရေ ဆန္ဒတစ်ခုတည်းကိုရာ သိပြီးကေ နွီးထွီးမှု၊ သံယောဇာဉ်ဆိုစွာကို ပပါးလလှပ်လို့ ထင်ခမိစွာ၊ အဂုမှ ဇာလောက် ခံရခက်လေ ကိုယ်တိုင်အသိဆုံး။ ယကေလေ့ အနောက်မှာ ဖေါင်ကိုဖျက်ပစ်ခဗျာယ်ဖြစ်လို့ ပြန်လှည့်ဖို့ အကြောင်းကမဟိဗျာယ်။

လေဆိပ်ကိုရောက်ကေ လုပ်စရာဟိစွာတိကို လုပ်ယင်းနန့် အချိန်ကုန် ယင်လိုက်တေပင်က။ လေယာဉ်ကိုဝင်ဖို့ အချက်ပီးနိန်ဗျာယ်။ နောက်ကို လှည့်မကြည့်၊ လက်တောင်မပြခ၊ ရှိကိုရာစူးစိုက်ပြီးကေ ထွက်လာခရေ။ မာန်တင်းထားရေကြားက သစ္စာဖေါက်ပနာ ခြီမကို စက်ခနန်းကျလာရေ ရီစက်တစ်ပေါက် သင်းချိုမျက်နှာကို နောက်လှည့်ခွင့်မပီး။ အကြိမ်ကြိမ် နောက်လှည့်ပနာ ပြီးပလိုက်တေ ခြီလှမ်းတိစွာ စိတ်ကူးတိရာဖြစ်နိန်ယင့်။ ပြန်လှည့်ပြီးချင်ရေစိတ်ကို အလိုလိုက်ဖို့ သတ္တိ လုံလုံလောက်လောက် မဟိခ။ သံယောဇာဉ်တိနန့် ချိုင်ထားရေ အေခြီထောက်တိ လီးလိုက်တေပင်က။ ယင်းခြီထောက်တိကို အဓမ္မသယ်(ဆွဲငင်)ယင်း လေယာဉ်ပျံထဲကို တစ်လှမ်းချင်း လှမ်းဝင်မိခရေ။ မိုက်မဲစွာကလွဲလို့ သတ္တိမဟိရေ သင်းချို လေယာဉ် ကောင်းကင်ကို ပျံအတက်ခါမှ နှလုံးသားပြုတ်ကျကျန်ခယင့်လေ…..

သင်းချို


စာရီးခြင်းစွာ သင်းချိုအတွက် နှလုံးသားလမ်းကြောင်း ဖွင့်ရေနိန်ရာ၊ စိတ်ထွက်ပေါက်ပီးရေနိန်ရာ၊ ဆန္ဒတိကို တချက်ချေ ချွေးသိပ်ပီးရေနိန်ရာ။ ခေါင်းစဉ်တစ်ခုအောက်မှာ အေဘောင်ထဲက မထွက်ဘဲ စာရီးပီးပါဆိုကေ သင်းချို သုညရာရဖို့အသေချာ။ စာရီးဖို့ စည်း၊ ဘောင် အတားမဟိရေ သင်းချို စာရီးမကောင်းပါ။ သင်းချို စာကို ဆန္ဒနန့်ရီးရေ၊ အိပ်မက်နန့်ရီးရေ၊ နှလုံးသား ကို သွီးလို့ရီးရေ။ သင်းချို စာကို ဆန္ဒနန့်ဖတ်တေ၊ ရင်ဘတ်နန့်ဖတ်တေ၊ နှလုံးသားတန်းခါးကို ဖွင့်လို့ဖတ်တေ။ တခါတလီ စိတ်ထဲမှာဟိစွာကို ချရီးရေ၊ တခါတလီ ခံစားရစွာကို ချရီးရေ။ အချေခါကနိန် အကျယ်ကြီးမငိုတတ်။ ခံစားရကေ စာအုပ်ထဲမှာချရီးထားလိုက်တေ။ ယင်းပိုင်အလုပ်တိအတွက်နန့် မိသားစုပါးမှာ ဝိုင်းရယ်ခံခရရေ။ “သမီးကြီးကေ ဇာလုပ်ဖို့လဲ”ဆိုရေ မိန်းခွန်းကို “ကလောင်ကိုင်ဖို့” လို့ ကြကြီးကျကျယ် ပြန်ဖြေမိရေအတွက် ၉နှစ်သမီးချေ အသတ်ခံဖူးခရေ။ ဆရာဝန်လုပ်ဖို့လို့ပြောခိုင်း၊ ရည်ရွယ်ခိုင်းရေ စကားတိကို ခါးခါးသီးသီးခေါင်းခါပြီးကေ ကလောင်ကိုင်ဖို့လို့ လှိုက်လှိုက်လှဲလှဲ ခေါင်းမာ ပနာ ကိုယ့်ရင်ဘတ်ကိုကိုယ် ကတိအခါခါပီးခရေ။ ယင်းအရွယ်ကနိန် မာခရေ ခေါင်းကို မွီးပီးလိုက်တေ မိဘကိုယ်တိုင်က လက်ဖျားခါခကတ်ပါယင့်။ စာတိရီးရေ၊ အဆုတ်ခံခရရေ။ ဘောင်မဝင် စည်းမဟိရေစာတိ လစ်လျူရှု ခံခရရေ။ စာကိုရီးရေ အတွေး၊ ဆန္ဒ၊ နှလုံးသားမှာလေ့ ဘောင်မဟိရေအတွက် သင်းချိုစာတိ ဘောင်မဟိစွာကတော့ကေ မဆန်းပါလေ။ တချို့က လှောင် ကတ်တေ၊ တချို့က အားပီးရေ၊ တချို့ကတော့ကေ ဖာသိဖာသာ။

လောကကြီးထဲက မျက်ဝန်း၊ နှလုံးသားနန့် ခံစားချက်တိကို ရင်ဘတ်ချင်း၊ နှလုံးသားချင်း၊ ခံစားချက်ချင်း ဖတ်ပီးရစွာကို မက်မောမိရေ။ နှလုံးမှာ အခန်းဇာနှစ်ခန်းလဲ သင်းချို စိတ်မဝင်စားခ။ နှလုံးသားထဲက ငိုသံ၊ ညည်းညူသံနန့် တောင့်တသံတိကို နားစိုက်ထောင်ဖို့ရာ အားယူခရေ။ သူရို့ရင်ထဲမှာ မြိုသိပ်ထားရစွာတိ ဇာလောက်များလေလို့ရာ ရှာချင်ခရေ။ နှလုံးသားချင်း နားထောင်၊ နှလုံးသားနန့် ဘာသာပြန်ဖို့ ကြိုးစားနိန်ခရေ။ အချိန်တိရာ ကုန်မှန်းမသိ ကုန်လားရေ။ စာရီးစွာ စာအုပ်တိလေ့ တစ်အုပ်ပြီးတစ်အုပ် ခုံထက်မှာ ပုံတက်လာရေ။ သင်းချို စာရီးလက်ရာ တက်မလာခ။ တိုးတက်လာစွာတစ်ခုက လူတိ၊ မိသားစုတိနန့် အယူအဆတိ သွေဖီလာရေ။

ကျောင်းခန်းထဲက အဆိုးဆုံးလို့ ပြောတတ်ကတ်တေ ကျောင်းသား နန့်တတူ မုန့်ဝယ်စားတတ်လာရေ။ သူ့အကြောင်း ကိုယ့်အကြောင်း ထိုင်ပြော ဖြစ်ကတ်တေ။ သူ ကျောင်းထွက်ပြီးရေအကြောင်းတိကို မိန်းဖြစ်၊ ပြောဖြစ် ကတ်တေ။ လူတိက ကောင်းရိုင်းရေ ဆိုးရေလို့ ပြောကတ်တေသူက နောက်ဆုံးခါ သင်းချိုကို ညမချေလို့ ခေါ်တတ်လာရေ။ သူ့မှာလေ့ သူ့ အယူအဆ သူ့ဇာတ်လမ်းချေနန့် သူ။ သူကမိန်းဖူးရေ “ မမချေတိက ငါ့ကို ကြောက်ကတ်တေ၊ နင်ငါ့ကို မကြောက်လား” လတ်။ ငါ နင့်ကို တစ်ခါလေ့ မကြောက်ခလို့ သင်းချို ပြန်ဖြေလိုက်တေခါ သူကောင်းရယ်ရေ။ သူ့ အကြောင်းတိကိုလေ့ စာအုပ်ထဲမှာ ရီးထားခရေ။ သူ့ကို ဇာဖြစ်လို့ ဆိုးရေလို့ သတ်မှတ်ခကတ်လေ မသိ။ သူ့ကိုသတ်မှတ်ထားကတ်တေ “ဆိုးရေ” ဆိုရေ ဝေါဟာရနန့်၊ ဆိုးကြောင်းကိုသိသာအောင် ဖေါ်ထုတ်ပြကတ်တေ အကြည့်တိ က သူ့ကို ပိုဆိုးစီဖို့ တွန်းအားတိ မဟုတ်လားဆိုရေ မိန်းခွန်းတိ၊ အယူအဆတိ ခေါင်းထဲကို တန်းစီလို့ ဝင်ရောက်လာရေ။ အမှန်ဆိုကေ ဆိုးရေ ဆိုရေစကားတိက သူ့ကို ဆိုးဖို့ပါမစ် ပီးလိုက်တေပိုင်။

အခန်းထဲက အလိမ္မာဆုံးနန့်လေ့ စကားတိပြောဖြစ်ကတ်ယင့်။ တခါတလီ သူလုပ်ချင်ရေ ဆန္ဒအမှန်တိကို အလိမ္မာဆုံးဆိုရေ သူ့ဂုဏ်ပုဒ်နန့် တားဆီးချိုးဖျက် ခံထားနိန်ရရေ။ တခါတလီ သူ့မှာ ယင်းဂုဏ်ပုဒ်နန့် လိုက်အောင် စောင့်စည်းနိန်ရစွာက ဝန်ထုပ်ဝန်ပိုး။ သူလေ့ သနားဖို့ကောင်း ပြန်ရေ။ သူ့မျက်လုံးတိကလွဲကေ သူ့စကားလုံးတိ၊ အမူအယာတိက ပွင့်လင်းဖို့ ခက်ခဲရေလို့ သင်းချိုထင်မြင်မိခရေ။ စာအုပ်စင်မှာ သူ့အကြောင်းကိုရီးထားရေ စာအုပ်တစ်အုပ်တိုးလာခပြန်ရေ။ စာရီးလက်ရာက တက်မလာသိမ့်။

သင်းချိုရို့အိမ်နားက အကျော်ဆိုင်မှာ အလုပ်လုပ်တေ စားပွဲထိုးချေ တိနန့်လေ့ စကားပြောဖြစ်တေဗျာယ်။ သင်းချိုထက် အများကြီးငယ်ရေ ၁၁ နှစ်၊ ၁၂ နှစ် အရွယ် ယင်းအချေတိ ပက်ခုံးထက်မှာ သင်းချိုထက်ကြီးရေ တာဝန်တိနန့်။ သူပြောလိုက်ကေ သူ့မေမေ၊ သူ့ညီချေ၊ သူ့ညီမချေ။ ပင်ပန်းကေလေ့ ယင်းအကြောင်းကိုပြောတိုင်း သူ့မျက်ဝန်းထဲမှာ အရောင် အမျိုးမျိုးဖြတ်ပြီးလားရေ။ သူ့နှလုံးသားကအရိပ် မျက်ဝန်းမှာ လာထင်ဟပ်တေ ထင်ယင့်။ ပြောနိန်ယင်းနန့် မျက်ရည်တိ စီးကျလာဖို့ဗျာယ်ပိုင်၊ ချက်ချင်းပင် ပန်းတိပွင့်လားဖို့ အပြုံးတိနန့်၊ တိုက်ပွဲဝင်ဖို့ စစ်သူကြီးတစ်ယောက်ပိုင်လေ့ ရဲရင့်နိန်ယင့်။ ယင်းအချိန်ဆိုကေ သူ့မျက်လုံးချေတိ သက်တန့်တစ်စင်းပိုင် အရောင်စုံလို့၊ အရည်ကြိုင်တိလဲ့လို့ ကောင်းလှရေ မျက်ဝန်းချေတိရာမနား။ ဘေးကပံ့ပိုးဖို့ eyes shadow မလို၊ ကာလာ မလို။ အေပိုင်မျက်ဝန်းချေတိကို ကြည့်ရစွာ ကမ္ဘာကျော်ဆိုရေ လျှို့ဝှက်ချက်တိနန့် အဓိပ္ပါယ်ဖေါ်ရခက်တေ (ပွင့်လင်းမှုမဟိရေ) မိုနာလီဇာအပြုံးကို ကြည့်ရစွာထက် ပိုသဘောကျမိ သိမ့်ရေ။ သူစားပွဲထိုးနိန်ရေအချိန်တိဆိုကေ အပြုံးဆိုရေ မျက်နှာဖုံးကို တပ်ထားယင့်။ ယင်းအချိန် သူ့အပြုံး၊ သူ့လှုပ်ရှားမှုတိ ပိရိသေသပ်ကေလေ့ ရီချင်းတူကေတောင် အတက်အကျဟိရေ ပင်လယ်ပြင်ကို ကြည့်ရစွာနန့်၊ ရီသီနိန်ရေ ကန်ရီပြင်ကို ကြည့်ရစွာပိုင် ကွာခြားရေ။ သူဇာလောက်ပြုံးပြုံး သူ့မျက်လုံးတိက အဓိပ္ပါယ်မဟိ သီဆုံးနိန်ရေ။ သူ့အကြောင်းကိုလေ့ စာရီးထားလိုက်တေ။

အရာရီးဖြစ်လိုက်စွာက အိမ်နားက အမည်းရောင် ခွီးမကြီး အကြောင်း။ သူ့ကို အစခါ သင်းချို သတိမထားမိခ။ သူအချေမွီးခါမှ သူ့မိခင်စိတ်နန့် အပြုအမူက သင်းချိုကို ညှို့ငင်ယူလားစွာ။ ဇာနိန်ရာတိကို အစာလားစားလေ့တော့ခါမသိ၊ တခါတလီ ချောင်းတိကူးလို့ လာစွာကိုလေ့ မြင်ယင့်။ တစ်ရက်နိန့် သင်းချိုရို့အိမ် ရှိတတည့်မှာ အန်ပလိုက်တေဗျာယ်။ ဗြုန်းခနဲခါ သင်းချို ရွံလားရေ။ သူ့ကို လိုက်ထုတ်ပလိုက်ဖို့လို့ စဉ်းစားမိပြီးကေ အားယူလိုက်ခါမှ အဲ . . . တွိလိုက်ရရေမြင်ကွင်းက သင်းချို ဆို့နင့်လားလာ၊ မှင်သက်လားမိလာ အသေချာဝေခွဲဖို့ခက်တေ ခံစားချက်တစ်မျိုး ရင်ထဲမှာ နစ်ပနာဝင်လားရေ။ သူ့အချေ အဖြူ၊အမည်း အရောင်စုံချေတိက ခေါင်းချေတိ တိုးပနာ၊ ဝှေ့ပနာ ယင်းအန်ဖတ်ကို အလုအယက် စားနိန်ကတ်စွာကိုး။ အမိသေခွီးမကြီးက ဘေးနားချေမှာ ဆောင့်ကြောင့်ထိုင်လို့။ အမှန်က သူစားလာစွာမဟုတ် သူ့ဝမ်းထဲမှာ မြိုထားပနာ ပါဆယ်ဆွဲလာစွာ။ သူ့ရင်ထဲမှာ ပီတိဖြစ်နိန်ဖို့ထင်ယင့်။ ကျေနပ်နိန်ဖို့ထင်ယင့်။ တရားလွန်ရွံတတ်တေ သင်းချိုတစ်ယောက် နောက်ဆိုကေ ခွီးမကြီးအန်ဖတ်ကို ကြည့်ရစွာ ကဗျာကောင်းတစ်ပုဒ်ကို ဖတ်ရစွာပိုင်၊ ယင်းအပုံထဲက တန်ဖိုးဟိစွာတိ ထွက်လာဖို့ပိုင်၊ ကောင်းလှရေ ညစာရှုခင်းကို ကြည့်ရစွာထက် အရသာဟိရေ ပိုင် ခံစားလာရရေ။ ယင်းအန်ဖတ်ပုံထဲမှာ ထကြွပနာ ပျံ့နှံ့နိန်ရေ မေတ္တာနန့် စေတနာကို ထထင်းရှရှားမြင်နိန်ရယင့်။ အေပိုင် သဘာဝကို မေတ္တာကို မြင်ခွင့်၊ ကြည့်ခွင့်၊ မြင်အောင်ကြည့်ပီးခွင့် ရစွာအတွက် ကကောင်း ကျေနပ်မိခပါရေ။ ယင်းအလုပ်ကို သူနိန့်တိုင်းမပျက်မကွက် လုပ်နိန်ခစွာ။ ယကေ သူ့အတွက်လေ့ စာရီးပလိုက်တေဗျာယ်။ ရီးစွာတော့ကေ ရီးရေ၊ သိရေအတိုင်း လက်ရာကတက်မလာပါသိမ့်။

အေပိုင်နန့် ကျောင်းတက်ခါ ကျောင်းက ဒပြုတ်ပင် အကြောင်းကို လေ့ ရီးရေဗျာယ်။ အုပ်စုလိုက် ထီးကို မယ်ဒလင်ပိုင်တီးလို့ တေးခင်းဆို ကတ်စွာအကြောင်း၊ ချိန်းကြိုးပြုတ်ကျရေ စက်သီးအကြောင်း၊ ဟိုအကြောင်း၊ အေအကြောင်း ရီးလာခစွာ။ အိမ်မှာလေ့ အပြောခံပနာ ရီးခပါယင့်။

အလုပ် စလုပ်ဖူးရေအချိန် ရောက်စွာနန့် ငွေခိုးပြည့်နိန်ရေ မျက်လုံးတိကို စမြင်ဖူးလာခရေ ။ မြင်ကွင်းအသစ်၊ လောကအသစ်ကို မြင်ရခါ ရီးချင်စွာလက်တိ ယားစိ၊ ယားစိ။ လူတစ်ယောက်ရင်ထဲက ကိုယ်ကျင့် ကတိသစ္စာထက် ကတိအတွက် စာရွက်ထက်မှာ ထိုးထားရေ ယင်းလူ လက်မှတ်ကို ပိုလို့ယုံကြည်လက်ခံရေ အသိုင်းအဝိုင်း။ ထိုလူကို ထိုပိုင်၊ အေလူကို အေပိုင် စွပ်စွဲပလိုက်တေ အတွေးတိ၊ အကဲစမ်းရေ မျက်ဝန်းတိ။ တမင်တကာ မြင်အောင်ပြလာ၊ ဖုံးယင့်သားနန့် မလုံစွာလာမသိ ထထင်းကြီး မြင်လာရရေ။ ယင်းမျက်ဝန်းတိနန့် နိန်သားကျနိန်ရေ သူရို့ကို ကြောက်လေ့ ကြောက်ခရေပိုင်၊ သနားလေ့ သနားမိခရေ။ သူရို့တိကို မိန်းကြည့်ချင်ရေ မိန်းခွန်းတိလေ့ ရင်ထဲမှာ အပြည့်ဟိနိန်ခယင့်။ လူတိစွာ အိပ်နိန်ရေ အချိန်ဆိုကေ ဟန်ဆောင်မှုမဟိ ပကတိ ရိုးသားနိန်တတ်တေဆိုပနာ ကြားဖူးထားလို့ (အိမ်ကလူအားလုံးကို လိုက်ကြည့်ထားလိုက်ဗျာယ်) ယင်းသူရို့တိ အိပ်နိန်ရေ မျက်နှာချေတိကိုလေ့ မြင်ဖူးချင်ခရေ။ လောဘ၊ ငွေခိုးတိ ကင်းစင်နိန်ရေ သူရို့မျက်နှာချေတိက ဇာပိုင်ချေဟိဖို့လဲချင့်။ သူရို့တိ လေ့ တစ်ချိန်လောက်တော့ကေ ရိုးသားကတ်ဖို့စွာရာလေ။ အိပ်ယာက ထစွာနန့် မျက်နှာဖုံးကို ကောက်စွပ်ထားရရေ သူရို့ဘဝတိကို သနားမိလို့လေ့ စာရီးထားလိုက်ယင့်။ သူရို့ကတော့ကေ သူရို့မျက်နှာဖုံးတိနန့် သူရို့ နိန်သားတကျ ။

စာအုပ်တိထဲမှာလေ့ ဈီးကအသုတ်စုံပိုင် အကြောင်းအရာအစုံ၊ ရခဲသုတ်တစ်ခွက်ပိုင် အရောင်တိစုံလို့။ အယင်လေ့ ရီးခရေ၊ အဂုလေ့ ရီးနိန်တုန်း၊ နောက်လေ့ ရီးနိန်ဖို့သိမ့်။ အေနှလုံးသားကို၊ အမြင်တိကို ဘောင်ခတ်ထားလို့ မရရေ သင်းချို၊ ဘောင်မဝင်ရေ စာတိကို ရီးနိန်မိတုန်း သိမ့်ပါ။ စာအုပ်ဝယ်၊ ခဲတံဝယ်၊ ဘောပင်ဝယ်နန့် မုန့်စားဖေ့သာတိလေ့ စာရီးခုံထက်မှာ ဘဝပြောင်းလို့ရာလားခရေ သင်းချိုကတော့ကေ ညံ့ဖျင်းတုန်း၊ ခေါင်းမာနိန်တုန်းပါဗျာယ် ။

သင်းချို

အဂုတလော တချို့ရခိုင်သားချေတိ မိန်းစွာ မိန်းခွန်းတစ်ခုကို ကောင်းကြုံလာရပါရေ ။ အားလုံးကို မဆိုလိုပါ။ မိန်းခွန်းက "ရခိုင်သမချေတိက ရခိုင်သားချေတိကို မကြိုက်ကတ်ပါလာ" ။ အေမိန်းခွန်းအတွက် ဖြေဖို့အဖြေ အကျွန့်မှာ အဆင်သင့်ရှိပါရေ ။ ယကေလေ့သော့ ယင်းအဖြေစွာ မမချေ အားလုံးကိုယ်စားလို့ မဆိုနိုင်ပါ ။ အကျွန်နန့် ထိစပ်ဆက်နွယ်နိန်ရေထဲက မမချေ အများစုကို ခင်မင်ယင်း ၊ ပေါင်းသင်းယင်း ရလာရေ အချက်ချေတိပါ။ အကျွန်ကိုယ်တိုင်လေ့ လက်ခံရေ အချက်ချေတိပါ ။

ရခိုင်သမချေတိအတွက် ယောက်ျားချေတစ်ယောက်ရေ ရခိုင်သားဖြစ်ခါကပင် ၄၀ % အော်တို အားသာချက်ရှိခပါဗျာယ် ။ ရခိုင်သမချေတိက ရခိုင်သားချေတိကိုရာ လိုချင်ကတ်ပါရေ ။ ယကေလေ့ တစ်ဘဝလုံးလက်တွဲလားဖို့ ယင်းရခိုင်သားချေရေ ရခိုင်သားဖြစ်နိန်ရုံနန့်တော့ကေ တစ်ဘဝစာ မလုံလောက်နိုင်သိဆိုစွာကို လက်ခံနိုင်ကတ်ဖို့ထင်ပါရေ ။

အဂုခေတ်မှာ မမချေအများစုစွာ ပညာရေးကို တစိုက်မတ်မတ်လိုက်စားပနာ ကိုယ့်စွာကိုယ်ရပ်တည်နိုင်စွမ်း ပိုရှိလာကတ်ပါရေ ။ နိုင်ငံတကာမှာ ရင်ဘောင်တန်းပနာ ရပ်တည်လာနိုင်စွမ်းရေ ယင်းမမချေတိ ရင်ထဲကို ထိုးဖေါက်ဝင်ဖို့ အမောင်ရခိုင်သားချေစွာ "ကကောင်းချစ်ပါရေ ၊ မြတ်နိုးပါရေ ။" ဆိုရေ စကားတစ်ခွန်းတည်းနန့်ရာဆိုကေ နောက်ထပ် ၅ % ထပ်ပေါင်း (၄၅ %)။ ယင်း ၄၅ % ကပင် ထပ်တက်လီဖို့ မဟုတ်ပါဗျာယ် ။

လူတစ်ယောက်ကို အထင်ကြီးမိလားကေ ၊ လေးစားမိလားကေ အခြားအရာတိထက် ထိုးဖေါက်နိုင်စွမ်း ပို လျင်ပါရေ ။ ယုံကြည်မှုလေ့ ပိုရှိလာပါရေ ။ ယင်းချင့်စွာ ယောက်ျားချေနန့် မမချေကြားမှာမှ မဟုတ် ။ လူကြီးနန့် လူငယ်ကြား ၊ ဆရာနန့် တပည့်ကြား ၊ ယောက်ျားချေချင်းချင်း ၊ မမချေချင်းချင်း ကြားမှာလေ့ ယင်းပိုင်ပါဗျာယ် ။ ကိုယ့်စွာကိုယ် သုံးသပ်ကြည့်ကတ်ပါမယ် ။ ကိုယ်လေးစားတန်ဖိုးထားရေ လူတစ်ယောက်ကပြောရေ စကားအပေါ်မှာ အလေးအနက်ထားမှုနန့် သာမာန်လူတစ်ယောက်က လာပြောရေ စကားအပေါ်မှာ အလေးအနက်ထားမှု ။ "ပုဂ္ဂိုလ်ခင်မှ တရားမင်" ဆိုစွာ အေကရလာရေ စကားပုံ မဟုတ်ပါလားယေ ။ ယင်းနည်းတူပါဗျာယ် ကိုယ့်စွာကိုယ်ရပ်တည်နိန်နိုင်ရေ ၊ မိသားစုအတွက် တစ်တပ်တစ်အားဖြစ်နိန်ရေ မမချေတိစွာ နှလုံးသားကို ဦးနှောက်နန့် ချိန်ထိုးတတ်ကတ်ပါရေ ။ သူရို့ကို မှားရေ ၊ ဂုဏ်မက်တေ ၊ ငွေမက်တေလို့ ပြောပါဖို့လား ။ နှလုံးသားကို ကိုးကွယ် ၊ အချစ်အတွက် အသက်ကိုစွန့်ရေလို့ ပြောတတ်ကတ်တေ အရွယ်ကို ကျော်လွန်ပနာ ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိန်နိုင်ရေ မမချေတိစွာ ချစ်တေ၊ မချစ် ဆိုပနာ တစ်ချက်ချေ ကာလတိုကိုထက် တစ်ဘဝစာ ခခိုင်မြမြဲ လက်တွဲဖေါ်ကိုရာ ရွီးချယ်ချင်ကတ်ပါရေ ။ ယင်းချင့်ရေ မှန်ကန်ရေ လုပ်ရပ်ချေလို့လေ့ လက်ခံထားတတ်ကတ်ပါရေ ။

မမချေတိရဲ့ သဘောသဘာဝအရ ဇာလောက်ပင် ထက်မြက်ပနာ တော်ရေမမချေ ဖြစ်လီပါပတ်စီ (မသိစိတ်က) မှီချင်ရေ သဘောရှိပါရေ ။ မှီရေ ဆိုခါကပင် အမှီခံဖို့အရာရေ ကိုယ်မှီနိုင်လောက်တေလို့ ယုံကြည်စိတ်ချနိန်နိုင်ဖို့ လိုပါရေ ။ ယင်းစိတ်တိကို ပထမဆုံး ညို့ငင်ပနာ သိမ်းကြုံးယူလားဖို့စွာက အချစ်ဆိုရေ ဖွဲ့နွဲ့ရေ စကားတိ မဟုတ်ပါ။ "အထင်ကြီး လေးစားမှု"။ အထင်ကြီး လေးစားမှု ဆိုစွာ ငွေကြေးကို ဦးတည်စွာ မဟုတ်ဆိုစွာကို နားလည်ကတ်ပါလိမ့်မေ ။ ရခိုင်သားကောင်းချေတိ အနေနန့် မမချေတိ အထင်ကြီးလေးစားမှုကို မရယူခင် ပထမဆုံး ကိုယ့်စွာကိုယ် ယုံကြည်စိတ်ချမှု ၊ ကိုယ့်စွာကိုယ် လေးစားမှုတိရှိဖို့ အယင်လိုပါလိမ့်မေ ။ ကိုယ့်အပြုအမူတိကို သူရာ အထင်သေးစိတ် စဝင်လားကေ နဂို ၄၅ % တောင် အနှုတ်ပြလားနိုင်ပါရေ ။

"ဇာကိုလေ့မလို ၊ အချစ်တစ်ခုရာ ပါပတ်စီ" ဆိုစွာ ဆယ်ကျော်သက် အရွယ် (သို့) တေးခင်းထဲမှာ ကျန်ခပါဗျာယ် ။ ဘဝတစ်ခုလုံးကို ချီတက်လားဖို့အတွက် ကိုယ့်ကို လုံခြုံရေ အကာအကွယ်မျိုး ၊ တခါတလီ ကိုယ်လားနိန်ရေ လမ်းကြောင်းမှာ တွေဝေမိလားကေ လမ်းကြောင်းချပီးနိုင်ရေ ဦးဆောင်မှုမျိုး ၊ ကိုယ့်ပင်ပန်းမှုတိကို နှစ်သိမ့်ဖေးမပီးနိုင်ရေ နွီးထွီးမှုမျိုး ၊ ဘဝအတက်အကျတိုင်းမှာ ကိုယ့်လက်ကို နနောင်းကိုင်ပနာ ကိုယ့်ရှိမှာ မားမားမတ်မတ်ကာကွယ်ပီးရေ ရဲရင့်မှုမျိုးတိကို မမချေတိ တောင့်တမိကတ်စွာရာဆိုကေ ယင်းမမချေတိကို မှားရေလို့ စွဲချက်တင်ကတ်ပါဖို့လား ။ ယင်းမမချေတိရေ ကိုယ်နန့် ဘဝတစ်လျှောက်လုံးကို တတူတွဲလားရေ အိမ်ဦးသခင်ကို ရိုသေဝပ်တွားချင်ကတ်ပါရေ ၊ အားကိုးတွယ်တာချင်ကတ်ပါရေ ၊ သူ့အခက်အခဲ ကိုယ့်အခက်အခဲ ဝီမျှယူချင်ကတ်ပါရေ။

ရခိုင်သားချေတိမှာ လေးစားဖို့ကောင်းရေ၊ ထက်မြက်တေ ၊ ကိုယ့်ကျွမ်းကျင်မှုနန့်ကိုယ် တော်ရေ ရခိုင်သားချေတိ အများကြီး ရှိကတ်ပါရေ ။ မူးလာကေ ဟောင်ဖွါ ဟောင်ဖွါ ရခိုင်သားမှ ရခိုင်သား အမျိုးချစ်တေလို့ အော်တတ်တေရခိုင်သား ၊ လိုအပ်ရေအချိန်မှာ အလုပ်ကြီးကြီးလုပ်ကတ်ကေ ပစ္စလက္ခတ်ဆဲစွာနန့် အယင်စပနာ သူရို့ဝင်ကူညီရေလို့ ယုံကြည်ကတ်တေ ရခိုင်သား ၊ လူအများနန့်လုပ်ကတ်ကေ အုပ်စုလုံးတိုင်ပင် နှီးနှောစွာထဲမှာ ပါမလားပဲ "ကိုယ့်တစ်ယောက်တည်း တစ်မင်း" ရခိုင်သား ၊ ကိုယ်လေ့ ဦးမဆောင် လူများတိ အလုပ်ကို အဆိုးမြင်နန့် ပုံသေကြည့် ဇာနေရာမှာ ဇာပိုင်လို့ ဝေဖန်ကဲ့ရဲ့တတ်တေ ရခိုင်သား ၊ အကောင်းမြင်ဘက်က ကြည့်ပနာ အေနေရာချေမှာ အေပိုင်ဆိုကေ ပိုကောင်းလားဖို့လားလို့ အကြံပီးတတ်တေ ရခိုင်သား ၊ ဇာပင်လုပ်လုပ် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်စီရေ ရခိုင်သား ၊ အငြင်းအခုံကြိုက်တေ ရခိုင်သား ၊ ဆွေးနွေးမှုကို အပြုသဘောနန့် လက်ခံရေ ရခိုင်သား ။ ရခိုင်သားတိ အများကြီးပါ ။ ကိုယ့်စွာကိုယ်ပဲ ပြန်သုံးသပ်ကတ်ပါမယ် ။

အကျွန်ရို့တိ လေးစားတန်ဖိုးထားရရေ ရခိုင်သားတိ အများကြီးရှိပါရေ ။ ယင်းပိုင် တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားလေးစားပနာ ဘဝတစ်ခုကို ခခိုင်မြမြဲတည်ဆောက်လားရေ မိသားစုတိလေ့ အများကြီးပါရာ ။ ရခိုင်သမချေအများစုလေ့ ရခိုင်သားချေတိထဲကရာ ရွီးချယ်ကတ်ပါလိမ့်မယ် ။ ကိုယ်တန်ဖိုးထားရေ မမချေက ရွီးချယ်လိုက်ခရေ ရခိုင်သားချေ တစ်ယောက်စွာ ကိုယ်မဟုတ်လိုက် ကိုယ်မဖြစ်လိုက်ဖို့စွာကိုရာ စိုးရိမ်စီချင်ပါရေ ။ "ရခိုင်သမချေတိက ရခိုင်သားတိကို မကြိုက်ကတ်ပါလာ" လို့ ပြောရေ ရခိုင်သားကောင်းချေတိအတွက် အကျွန် မိန်းခွန်းအောက်ပီးလိုက်ပါယင့်ကား ......

PS: ဇာသူတစ်ဦးတစ်ယောက်ကိုလေ့ ထိခိုက်စီဖို့ မရည်ရွယ်ပါ ။ ဖတ်လို့ စိတ်ထဲမှာ မကျေမနပ်ဖြစ်ခကတ်ကေလေ့ မဆဲကတ်ဖို့ မေတ္တာရပ်ခံပါယင့် ။

သင်းချို


Online ကို တက်လာခစွာနန့် ဆရာကြီးဓါတ်ပုံကို အယင်မြင်လိုက်ရရေ ။ ဇာမှန်းတော့ကေ မသိသိ ။ စာကို ဖတ်ကြည့်လိုက်ခါမှ နှမြောတသ ဝမ်းနည်းမိပါရေ ။ ကြယ်တစ်ပွင့် ကြွီကျလားရေဆိုစွာထက်ကို ပိုပါသိရေ ။ IT ခေတ်ဖြစ်လို့ Face Book ထက်ကနိန် သတင်းတိကို အချိန်နန့်တပြေးညီ ရလာစွာရေပင် ကျေးဇူးတင်စရာ ။ ဆရာကြီးကတော့ကေ နှုတ်မဆက်ခပါဘဲနန့် နှုတ်ထွက်လားခယာ ။ ရခိုင်ပြည်အတွက် ထွန်းလင်းတောက်ပခရေကြယ်တိ တစ်ပွင့်ပြီးကေ တစ်ပွင့် ကြွီကျလားကတ်ဖို့ယာဆိုကေ ယင်းအလင်းအားတိနန့် အတတ်နိုင်ဆုံးပီးထားခကေတောင် မှုန်ဝါးဝါးငါရို့ညည့်တိ အေထက်မှောင်လားကတ်ဖို့ယာလား .....

ဝမ်းနည်းမိပါရေ ဆရာကြီး ။ ဆရာကြီးလင်းနိုင်ခရေ အလင်းအားတိထဲက တစိတပါဒလောက်စုပ်ယူပနာ အပုံတစ်ရာပုံလို့ တစ်ပုံလောက်ပင်တောင် ပြန်မလင်းပီးနိုင်ရေ ကိုယ့်စွာကိုယ် ကောင်းရှက်မိပါရေ ။ ရခိုင်တိထဲမှာလေ့ အကျွန့်ပိုင် ဟိုယောင်ယောင် အေယောင်ယောင် ကိုယ့်စွာကိုယ် ဇာမှန်းတောင် သေချာမသိရေလူတိလေ့ များရေ ။ ဇာတစ်ခုကိုလေ့ "ဂ,ဃ - န,ဏ" အသေချာမသိဘဲ တတ်ယောင်ကားပါလေ ။ အကျွန့်ပိုင်လူတိစွာ ဇာကိုမဆို သိရေပိုင်ပုံစံနန့် အမှန်တိတိကျကျတတ်စွာဆိုလို့လေ့ တစ်ခုချေတောင် မရှိဘဲ သိသလိုလို .... လိုလို ဆိုရေအဆင့်နန့် ကိုယ့်စွာကိုယ် ကျေနပ်နိန်ကတ်တေလူမျိုးပါ ။ ဟုတ်တိပတ်တိသိစွာတစ်ခုလောက် လုပ်ပြဖို့ကျကေ လုပ်စရာ ပြစရာ ရှာမရရေလူမျိုးပါလေ ။ အေပိုင်လူတိစွာ မသိရေလူတိကိုထက် သင်ပြရခက်ပါရေ ။ ဆရာကြီးရို့ပိုင် အလင်းသျှင်တိ ရှိနိန်ရေအချိန်မှာတောင် မျက်စိကိုစုံမှိတ်ချထားခကတ်တေ ရခိုင်တိ ၊ စကေချေဖွင့်လာရေမျက်စိမှာလေ့ ငြောင့်တန်းလန်းနန့်သိ ။ အမြင်တိက ဟိုကိုငြိ အေကိုငြိ ။ အခြားလူတိတော့ကေ အကျွန်မသိပါ ။ အကျွန်သိစွာက ကိုယ့်စွာကိုယ်ရာသိရေ ။

အေနိန့်ခါ သူငယ်ချင်း Myat Nway နန့် ဖုန်းပြောဖြစ်ကတ်တေ ။ ထောင်ကျနိန်ရေသူငယ်ချင်းတိလွတ်လာစွာ အကြောင်း ၊ ထောင်ထဲမှာ ကျန်ခရေ သူငယ်ချင်းတိအကြောင်းကို ပြောယင်းနန့် ဆရာကြီးအကြောင်းကိုရောက်လား ခကတ်ပါရေ ။ ပြောယင်းနန့် သူ့ပါးက လေးလေးနက်နက်ထွက်လာရေ စကားချေတစ်ခွန်းက အကျွန့်ကို အေစာရီးစီဖို့ အဓိက ရီသောက်မြစ် ဖြစ်လားပါရေ ။ သူပြောလိုက်တေစကားက "ဆရာကြီး သီဖို့ခါ ရခိုင်တိကို စိတ်ကချခယင့်လားချင့်နန်း " ပါလတ် ။ အကျွန်လေ့ စဉ်းစားမိလားခပါရေ ။ စိတ်ချလီဖို့ပါလားချင့် ။ လက်ကြောမတင်းရေ သားသမီးတရွီကို ရှာကျွေးနိန်ခရေ အဖသည်တစ်ယောက်ရေ သူ မရှိခါ ဇာပိုင်စားသောက်ကျန်ခဖို့လဲ စိုးရိမ်ကြောင့်ကြနိန်ရေပိုင်မျိုး ဆရာကြီးလေ့ အေလက်ကြောမတင်းရေ သူ့ သားသမီးတရွီအတွက် စိတ်ချလက်ချ ထားခလီဖို့လားချင့် ။ သြော် နောက်ဆုံးအချိန်တောင် စိတ်ချလားပါလီလို့ အာမခံပီးနိုင်လောက်အောင် လိမ်မာမှုမရှိရေ သားဆိုး သမီးဆိုးတိအတွက် ဆရာကြီး နောက်ဆံငင်နိန်လီဖို့လားဆိုရေအတွေး ခေါင်းထဲကို ဝင်လာစွာနန့်တောင် အားနာမိပါရေ ။

တခါတလီဆိုကေ ကိုယ့်အချင်းချင်း အယူအဆချေ မတူစွာနန့် လူသိရှင်ကြား online ထက်မှာ ထောင်းချနိန်ကတ်စွာကို ဆရာကြီးရာ တွိခလီကေ မိဘရှိတင်မှာ သားသမီးနှစ်ယောက် ရန်ဖြစ်ထွီးသတ်နိန်ကတ်ကေ ခံစားရရေ မိဘတိခံစားချက်မျိုး ဆရာကြီးမှာ ဖြစ်မိလီခဖို့ထင်မိယင့် ။ အကျွန်ရို့ပိုင် ဟိုမရောက် ဒေမရောက်တိက ခက်တေ ။ လမ်းလျှောက်မတတ်ခင် အပြီးမြန်ကြောင်း ကြွားချင်နိန်ကတ်တေပိုင် ၊ သွားမပေါက်ခင်ကပင် သစွယ်ကို ပြချင်နိန်ကတ်ပြန်ယာလေ ။ ငါ့ကို ဇာထင်နိန်လေ ဆိုရေအတွေးမျိုးက ခန္ဓာကိုယ် သွီးကြောအနှံ့မှာ ဗီဇတစ်ခုပိုင် ငြိတွယ်လားခကတ်ကေ မခက်လားလို့ ခုမှ စဉ်းစားမိပါယင့် ဆရာကြီး ။

အကျွန်လေ့ တစိချေသိပနာ ကမ္ဘာလောက်သိရေ မခံပါဘဲနန့် "ဝလုံးချေ" ကပင် စပနာ သင်ယူပါလီဖို့ပါဗျာယ် ။ နောက်ထပ်နောက်ထပ်သော ဆရာကြီးတိ စိတ်ချရအောင် အားရကျေနပ်တတ်ကတ်အောင် အကျွန်ရို့ ညီအကို မောင်နှမတိ "ရခိုင်" ဆိုစွာကို အသံကုန်အော်နိန်ကတ်ဖို့အစား တစ်ယောက်ပါးက တစ်ယောက်သင်ယူ တစ်ယောက်ကို တစ်ယောက်ကဖေးမ လို့ တစ်ယောက်ကို တစ်ယောက် လက်ချင်းချိတ်ဆက်လို့ မတူရေအယူအဆချေတိကို ညှိယူပနာ ကြိုးစားလားကတ်ပါမယ်လို့ ပြောကြည့်ကေ ဇာပိုင်သဘောရကတ်ပါလေ မသိ ။

သူငယ်ချင်းမချေ Myat Nway ကို ကျေးဇူးတင်ပါရေ ။ သူ့လေးနက်တေစကားတစ်ခွန်းကို အရင်းတည်ပနာ ရလာရေ အကျွန့်ခံစားချက်ကို အကျွန် ညီအကိုမောင်နှမတိ အားလုံးရှိမှာ ဝန်ခံလိုက်ပါယင့် ။ ဆရာကြီး စိတ်ကချလီဖို့လားနန်း .............

အကျွန့်စိတ်ထဲမှာရှိနိန်ရေ အကျွန့်ခံစားချက်ချေအတိုင်း ရီးချလိုက်စွာပါ ။ ဇာသူတစ်ဦး တစ်ယောက်ကိုလေ့ ထိခိုက်စီဖို့ မရည်ရွယ်ပါ

သင်းချို

သူ့မင်္ဂလာဆောင်

Tuesday, January 24, 2012

ခန်းမထဲကို တစ်လှမ်းချင်း လှမ်းဝင်လာခရေ ။ ကြီးကျယ်ခမ်းနားရေ အပြင်အဆင်အားလုံးက တစ်ခါသီဆုံးလားရေ ငါ့ဘဝအတွက် ဈာပနာပိုင် ။ လှပခန့်ငြားရေ ခုံမြင့်ထက်က အနီရောင် ကတ္တီပါပိတ်ကားထက်မှာ ကပ်ထားရေ ရွှေရောင် ဖေါင်းကြွစာလုံးတိကို မမှိတ်မသုန် စိုက်ကြည့်နိန်ခရေ ။ လက်ထဲမှာ ကိုင်ထားခရေ စက္ကူအိတ်ချေထဲမှာ တစ်ချိန်က နှစ်ယောက်သား တတူရီးခဖူးစွာကို ကိုယ်တိုင် ဒီဇိုင်းဆွဲပနာ print ထုတ်ထားခရေ ငါရို့နှစ်ယောက်နန့်ရာ သက်ဆိုင်ခရေ ပွဲမဝင် ဖိတ်စာချေ ။ ငါ ဇာလောက်ထိ ရူးသွပ်ခဖူးလေ ... ဇာလောက်ထိ ပျော်ဝင်ခဖူးလေ ... အချစ်ဆိုရေ ရီကြောထဲမှာ ဇာလောက်ထိ မိန့်မြောစီးပါလားဖူးခလေ ...

ငါ့လက်ထဲကို ရောက်လာခရေ ဖိတ်စာချေစွာ ငါ့ကို လာစီချင်ရေဖြစ်ဖြစ်၊ မလာစီချင်ခရေပင် ဖြစ်ဖြစ် ... အေပွဲကို တက်ဖို့အတွက် တရားဝင် အခွင့်အလမ်းတစ်ခုရာလေ ။ ယင်းဖိတ်စာချေအတွက် ကျေးဇူးတင်ပါရေ ။ ကောင်းမျက်နှာပြောင်တိုက်တေလို့ပင် သတ်မှတ်ကတ်ပတ်စီ ဂရုမစိုက်ဗျာယ် ။ အေပွဲချေစွာ မင်းမျက်နှာကို လလွတ်လလပ် ငေးမောကြည့်ဖို့ နောက်ဆုံး အခွင့်အရေးရာ ။ အေပွဲပြီးစွာနန့် ငါရေ ငါ့လွမ်းဆွတ်မှုတိကိုတောင် ဘောင်ခတ်ထားလိုက်ရဖို့ဗျာယ်လေ ။ အခွင့်မရှိရေ လမ်းကို လျှောက်ချင်နိန်ကေတောင် လူ့ကျင့်ဝတ်အရ ငါ့ကိုယ်ကျင့်တရားကို ငါစောင့်ထိန်းရဖို့ဗျာယ်မလား ။ လူသိစရာ မလိုပါဘူး ။ အေပွဲကို တက်လာခရေငါ့ကို မင်းအသိုင်းဝိုင်းတိက မကောင်းဆိုးဝါးတစ်ကောင်ကိုပိုင် ကြည့်နိန်ကတ်ဖို့မှန်းလေ့ ငါသိရေ ။ ငါ့ကို သိုးမည်းတစ်ကောင်ပိုင် ထင်မှတ်ထားကတ်ဖို့မှန်းလေ့ သိရေ ။ ယကေလေ့ ငါ့အတွက် သူရို့ပြောရေ ထင်မှတ်တေအရာတိထက် နောက်ဆုံး အခွင့်အရေးအနေနန့် ငါ့ရင်ဖတ်ထဲမှာ တစ်ဘဝလုံးစာ စွဲစွဲထင်ထင် မှတ်မိလားစီဖို့ မင်းအပြုံးချေတိကို ကြည့်လိုက်ရဖို့ မြင်လိုက်ရဖို့ အရာလောက် အရေးကြီးစွာ တခြားမရှိ ...

မင်းသိဖို့လား ... ဖိတ်စာချေ ရောက်လာရေနိန့်ကပင် အဂုထိ ဖွင့်မကြည့်ဖြစ်သိစွာကို ။ မင်းနန့်ပက်သက်တေအကြောင်းအရာတိကို သိနိန်တတ်တေငါ ဖိတ်စာကို မဖွင့်ဖတ်ဘဲ အေပွဲကို ရောက်လာခရေ ။ ဇာအချိန် ဇာနိန်ရာ သိနိန်ပြီးသား လူတစ်ယောက်အတွက် ဖိတ်စာကို ဖွင့်ဖတ်စရာ မလိုဆိုစွာ မထူးဆန်းလောက်ထင်ယင့် ။ ဖိတ်စာကို ရစွာခါကပင် နိန့်တိုင်း အချိန်တိုင်း လုပ်နိန် ကျင့်နိန်ခစွာ တစ်ခုရာ ရှိရေ ။ ငါ့ရင်ထဲက နာကြင်မှုတိ မထင်ဟပ်စီဘဲ ပြုံးတတ်ဖို့ ။ လွန်ခရေ ၃ ပတ်လောက်ကပင် ပြုံးတတ်ဖို့ နိန့်တိုင်း အချိန်တိုင်း ငါ ကြိုးစားနိန်ခရေ ။ ယင်းချင့်စွာပင် မင်းအတွက် ငါ့နောက်ဆုံးလက်ဆောင် ။ နာကြင်မှုမထင်ဟပ်တေ ငါ့အပြုံးချေနန့် မင်းကို လွတ်မြောက်ခွင့် ပီးသင့်ရေမနား ။ မင်းစိတ်ထဲမှာ တဖဲ့ချေတောင် နောက်ဆံမငင်စီချင်ဝေ ။ မင်းပျော်နိန် ကြည်နူးနိန်စီချင်ရေ ။ မင်းစွာ လောကကြီးထဲမှာ နွီးထွီးရေ မိသားစုဘဝနန့် ပျော်နိန်ရေဆိုစွာကို သိနိန်ရကေပင် ငါအမှန် ကျေနပ်နိန်လီဖို့ ။

မင်းသိထားရေအတိုင်း ငါ့ကို မာနကြီးရေလူလို့ရာ တစ်သက်လုံး စွဲမှတ်ထားလိုက်ပါ ။ မဟုတ်.... အေနိန့်ကပင် ငါ့ကို ခေါင်းထဲတောင် ယောင်ပနာ မရောက်စီကဲ့ဖိလေ ။ မင်းကို မပင်ပန်းစီချင် ။ ငါက ငါ့မာနနန့် အရာအားလုံးကို ရင်ဆိုင်နိုင်ရေလူတစ်ယောက်အဖြစ် မင်းယုံကြည်အောင်ထိ ဖန်တီးယူခဗျာယ် မလား ။ ငါ့ကို မထားခပါကဲ့ဆိုရေစကားစွာ ငါ့ရင်ဘတ်ထဲမှာ ဗလောင်ဆူ ပဲ့တင်ထပ်နိန်ခကေလေ့ မင်းခြီလှမ်းချေတစ်ခုကို ချည်နှောင်မိလတ်မယ်လို့ ငါ မြိုချထားခပြီးဗျာယ်လေ ။ ဆောက်တည်ရာမရ ဖြစ်နိန်ဖို့ မင်းပုံစံချေကို ကြည့်ဝံ့ရေသတ္တိမဟိခရေ ငါ့ပျော့ညံ့မှုတိအတွက် အေစွာ ငါရလာရေ ဆုလာဘ် ။ ငါ့ရင်ဘတ်ထဲက ချစ်ခြင်းတိကို အေအချိန်ထိရာ ငါဖက်တွယ်ခွင့် ရဖို့ဗျာယ်ထင်ယင့်လေ ။

တောက်လွင်နိန်ရေဝတ်စုံတိနန့် လူတိကြားထဲက ခန်းမဒေါင့်ဖက်ချေမှာ ငါထိုင်နိန်ခပါရေ ။ ခန်းမထဲကို လှမ်းဝင်လာခရေ မင်းရို့ကို ပြောနိန်ကတ်တေ ချီးမွမ်းထောပနာစကားတိလေ့ ငါ့နားထဲမှာဝင်နိန်ရေထင်ယင့် ။ မကြားတစ်ချက် ကြားတစ်ချက် ။ မင်းမျက်နှာကိုရာ ငါ မမက်မမော ကြည့်နိန်မိရေ ။ မင်းလေ အဂေါင့်ပင် ကောင်းကြည့်ကောင်းနိန်ယင့် ။ ယကေလေ့ မင်းဆံပင်ချေကို အေပိုင် Gel တိအများကြီးနန့် ထောင်ထားခဖို့အစား Gel ကို ကောင်းမသုံးခဘဲရာ နောက်ကိုလှန်ဖြီးထားခဖို့ဆိုကေ မင်းနန့် ပိုလို့လိုက်တေလေ ။ ပြီးကေ မင်းနက်ကတိုင် အပြားအကြီးနန့် အစား အပြားချေ အငယ်နန့် ခဲရောင်ချေစွာ မင်းနန့် အလိုက်ဆုံးဗျာယ် ။ အင်း မင်းမျက်နှာချေကတော့ကေ ငါမြတ်နိုးရေ အပြုံးချေနန့် ။ မင်းအပြုံးမှာ တစ်ခုခုပါနိန်လား ။ မင်းအပြုံးမှာ ညိုးရော်မှုချေ မြူတစ်မှုန်စာတောင် မဟိစီချင်လေ ။ ငါ့အမြင်မှားမှုသက်သက်ရာ ဖြစ်ပါစီ ။ မင်းကို တစ်ခုချင်းစီ အသေးစိတ်လိုက်မှတ်နိန်ခရေ ငါ့အတွက် မင်းဘယ်ဘက်လောက်မောင်းကို ချိတ်တွယ်ထားရေ သေးသွယ်ပျော့ပျောင်းရေ လက်ချောင်းချေတိကို အကြည့်ရောက်လားရေ ။ မင်းလက်မောင်းကို ချိတ်ဆွဲထားရေ ယင်းလက်ချောင်းချေတိက စိုးပိုင်မှုရှိလိုက်တယ်ပင်ကဝေ ။ ငါ့မျက်ရည်တိ မျက်လုံးအိမ်ထက်ကို တက်မလာနိုင်အောင်ထိ ငါအောင့်ထားလိုက်တေ ။ ယင်းလက်ချောင်းချေတိပိုင်ရှင်ကို ရည်ရွယ်ချက်မပါဘဲ ကြည့်လိုက်မိခရေ ။ ကြည်စင်နိန်ရေ မျက်နှာချေနန့် ချိုသာရေ အပြုံးပိုင်ရှင်သူက မင်းကို ဘဝတစ်လျှောက် ကြည်နူးစီဖို့ သေချာပါရေ ။ ခုံအောက်မှာချထားခရေ ငါ့လက်ချောင်းတိနန့် မာနဝတ်ရုံခြုံထားရေ ငါ့နှလုံးသား ငလျင်လှုပ်နိန်ကတ်တေ ။

မင်းလှမ်းလာခရေ ခြီလှမ်းအချက်တိုင်းကို ငါ မမြတ်နနိုးနန့် လိုက်မှတ်နိန်ခရေ ။ ငါ့ဘဝကို နင်းဖြတ်လားခကေတောင် မင်းဘဝအီးငြိမ်းရာကို လျှောက်လှမ်းလားရေ ခြီလှမ်းရာ ဖြစ်ပါစီ ။ မင်းနန့် နီးလာလီ ငါ့ရင်တိ နာကြင်လာလီ ... မဖြစ် ငါငိုလို့မဖြစ် ။ ငါ့နာကြင်မှုအခိုးအငွေ့တိ ငါ့မျက်လုံးကို အငွေ့ပျံ လျှံကျလာလို့ မဖြစ် ။ မင်းအတွက် ငါ့နောက်ဆုံးလက်ဆောင်ချေစွာ တန်ဖိုးလျော့လားလို့ လုံးဝမဖြစ် ။ ငါ့ကိုမြင်လိုက်တေ မင်းမျက်လုံးကို ငါချက်ချင်းဖတ်မိလိုက်တယ် ။ မင်းရင်ဘတ်ထဲမှာ ပင့်သက်ချေ တစ်ချက်တောင် မရှိုက်မိပါစီကဲ့ဝေ ။ ငါ့အတွက် မင်းပုံရိပ်တိကို တစ်သက်စာ မှတ်တမ်းတင်ချင်ရေ ဆန္ဒ ၊ မင်းကို နောက်ဆုံးပီးလိုက်ခချင်ရေ ငါ့လက်ဆောင်ချေတိအတွက် အရာအားလုံးကို ရင်ဆိုင်လို့ အရောက်လာခရေငါ့ကို နောင်တမရ ရစီကဲ့ဝေ ။ အခြားလူတိထင်မြင်ချက်တိ စွပ်စွဲချက်တိကို ငါအန်တုနိုင်ကေလေ့ မင်းမျက်ဝန်းကအရိပ်ချေ ငါ့ကို ပြိုလဲမလားစီပါကဲ့ ။ ငါတောင်းပန်ပါရေ ငါမြတ်နိုးတန်ဖိုးထားရေ စစ်မှန်ရေမင်းအပြုံးချေတိကို တစ်သက်စာ အမှတ်တရယူလားခွင့်ကို ငါ့ကိုပီးပါ ။

မင်းရို့နှစ်ယောက် ငါ့ဘက်ကို လှမ်းလာခရေ ။ မင်းအတွက် လက်ဆောင်ချေကို ငါပီးလိုက်တေ ။ ငါ မင်းရို့နှစ်ယောက်စလုံးကို ဂုဏ်ပြုရေ အပြုံးစစ်တစ်ခု မင်းရို့တစ်သက်လုံးအတွက် ငါပီးခရေ ။ ငါ့အရိပ်ချေတစ်ချက်၊ အသံချေတစ်ခု အပြောင်းအလဲကို သေချာဖတ်တတ်နိန်ရေ မင်း လုံးဝ မဖမ်းမိနိုင်လောက်အောင်ထိ ငါ့အပြုံးသေသပ်လွန်းမှန်း ငါယုံကြည်နိန်ရေ ။ ငါ့ကို မိတ်ဆက်ပီးရေ မင်းစကားသံ " သူ့နာမည်က XXXX ... စာတိရီးရေ ... သူ့အထူးခြားဆုံးက မာနကြီးရေ ..သူ့မာနထက် တစ်ခုကိုလေ့ မလိုအပ်တေ လူလေ .. " ။ ငါအမှန် ပစပွင့်ပနာ တစ်ချက်ရယ်လိုက်မိရေ .. ငါ့လက်ဆောင်က တန်ဖိုးရှိလားဗျာယ် ။ မင်းကိုငါပီးချင်ရေအတိုင်း လက်ခံယူလားခရေအတွက် မင်းနန့်တတူ အရာအားလုံးကို ကျေးဇူးတင်ပါရေ ။ ငါ့လက်ကို သမီးရှင်ကို ဆန့်ပီးလိုက်တေ " ကွန်ဂရက် ကျူလေးရှင်း " ။ သမီးရှင်က ပြုံးပနာ လက်ချေကို ဆန့်ပီးခရေ ။ အိုး နွီးထွီးလိုက်တေ လက်ချေ ။ ကောင်းနူးညံ့မှုမဟိရေ ငါ့လက် မတုန်နိန်အောင် ငါ အသက်အောင့်ထားလိုက်တေ ။ ပြီးကေ မင်းရို့ကို နှုတ်ဆက်ပြီးနာ ငါပြန်လှည့်လာခရေ ။

အဝင်ခါ ငါပီးခရေလက်ဖွဲ့ထုပ်ချေကို မမချေတိက သိမ်းနိန်ကတ်တေမြင်လိုက်ယင့် ။ ငါ့လက်ဆောင်ချေကို မင်းရို့နှစ်ယောက်လုံး နှစ်သက်နိုင်ပါစီ ။ မင်းနန့် နှစ်ယောက်တတူ ဖိတ်စာချေကို အပျော်ရီးဖြစ်ခရေနိန့်ကပင် ငါထိုးထားခရေ ခေါင်းအုံးစွပ်ချေ နှစ်စွပ်နန့် ဆင်တူစွယ်တာချေ နှစ်ထည် ... ယင်းချင့်ထက် တန်ဖိုးထားပနာ ပီးလိုက်စွာက ငါ့နှလုံးသားတစ်ခုလုံး ... ခန်းမအပြင်ကို ရောက်ခါမှ တာရီကျိုးကျခရေ ပါးထက်ကမြစ်နှစ်စင်း ... ငါ့ခြီထောက်မှာ လာကျခရေ ရီတစ်စက် ....

သင်းချို

အဆုံးတိုင် .................

ပိန်းပိတ်အောင် မှောင်နိန်ရေ အမှောင်ထုကြီးတစ်ခုလား....

ပြင်းပြစူးရှလွန်းရေ အလင်းဟင်းလင်းပြင်ကြီးလား ....

ဇာတစ်ခုလေ့ မမြင်ရအောင် ဝေဝါးနိန်ရေ အမြင်အာရုံတိအောက်မှာ

တဒေါက်ဒေါက်ကျနိန်ရေ ငါ့နှလုံးသွီးစက်သံ တိကလွဲလို့

ငါ့အတွက် အဖေါ်ပြုစရာ အခြားမဟိ ...

ရင်ထဲက သိပ်သည်းဆနန့်အမျှ ခံစားရစွာတိ မချိမဆန့်ပါလားဝေ ...

ဒေ ရင်ဘတ်ကို ချခင်း

တစ်လှမ်းချင်း နင်းဖြတ်လားခရေ ခြီသံအချက်တိုင်းကို

ဆံခြည်တစ်မျှင်စာတောင် အလွဲအမှားမဟိ မှတ်မိနိန်သိယင့် ....

ငါ့စွာငါ နှလုံးသွီးကြောမကြီးတိကိုချည်

သူရဲကောင်းတစ်ယောက်ပိုင် ထင်မှတ်နိန်ခသိရေ ...

ဒေ ဖမ်းဆုတ်မရရေ မျှော်လင့်ချက်တိကို

အပြီးတိုင် မလွှတ်ချနိုင်သိသရွိတော့

ဘဝတစ်ခုလုံးစာ စုတ်ပြတ်သတ်လားပြီးကေတောင်

ငါ နာကြင် ပဲ့ကြွီနိန်လီရဖို့သိ ........................................

သင်းချို (2:05 PM)